ကိုးမားဝေဒနာခံစားနေရသူများကိုပြန်နိုးရာတွင် တောက်ပသောအလင်းရောင်များကို အသုံးပြုနိုင်


ကိုးမားဝေဒနာခံစားနေရသည့်လူနာများကို အသိတရားရှိစေရေး ပြန်နိုးပေးရာတွင် ခန္ဓာကိုယ်တွင်းရှိ ဇီဝနာရီများ အလုပ်ပြန်လုပ်လာစေရန် တောက်ပသောအလင်းရောင်များကို အသုံးပြုနိုင်မည်ဖြစ်ကြောင်း သြစတြီးယားသုတေသီများက ပြောသည်။ ဒဏ်ရာပြင်းထန်စွာရရှိပြီး ဦးနှောက်ထိခိုက်မှုဖြစ်ပွားပြီးနောက် ခန္ဓာကိုယ်တွင်းဇီဝနာရီများ အလုပ်မလုပ် တော့ဘဲ ရပ်ဆိုင်းသွားသည့်အတွက် အိပ်နေရာမှ ပြန်မနိုးတော့သည့် အတိုင်းဖြစ်သည့် ကိုးမားဝေနာကို ခံစားရခြင်းဖြစ်ကြောင်း၊ ၄င်းဇီဝနာရီများကို ပြန်နိုးပေးနိုင်လျင် ကိုးမားဝေဒနာမှ သက်သာရာရမည်ဖြစ် ကြောင်း၊ အဆိုပါ ဇီဝနာရီများကို ပြန်နိုးပေးနိုင်ရန် တောက်ပသည့်အလင်းတန်းများကို အသုံးပြုနိုင်မည် ဖြစ်ကြောင်း သြစတြီးယားနိုင်ငံ၊ University of Salzburg မှ ဦးဆောင်သုတေသီ Christine Blume က ပြောပြသည်။

တစ်နေ့ တာမှာ ခန္ဓာကိုယ်အပူချိန် တက်ချိန်နဲ့ ကျချိန်ဆိုပြီးရှိပါတယ်။ အဲဒီအပူချိန်တွေပြန်မှန်အောင် ခန္ဓာ ကိုယ်ကိုလုပ်ပေးနိုင်ရင် ကိုးမားဝေဒနာကနေ ပြန်လည်နိုးထနိုင်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဇီဝနာရီတွေဟာ အဲဒီခန္ဓာကိုယ်အပူချိန်ပြောင်းလဲမှုနဲ့ ဆက်နွယ်နေပါတယ်။ ကိုးမားဝေနာခံစားနေရတဲ့လူနာတွေကို ဂရု တစိုက် ဖန်တီးထားတဲ့ အလင်းတန်းတွေနဲ့  ထိတွေ့ ပေးပြီး တစ်ချိန်ထဲမှာ ခန္ဓာကိုယ်အပူချိန်ကိုလည်း သာမန်လူတစ်ယောက်မှာလို တစ်နေ့ တာအတွင်း အဆင့်ဆင့်ပြောင်းလဲပေးစေတဲ့အခါ ကိုယ်တွင်းဇီဝ နာရီရဲ့ ဟန်ချက်တွေ ပြန်လည်ပေါ်ထွန်းလာတာကိုတွေ့ ရပါတယ်ဟု Blume က ပြောပြသည်။

အလင်းရောင်ကိုအသုံးပြုပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပူချိန်ကို သာမန်လူပုဂ္ဂိုလ်တွေရဲ့ အပူချိန်နဲ့  အနီးစပ်ဆုံးတူညီအောင်ပြုလုပ်နိုင်ရင် ဦးနှောက်ဒဏ်ရာကြောင့် ကိုးမားဝေဒနာခံစားနေရသူတွေကို ပြန် နိုးပေးဖို့  အများကြီးနီးစပ်တာကို တွေ့ ရပါတယ်။ အခုစမ်းသပ်တွေ့ ရှိမှုတွေက ကနဦးအဆင့်ပဲရှိသေးတယ် ဆိုပေမယ့် ဆက်လက်စမ်းသပ်မှုတွေမှာ အောင်မြင်ဖို့  ရာခိုင်နှုန်းများနေတာကိုတွေ့ ရပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။ ကမ္ဘာတ၀န်းတွင် အကြောင်းအမျိုးမျိုးကြောင့် ကိုးမားဝေဒနာခံစားနေရသူ များစွာရှိကြောင်း၊ ၄င်းတို့ အနက် သေသည်အထိ ပြန်လည်နိုးထနိုင်ခြင်းမရှိတော့သူများလည်းရှိသလို အချို့ မှာလည်း အကြောင်းကြောင်း ကြောင့် ပြန်လည်နိုးထလာလေ့ရှိကြောင်း၊ သို့ သော်ကိုးမားဝေဒနာကို ပျောက်ကင်းအောင် ကုသနိုင်မည့် ထူးခြားသည့်ကုထုံးမူ မရှိသေးကြောင်း၊ ယခု Blume တို့ အဖွဲ့ ၏ အလင်းကုထုံးသည်သာ ပထမဆုံးထွက် ပေါ်လာသည့် ထူးခြားကုထုံးဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ