Pigeon chest ချိုးရင်အုပ်




မင်္ဂလာပါဆရာရှင့် သမီးလေးက အသက် ၄ နှစ်ပြည့်ပြီ။ ရင်ဘက်က အရိုးက မောက်နေလို့ပါ။ ဆရာဝန်က ECG နဲ့ ရင်ဘက်ဓာတ်မှန်ရိုက်ခိုင်းထားပါတယ်ရှင့်။ မရိုက်ရသေးပါဘူး။ ကလေးကတော့ ပုံမှန်အတိုင်းပါပဲ။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ရင်ဘက်မောက်ရင်ဖြစ်နိုင်တာလေးတွေ သိချင်လို့ပါရှင့်။ ကျေးဇူးတင်ပါတယ်။
ခိုရင်အုပ်ကို ချိုးရင်အုပ်လို့လည်းခေါ်ကြတယ်။ ရင်ညွန့်နေရာက သူများလိုမဟုတ်ဘဲ ရှေ့ကိုစူနေတာကိုခေါ်တယ်။ Pectus carinatum လို့လည်းခေါ်တယ်။ ရင်ညွန့်ရိုးနဲ့ နံရိုးတွေ ပုံစံမကျတာကိုခေါ်တယ်။ အရိုးနုပုံမှန်မဟုတ်တဲ့ Pectus excavatum နဲ့မတူပါ။ ဘာလို့ ဖြစ်သလဲ မသိပါ။ အမျိုးထဲမှာ (၂၅%) တယောက်မက ရှိတတ်တယ်။ အသက် ၁၁-၁၄ နှစ် ယောက်ျားလေးတွေမှာ အတွေ့များတယ်။ ငယ်ကတည်းက သတိထားမိတာလည်း ရှိတယ်။ တချို့မှာ ဗီတာမင်ဒီ နည်းတာနဲ့ ဆက်နေတယ်။ အဲတာကိုတော့ Rickets အရိုးပျော့ရောဂါလို့ခေါ်တယ်။
Funnel chest ခွက်နေတဲ့ရင်အုပ်လည်းရှိတယ်။ တခြားချို့ယွင်းချက်တွေနဲ့ တွဲနေသလား စစ်ရမယ်။
ရင်ညွန်ရိုးပုံမှန်မဟုတ်တဲ့ကလေးတွေမှာ ခံစားရတာတွေရှိနိုင်တယ်။ အအေးမိတာကြာမယ်။ နူမိုးနီယားဖြစ်တတ်တယ်။ အသက်ရှူခက်နိုင်တယ်။ ရင်ပတ်နာနိုင်တယ်။ နှလုံးရောဂါနဲ့ ဆက်စပ်တာ မတွေ့သေးပါ။ စစ်တာတော့ ကောင်းတယ်။ အသက်ရှူလမ်းပိုးဝင်တာဖြစ်တတ်လို့ လူစည်ကားရာ၊ ပတ်ဝန်းကျင်မသန့်တာ ရှောင်သင့်တယ်။ နှာခေါင်းစည်း သုံးနိုင်တယ်။
External bracing technique နည်းနဲ့ပြုပြင်နိုင်တယ်။ ခွဲစိတ်ပြုပြင်နိုင်တယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ