ငှက်ဖျားရောဂါကာကွယ်ရေးလွှမ်းခြုံနိုင်အားပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် UN တိုက်တွန်း


ဧပြီလ ၂၅ ရက်တွင်ကျရောက်သည့် ကမ္ဘာ့ငှက်ဖျားနေ့ အကြိုနေ့ ၌ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  WHO က ငှက်ဖျားကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်နှင့် ကာကွယ်ရေးလွှမ်းခြုံမှုရှိသည့်ဒေသများ အကြား ကွက်လပ်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းရန် တိုက်တွန်းပြောကြားလိုက်ကြောင်း သိရသည်။ ၂၀၁၅ ကိန်းဂဏန်းများအရ ငှက်ဖျားရောဂါသည် ကမ္ဘာတစ်ဝန်း၌ လူသေဆုံးမှုကို အဓိကဖြစ်ပွားစေသည့် ရောဂါဖြစ်နေဆဲဖြစ်ပြီး ၂မိနစ်လျင် ကလေးတစ်ဦးနှုန်း သေဆုံးလျက်ရှိကြောင်း၊ အထူးသဖြင့် အာဖရိက ဆာဟာရ ဒေသတွင် ငှက်ဖျားဖြစ်ပွားကူးစက်ပျံ့ နှံ့ သေဆုံးမှုမှာ များပြားနေဆဲဖြစ်ကြောင်း၊ ၄င်းဒေသ အတွင်း ငှက်ဖျားကာကွယ်ရေးလွှမ်းခြုံမှုကို ပိုမိုထိရောက်ယှက်နွယ်နိုင်အောင် ကြိုးပမ်းရန်လိုအပ် ကြောင်း WHO ၏ ညွှန်ကြားရေးမှူးချုပ် Margaret Chan က ပြောကြားခဲ့ခြင်းဖြစ်သည်။ ၂၀၀၁ ခုနှစ်ကတည်းက ကိန်းဂဏန်းတွေအရ အာဖရိကဆာဟာရမှာ လူပေါင်း ၆၆၃ သန်းကို ငှက်ဖျား အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

အဲဒီ ၆၆၃ သန်းဆိုတာ တစ်ကမ္ဘာလုံးက ငှက်ဖျားရောဂါ ခံစား နေရသူစုစုပေါင်းရဲ့  ၉၀ ရာခိုင်နှုန်း ရှိပါတယ်။ ပိုးသတ်ဆေးစိမ်ထားတဲ့ ခြင်ထောင်တွေကိုအသုံးပြုလာ တဲ့နောက်ပိုင်း ငှက်ဖျားကာကွယ်မှုက အရာရောက်လာပြီး ငှက်ဖျားကူးစက်မှုကို အနည်းဆုံး ၆၉ ရာခိုင် နှုန်း လျှော့ချနိုင်ခဲ့ပါတယ်ဟု Chan က ဆက်လက်ပြောကြားသည်။ သို့ သော် ငှက်ဖျားရောဂါခံစားရနိုင်သည့်အန္တရာယ်ဇုံများ၌ လူပေါင်း ၄၃ ရာခိုင်နှုန်းထက်မနည်းသည် ငှက်ဖျားကိုကာကွယ်ရန် တစ်စုံတစ်ရာသောအထောက်အကူပြုကိရိယာ သို့ မဟုတ်ဆေးဝါး လုံလောက်စွာ မရှိကြောင်း၊ အာဖရိကတွင်လည်း နိုင်ငံပေါင်း ၂၀ နိုင်ငံတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၆၉ ရာခိုင်နှုန်း ထက်မနည်းတို့ တွင် ငှက်ဖျားကာကွယ်ဆေး၊ ခြင်ထောင် အစရှိသည်တို့  လုံလောက်ခြင်းမရှိသေးကြောင်း သိရသည်။ နောက်ဆုံးထုတ်ပြန်ခဲ့သော ကမ္ဘာ့ငှက်ဖျားအစီရင်ခံစာအရ ၂၀၁၅ တွင် ငှက်ဖျားကူးစက်ခံရသူဥိးရေ ၂၁၂ သန်း ရှိခဲ့ရာ သေဆုံးသူ ၄၂၉၀၀၀ ဦး ဖြစ်ကြောင်း၊ ၂၀၁၀ မှ ၂၀၁၅ အတွင်း ငှက်ဖျားကူးစက်ပျံ့ နှံ့ မှု ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ငှက်ဖျားဖြစ်ပွားသေဆုံးမှုလည်း ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အာဖရိက ဆာဟာရတွင်လည်း ငှက်ဖျားဖြစ်ပွားမှုမှာ ၂၁ ရာခိုင်နှုန်းသော်လည်းကောင်း၊ သေဆုံးမှုမှာ ၃၁ ရာခိုင်နှုန်း သော်လည်းကောင်း အသီးသီးကျဆင်းခဲ့ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ