သောကပွေနေတဲ့ မိဘတွေရဲ့ ကလေးတွေဟာ အကြမ်းဖက်ဂိမ်းတွေကို ပိုနှစ်သက်


သောကပွေနေတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ အကြမ်းဖက်ဗီဒီယိုဂိမ်းတွေ ကစားရတာ ပိုကြိုက်ကြတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။

ဒီသုတေသနရပ်ကို Consumer Affairs ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပြီး ကလေးတွေ အကြမ်းဖက်ဂိမ်းကစားတာကို ပိုနွေးထွေးတာပဲဖြစ်ဖြစ်၊ တားမြစ်တာပဲဖြစ်ဖြစ် လုပ်တဲ့မိဘတွေ ထိန်းချုပ်ကန့်သတ်တာ ပိုအောင်မြင်တယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ အလွန်အမင်းသောကတက်နေတဲ့ မိဘတွေကတော့ ကလေးတွေရဲ့ အကြမ်းဖက်ဂိမ်းကစားမှုကို ထိန်းသိမ်းနိုင်စွမ်းမရှိဘူးလို့ သိရပါတယ်။
အမေရိကန်နိုင်ငံ၊ Iowa ပြည်နယ်တက္ကသိုလ်မှ ဈေးကွက်ဖြန့်ချိရေးပါမောက္ခ Russell က အကြမ်းဖက်ဗီဒီယိုဂိမ်းတွေရဲ့ ထိခိုက်စေတဲ့ထိရောက်မှုတွေကို ပြောပြပေးခဲ့ပါတယ်။ မိဘတွေက ကလေးငယ်တွေရဲ့ အပြုအမူတွေကို လွှမ်းမိုးမှုရှိတယ်ဆိုတာကို ကောင်းကောင်း နားလည်ထားစေချင်တယ်လို့ လည်း ပြောပါတယ်။

ထိန်းချုပ်ကန့်သတ်တဲ့ မိဘတွေက အိမ်တစ်အိမ်အတွက် ခိုင်မာတဲ့ဥပဒေတွေ ထုတ်ပြန်ပါတယ်။ သောကပွေနေတဲ့ မိဘတွေနဲ့ အချစ်လွန်နေတဲ့ မိဘတွေကတော့ ကလေးတွေနဲ့ဆက်ဆံရင် အစောင့်ရှောက်လွန်နေပြီး စိတ်ခံစားချက်တွေအများကြီး ပြလေ့ရှိပါတယ်။

“ရင်းနှီးမှုရှိတဲ့၊ ထိန်းချုပ်တဲ့ မိဘတွေကို အာဏာရှင်ဆန်တယ်လို့ ဆိုလည်းဆိုပေါ့လေ။ သူတို့က သူတို့ကလေးတွေ အကြမ်းဖက်ဂိမ်းကစားနှုန်းကို လျှော့ချပေးနိုင်တယ်။ မိဘတွေက သောကတက်နေရင် ဒီအကြောင်းအရာက ကလေးတွေဆီကူးစက်သွားပြီး အဲဒီ့အတိုင်း လုပ်ကြည့်ချင်တာတွေ ဖြစ်လာတယ်။ ကလေးတွေ အကြမ်းဖက်ဂိမ်းကစားရင် ဘာတွေဖြစ်လာတယ်ဆိုတာ အရှင်းကြီး။ ဒီအသက်အရွယ်လေးတွေမှာ ကလေးတွေကို အပြင်ဘက်လွှမ်းမိုးမှုတွေက ပိုပြီးထိခိုက်မှုရှိတယ်။” လို့ ပါမောက္ခ Russell ကပြောခဲ့ပါတယ်။

ကလေးတိုင်းကို ဒီလိုသက်ရောက်မှုမျိုးရှိတယ်လို့ သုတေသီတွေက သတ်မှတ်ထားပြီး သားယောကျာ်းလေး (သို့) သားဦးဆိုရင် သက်ရောက်မှုက ပိုကြီးပါတယ်။  

( Skyler )
Ref:Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ