နာရီဝက်ခန့် အချိန်ယူပြီး အလုပ်သွားရခြင်းဟာ အမြန်ဆုံး အလုပ်ထွက်ဖို့ဖြစ်လာစေနိုင်




အလုပ် ကိုသွားဖို့အတွက် ခရီးဝေးတစ်ခုကို ဖြတ်သန်းရခြင်းဟာ သင့်ကို ဆန္ဓတွေစော စေပြီး ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတယ်လို့ သိရပါတယ်။

လေ့လာမှု အသစ်တစ်ခုက တွေ့ရှိခဲ့တာကတော့ အလုပ်ကို သွားဖို့အတွက် မိနစ် ၂၀ လောက် အချိန်ယူရခြင်းဟာ စိတ်ဖိစီးမှုတွေကို ဖြစ်စေနိုင် ပါတယ်။

ထို အခြေအနေမျိုးဟာ အလုပ်သွားရတဲ့ ၀န်ထမ်းတစ်ယောက်အတွက် ရုပ်ပိုင်းဆိုင်ရာ နဲ့ စိတ်ပိုင်းဆိုင်ရာ အရ ပင်ပန်းနွမ်းနယ်မှု ကို ဖြစ်စေပြီး  အလုပ် အပေါ် အပြစ်တင် အဆိုးမြင် စေနိုင်သလို ထို ၀န်ထမ်းကို အလုပ်က ထွက်ဖို့ ဖိအားပေးနေသလိုလည်း ဖြစ်စေ နိုင်ပါတယ်။

အဲဒီလို ဖြစ်စေခြင်းဟာ အလုပ်ကိုသွားရဖို့ အကွာအဝေးပေါ်လည်း မူတည်ပြီး ကား ၊ ရထား ၊ ဘတ်စ်ကား နဲ့ စက်ဘီးတို့လို အလုပ်သွားရတဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် နဲ့ မြို့ပြ ၊ စက်မှုဇုန် ၊ ဆင်ခြေဖုံး စတဲ့ ဖြတ်သန်းသွားရတဲ့ နေရာဒေသ အပေါ်လည်း မူတည်ပါတယ်။

ထို လေ့လာမှု ဟာ ကနေဒါနိုင်ငံက သုတေသီတွေ အနေနဲ့  Quebec ပြည်နယ် မှာရှိတဲ့ အဖွဲ့အစည်း ၆၃ ခုမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်း ၁၉၄၂ ယောက်အပေါ် ကို အခြေခံပြီး စစ်တမ်းကောက်ယူခဲ့တာပဲဖြစ်ပါတယ်။ ထို ၀န်ထမ်းတွေဟာ အသက် ၁၇ နှစ် ကနေ အသက် ၆၉ နှစ်ကြား အသက်အရွယ် တွေဖြစ်ကြပါတယ်။

သုတေသီတွေဟာ ကျေးလက်ဒေသ နဲ့ မြို့ပြဒေသ တို့အသီးသီးမှာရှိတဲ့ ၀န်ထမ်းတွေရဲ့ မတူညီတဲ့ သယ်ယူပို့ဆောင်ရေး စနစ်တွေ ကို နှိုင်းယှဉ်ပြီး သူတို့ရဲ့ ခံစားချက်ဆိုင်ရာ အဆိုးမြင် ခြင်းတွေကို လေ့လာခဲ့တာပဲဖြစ်ပါတယ်။

ထိုလေ့လာမှုကို ဦးဆောင်ခဲ့တဲ့ Montreal တက္ကသိုလ်က Annie Barrack ရဲ့ ပြောကြားချက်အရတော့ မြို့ပြမှာနေထိုင် အလုပ်လုပ်ပြီး ကိုယ်ပိုင်ကား ၊ ဘတ်စ်ကားတို့နဲ့ အလုပ်သွားရသူတွေဟာ ကျေးလက်ဒေသ နဲ့ ဆင်ခြေဖုံးတွေမှာ နေထိုင် အလုပ်လုပ်ရသူတွေထက် ပိုပြီး စိတ်ဖိစီးမှု များပါတယ်။

ဒါဟာ ယာဉ်ကြော ပိတ်ဆို့မှု အပေါ်လည်းမူတည်နေပြီး မြို့ပြဒေသ ရဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေ ဟာ ယာဉ်မောင်းထက် စီးနင်သူ ၀န်ထမ်းတွေကို ပိုပြီး အာရုံနောက်စေနိုင်ပါတယ်။ အဲဒီလို အလုပ်ကိုရောက်ဖို့ အချိန်ကြာကြာ ၊ ခရီးဝေး ဖြတ်သန်းလာရသူတွေဟာ အလုပ်ထဲမှာ ထိရောက်စွာ အလုပ်လုပ်နိုင်မှု နည်းပါးတာကိုတွေ့ခဲ့ရပါတယ်။

အဲဒီလို အာရုံနောက်ခြင်း နဲ့ စိတ်ဖိစီးခြင်းတို့ဟာ အလုပ်သွားဖို့ မိနစ်၂၀ ခန့် အချိန်ယူရတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အလုပ်ကိုရောက်ဖို့ ၃၅ မိနစ် နဲ့ အထက် ဖြတ်သန်းသွားရသူတွေဟာတော့ အချိန်တစ်ခုအကြာမှာ မိမိ အလုပ်ကို အဆိုးမြင်လာပြီး အလုပ်ကထွက်ဖို့အထိ ဖြစ်လာတတ်တယ်လို့ သိရပါတယ်။ ထိုလေ့လာမှုအရ Annie Barrack က အလုပ်ရှင်တွေအနေနဲ့ မိမိဝန်ထမ်းတွေရဲ့ နေထိုင်ရာဒေသ နဲ့ အလုပ်ကိုရောက်ဖို့ ဖြတ်သန်းရတဲ့ ကြာချိန်နဲ့ သယ်ယူပို့ဆောင်ရေး စနစ်ပေါ်မူတည်ပြီး အလုပ်ချိန်အပြောင်းအလဲတွေ လုပ်ပေးသင့်တယ်လို့ ဆိုထားပါတယ်။


ယာဉ်ကြောပိတ်ဆို့မှု တွေ ဟာ ယာဉ်မောင်းထက် စီးနင်သူ ၀န်ထမ်းတွေကို ပိုပြီး အာရုံနောက်စေနိုင်ပါတယ်

( Mario )

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ