Schizophrenia စကစ်ဇိုဖရီးနီးယား



စိတ်ရောဂါတခုဖြစ်တယ်။ ကုသမှုမယူရင် တသက်လုံးဆိုးဝါးတာတွေဖြစ်နေမယ်။ လူဦးရေ ၁% မှာရှိတယ်။ သူများတွေလို မတွေးကြ၊ သူများမြင်သလို မမြင်နိုင်ကြ၊ သူများယုံကြည်သလို မယုံကြည်နိုင် ကြ သူတွေဖြစ်တယ် ။ အမှားတွေကို မြင်-ကြား-တွေးရာကနေ အထိတ်တလန့်ဖြစ်ပြီး မလျော်တာကို ဆက်လုပ်လာနိုင်တယ်။ ပျောက်အောင်တော့ အာမခံနိုင်ပေမယ့် အများကြီးအဆင်ပြေအောင် ကုသမှုတွေ ရှိပါတယ်။

Hallucinations သူများတွေ မမြင်-အကြားတာတွေကို မြင်ကြားနေခြင်း၊ Delusions မှားယွင်းတာကို ထင်မြင်နေခြင်း၊ Paranoia ထင်ရောင်ထင်မှားရှိနေခြင်းတွေကအဓိကလကဏာတွေဖြစ်ပြီး သူများလို ပျော်ရွှင်မှုမရှိတာ၊ လူပေါင်းမဆန့်တာ၊ စိတ်ဓါတ်ကျတာတွေပါရှိနိုင်တယ်။ ခွဲခြမ်းစိတ်ဖြာရာမှာ အဆီအငေါ် မတည့်လို့ သူတို့တွေတာက စိတ်ကူးတွေက မှားနေကြတယ်။ ယုတ္တိမတန်တာကို တွေး-ပြော-လုပ်ကြတယ် ။ အဆက်အစပ်မရှိတာကို အဟုတ်ထင်နေတယ်။ သူတို့ခေါင်းထဲကနေ တွေးတောမှုလွင်းစင်သလို တခါ တခါဖြစ်တယ်။


သူတို့အမူအယာတွေက ဆန်းနေမယ်။ ဆင်ခြေမတန်တာမျိုးပြောဆိုလုပ်ကိုင်မယ်။ ခံစားမှုကိုဖေါ်ပြတာ တလွဲဖြစ်မယ်။ ဘာမှ ခံစားချက်မရှိသလိုနေမယ်။ နေတဲ့အခန်း အိမ်ကို သန့်ရှင်းအောင် မထားတတ်ဘူး။ လုပ်ပြီးသားအမူအယာကို ထပ်ထပ်လုပ်နေမယ်။ သူများကို ထင်မှတ်သလောက်တော့ ဒုက္ခမပေးတတ်ပါ။
ဘယ်လိုလူမဆို ဖြစ်နိုင်တယ်။ ကျးမ ဆတူလောက်ဖြစ်တယ်။ အသက် ၁၆ နှစ်နဲ့ ၃ဝ ကြား အဖြစ်များတယ်။ ယောက်ျားတွေက နည်းနည်းငယ်ဖြစ်တယ်။ ငယ်တုန်းနဲ့ အသက် ၄၅ နှစ်ကျော်တွေမှာ မဖြစ်တာများတယ်။ ဘာလို့ဖြစ်သလဲ မပြောတတ်ပါ။ မျိုးဗီဇလား စဉ်းစားရတယ်။ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင် ကစေ့ဆော်သလား။

ရောဂါ ဟုတ် မဟုတ် ဓါတ်ခွဲခန်းမှာစစ်လို့ မရပါ။ ကုသရာမှာ ဆေးတွေသုံးပါတယ်။ စိတ်ကုသနည်းလိုတယ်။ Counseling ကောင်ဆယ်လင်းနည်း၊ Cognitive behavioral therapy နည်းလည်းလုပ်တယ်။ Rehabilitation programs ပြန်လည် ထူထောင်ရေးလိုအပ်တယ်။ တချို့ကို ဆေးရုံတင်ကုသရမယ်။ ဆေးကို စိတ်အထူးကုဆရာဝန်က မခိုင်းမချင်း မဖြတ်သင့်ပါ။
အရက်နဲ့ မူးယစ်ဆေးသုံးစွဲရင် ဆိုးစေတယ်။ သူတို့က သုံးချင်ကြတာ ပိုများတယ်။ ကိုယ်ဝန်ရှိရင် ပိုခက်စေနိုင်တယ်။ သူတို့အတွက် မဆင်ပြေတဲ့ အလုပ်အကိုင်ရဘို့ခက်ကြတယ်။ ဆွေမျုးသားချင်းထဲမှာဖြစ်နေရင် မိသားစုအတွက် ဝန်ထုပ်တခုလိုဖြစ်တယ်။ ကူညီပေးရမယ်။ သူနဲ့ဆက်ဆံရတာ အတက် အကျတွေတွေ့ရမယ်။ စိတ်ရှည်ရမယ်။ အချိန်ပေးသင့်တယ်။ လေးစားသမှုထားသင့်တယ်။ အကုအညီပေးသင့်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ