Q and A April 2011 (4) ဖေ့စ်ဘွတ်မသုံးမီက မေးခွန်းများ


1. ကြာဆူးလိုမျိုး အနာကရော ကူးစက်တက်တဲ့ အနာမျိုးလား
2. ကွေးလို့ ဆန်လို့ ရှိရင်လဲ အရမ်းနာပါတယ်
3. ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား
4. ကိုယ်ဝန်ဆောင်စမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါလားရှင့်
5. မျက်စိ ကောင်းအောင် ဘယ်ဆေးတွေ၊ နည်းလမ်းတွေရှိပါသလဲ
6. သမီးလေးကို ဆန်မှုန့် ကျွေးဖို့ အကြံပေးကြလို့ပါ

2011/4/10
Q 1: ဆရာပြောသလိုပဲ အရေပြားကကြမ်းပြီး အဖုအသီးလေးတွေ ရှိတယ်ဆိုတာ ဟုတ်ပါတယ်။ အခု ကျွန်တော် တခါတည်း ဓါတ်ပုံထည့်ပေးလိုက်ပါတယ်။ ကောင်မလေးရဲ့ အသက်ကတော့(၂၅) ရှိပါပြီ။ အခုအနာကလည်း ပေါင်အပြင်မှာပဲ။ အစက်ကလေး သုံးစက်ပဲရှိတာ အစကတော့ (၅) စက် ပျောက်လိုက် ပေါ်လိုက်နဲ့။ ဖြစ်တာကတော့ (၂) ပတ် ရှိသွားပြီ။ နီးနီးကပ်ကပ်နေခွင့်မရတော့ သူပြောသလောက်ပဲ ပြောပြနိုင်လို့ပါ။ အဲလို ကြာဆူးလိုမျိုး အနာကရော ကူးစက်တက်တဲ့ အနာမျိုးလား။ လိမ်းရမယ့်ဆေးလေး ပြောပြပေးပါအုံး။

နာမယ်အခေါ်ကို ခဏထားပြီး ပျောက်ဘို့သာ အရေးကြီးပါတယ်။ ဗက်တီးရီးယား ဝင်တဲ့ အရေပြားအနာမျိုးဖြစ်ဘို့ များပါတယ်။ ပိုးသေဆးသောက်ရပါမယ်။ Cloxacillin 500 mg + Ampicillin 500 mg တွဲထားတဲ့ဆေး တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်ပါ။ Paracetamol တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ်ကိုလဲ တွဲသောက်ပါ။ လိမ်းဆေးကတော့ အနာဝလိုပေါ်မှာသာ ပိုးသေဆေး တခုခု လိမ်းပါ။ ဥပမာ Povidone-iodine လိမ်းဆေး။ အပေါ်ယံ ခြောက်နေရင် မလိုပါ။ ယားရင် Citrizine ည အချိန် ၁ ပြားသောက်ပါ။ ပျောက်ပါလိမ့်မယ်။ ကြာဆူးဆိုတာမှန်ရင် ဗီတာမင် အေ နည်းလို့ဖြစ်တာ၊ မကူးပါ။ ဗက်တီးရီးယားကြောင့်ဆိုရင် ကူးတော့ ကူးနိုင်တယ်။ စိုးရိမ်စရာမရှိပါ။

2011/4/11
Q 2: သမီး လေ့ကျင်ခန်းမလုပ်တာ ကြာပါပြီ။ ကလေးမွေးထားတာလဲ ၅ လပဲ ရှိပါသေးတယ်။ ကိုယ်ဝန် မရှိခင်က ပေါင်ချိန်က ၁၃ဝ ပါ။ ကိုယ်ဝန်ရှိတော့ ၁၇ဝ ပါ။ ခု ၁၅ဝ ပါ။ ပေါင်ချိန်က ပြန်မကျပါဘူး။ အဲဒါကြောင့် ပြီးခဲ့တဲ့ တပတ်က ပန်းခြံမှာ သွားပြေးတာ နာရီဝတ်လောက် ကြာပါတယ်။ ပြီးတော့ ဒူးအောက်ပိုင်းကနေ ခြေဖျားထိ အရမ်းနာလာပါတယ်။ နောက်နေ့ ဆေးလိမ်းလိုက်တော့ ကျန်တာတွေ ကောင်းပြီး ဘယ်ဘက်ဒူးခေါင်းက နာလာပါတယ်။ မသက်သာဘူး။ ဆေးလိမ်းလဲ မရပါဘူး။ ကွေးလို့ ဆန်လို့ ရှိရင်လဲ အရမ်းနာပါတယ်။ လမ်းလဲမလျောက်နိုင်ပါဘူး။ တနေ့တနေ့ ပိုဆိုးလာပါတယ်။ ပထမ ဘယ်ဘက်ကနာပြီး ခုညာဘက်ကပါ နာလာပါတယ်။ လမ်းလျောက်လို့ မရပါဘူး။ ဒူးကရောင်နေသလိုမျိုး အရမ်းနာတာပါ။ စစ်စစ်နဲ့ ကိုက်တာပါ။ အဲဒါ ဘယ်လိုလုပ်ရပါမလဲ။ ဒဏ်ကြေဆေးလိမ်းတာလဲ မသက်သာပါဘူး။

လေ့ကျင့်ခန်း၊ အားကစား လုပ်ကာစမှာ အဲလိုနာပါမယ်။ ၃-၄-၅ ရက် ကြာတယ်။ လုပ်ကာစမှာ နဲနဲ ဖြေးဖြေးနဲ့ စရမယ်။ နာတာအတွက် စားဆေး၊ လိမ်းဆေး သုံးရနိုင်တယ်။ Painkiller တခုခုသောက်ပါ။ စိတ်မပျက်-စိတ်မလျှော့ပါနဲ့။ အားကစား-လေ့ကျင့်ခန်းက ကျန်းမာရေးလဲကောင်း၊ ကိုယ်အလေးချိန် လျှော့ဘို့လဲ အများကြီး အထောက်အကူပြုတာ မှန်ပါတယ်။ ဒါတခုထဲနဲ့တော့ မရသေးပါ။ အစားအသောက်မှာ အချိုဓါတ်နဲ့ အငန်လျှော့စားပါ။ လိုတဲ့ ကလိုရီ၊ စားတဲ့ ကလိုရီ ချိန်စားပါ။ မျိုးဗီဇ နဲ့ ဟော်မုန်း တန်ခိုးတွေလဲ ရှိသေးတယ်။ ကလေးဖွါးပြီးဖြစ်ရတာ ဟော်မုန်းကြောင့်ပါ။ ဒါပေမဲ့ ဟော်မုန်းဆေး မသောက်ပါနဲ့။ တယောက်မွေး တခါလေးလာသူတွေ ကလေး မများစေနဲ့။ ဖြစ်နိုင်ရင် ကလေးခြားပါ။ ကိုယ်ဝန်ခြား တားနည်း သတိကြီးပါ။ ဟော်မုန်းပါ တားဆေး ရွေးတတ်ပါ။ ဆက်လုပ်ပါ။ အားမလျှော့ပါနဲ့။ Weight loss ပိန်ချင်သလား ကိုလဲ ဖတ်ပါ။

2011/4/12
Q 3: ကျွန်မ၏ စအိုပေါက်နှင့် အမျိုးသမီး အင်္ဂါကြားတွင် အဖု မာမာလေး ဖြစ်နေပါသည်။ သတိထားမိသည်မှာ ၃ ပတ်ခန့် ရှိပါပြီ။ နာတော့ မနာပါ။ ဒါပေမယ့် အဖုက အနည်းငယ် မာပြီး ကြီးလာသည်ဟု ထင်မိပါသည်။ အဖု၏တနေရာတွင် ဝက်ခြံ ကဲ့သို့ အခေါင်းပေါက် သေးသေးလေး ဖြစ်နေပါသည်။ ဆရာရေးထားသော ဂရင်ဂျီနာ အကြောင်းကိုလည်း ဖတ်ပြီးပါပြီ။ ကျွန်မရဲ့ ရောဂါက ဂရင်ဂျီနာများလား။ ခွဲစိတ်ဖို့ အမြန်ဆုံးလိုအပ်ပါသလား။ ဆရာတို့ ဆေးခန်းတွင် ခွဲပေးပါသလား။ ကျွန်မ (့) မှာ နေပါတယ်။ အသက်က ၃ဝ နှစ်ပါ။ ဆရာ့ဆေးခန်းတွင် ခွဲပေးလျှင် ခွဲစိတ်နှုန်းထား၊ ခန်းမှန်းကုန်ကျငွေနှင့် အချိန် ဘယ်လောက်ယူရမည်ကို သိချင်ပါတယ်ရှင်။

ဖြစ်နိုင်ပါတယ်။ မသေခြာသေးပါ။ FIA ဆိုရင် အနာဖြစ်မယ်၊ မန်းရည်-ပြည် ထွက်မယ်။ ပျောက်မယ်၊ ပြန်ဖြစ်မယ်။ ပိုးသေဆေး အရင်သောက်ပါ။ Ampicillin + Cloxacillin 500 mg x 5 days, Paracetamol 1 tablet 2-3 times day, Vitamin C 1 tablet 2 times a day တွေ သောက်ပါ။ ခွဲစိတ်ပေးတာ ဆရာဝန်က အခမဲ့ပါ။ အလှူငွေသာ လက်ခံပါတယ်။ ဒါပေမဲ့ ဆရာက နယူးဒေလီမှာ နေရပါတယ်။ ဆောရီး။

2011/4/13
Q 4: အခုတလော အရမ်း မောလာတတ်တယ်။ အဲဒီလိုဖြစ်တာ Conception ဖြစ်ပြီးလောက်က စတယ်လို့ သတိထားမိပါတယ်။ စားရင်လဲ ရင်တွေတုန်လာတတ်ပါတယ်။ အဲဒါ ကိုယ်ဝန်ဆောင်စမှာ ဖြစ်လေ့ဖြစ်ထ ရှိတတ်ပါလားရှင့်။ အစား အသောက်တော့ မပျက်ပါဘူးရှင့်။ ဒါမှမဟုတ် နှလုံးရောဂါ အစလားရှင့်။ ပင်ပင်ပန်းပန်း အလုပ်တော့မလုပ် ရပါဘူးရှင့်။

ကိုယ်ဝန်ဆောင်စမှာ ဖြစ်တာတွေက အမျိုးမျိုးရှိတယ်။ တူလဲ မတူကြဘူး။ ပြောပြတာတွေလဲ ပါပါတယ်။
နှလုံးရောဂါ ဆိုတာလဲ အမျိုးအစား များတယ်။ နှလုံးခုန်နှုန်း များ-မများ၊ အမောမခံနိုင်တာ၊ ဥပမာ တက်နေကြ လှေခါးတက်ရင် အရင်လိုမဟုတ်ဘဲ မောတာမျိုး။ နှလုံးရောဂါ မဖြစ်ဘို့ များပါတယ်။ သွေးအားနည်းသူတွေလဲ အဲလိုဖြစ်တတ်လို့ သံဓါတ်အားဆေး မမေ့ပါနဲ့။ ကိုယ်ဝန် ၂-၃ လ နောက် ပျောက်မှာပါ။

2011/4/10
Q 5: ကျနော်ဟာ စာသင်ခန်း နောက်ဆုံးတန်းမှာ ထိုင်မိရင် သူများတွေလို ကောင်းကောင်းမမြင်ဘူး ဖြစ်နေတယ်။ မျက်မှန်လဲ မတပ်ချင်ဘူး ဖြစ်နေတယ်။ တချို့က တပ်ပြီးရင် ပါဝါ တိုးတိုးနေရတယ်ပြောကြတယ်။ ဟုတ်ပါသလား။ ပြီးတော့ ကျနော့် ညီမဆိုလဲ ပါဝါ ၇ဝဝ လောက် တပ်ထားရတယ်။ မျက်စိ ကောင်းအောင် ဘယ်ဆေးတွေ၊ နည်းလမ်းတွေရှိပါသလဲ။

မျက်မှန်တပ်ဘို့လိုတဲ့ မျက်စိက မျက်မှန်သာတပ်ရပါမယ်။ ဆေးနဲ့ မရပါ။ ဗီတာမင် အေ ဆိုတာကလဲ ကြက်မျက်သင့်တာကိုသာ ကောင်းစေပါတယ်။ Computer Eye Strain ကွန်ပြူတာနဲ့ မျက်စိ ကို ဖတ်ပါ။

2011/4/10
Q 6: ကျမသမီးလေးကို (ထမင်း) ဆန်မှုန့် ကျွေးဖို့ အကြံပေးကြလို့ပါ။၂ လပဲ ရှိသေးလို့ ကျမကတော့ ကျွေးဖို့ စောသေးလားလို့ မကျွေးသေးပါဘူးဆရာ။ တချို့ကလည်း ဆန်မှုန့်ကျွေးတာ ကလေး ကောင်းကောင်းအိပ်တယ်လို့ ပြောကြပြန်ရော။ အဲဒါ ကျွေးသင့်-မကျွေးသင့် ရှင်းပြပါအုံးရှင့်။

ကလေးဟာ မိခင်နို့ ကောင်းကောင်း၊ ပုံမှန်၊ ထွက်-စို့နေရင် ၆ လ အထိ ဖြည့်စွက်စာ မလိုပါ။ အားဆေးမလိုပါ။ မိခင်နို့ထွက်နည်းရင် ဖြည့်စွက်စာလိုတယ်။ ပုံမှန်ဆိုရင် ၄ လ အထိ ဘာမှမလိုပါ။ ရေလို မလိုစာ သပ်သပ်ရေးထားပါတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ