ဗီတာမင် ဒီ ကြွယ်ဝခြင်း ဟာ HIV ပိုး ကူးစက်ခြင်းကို တိုက်ဖျက်နိုင်




ဗီတာမင် ဒီ ကြွယ်ဝခြင်း ဟာ HIV ပိုး ကူးစက်ခြင်းကို တိုက်ဖျက်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်လာကြပါတယ်။

ဗီတာမင် ဒီ မှာပါဝင်တဲ့ အာဟာရ တွေဟာ ခန္ဓာကိုယ်ရဲ့ ခုခံအား စနစ်ကို ပိုမိုအားကောင်းစေပြီး ဗိုင်းရပ်စ် ပိုးတွေရဲ့ ပျံ့နှံ့ နိုင်စွမ်းကို အားနည်းသွားစေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရ သိရပါတယ်။

ဗီတာမင် ဒီ ဟာ အရေပြား ရဲ့ အောက်ဘက် အပိုင်းမှာ လုပ်ဆောင်တာဖြစ်ပြီး  နေရောင်ခြည် ကြောင့်လည်း ဖြစ်ပေါ်လာနိုင်သလို ငါးနဲ့ ကြက်ဥ တို့လို အစားအစာတွေကနေလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဗီတာမင် ဒီ ချို့တဲ့နေခြင်းကတော့ HIV ပိုး လို ကူးစက်ရောဂါတွေကို တွန်းလှန် တိုက်ဖျက် နိုင်ဖို့ အခွင့်အရေး နည်းပါးသွားစေနိုင်ပါတယ်။ 

သုတေသီတွေဟာ တောင် အာဖရိက နိုင်ငံ Cape Town မှာ ရှိတဲ့ လူငယ် အယောက် ၁၀၀ ရဲ့ ရာသီဥတု ပေါ်မူတည်ပြီး နေရောင်ခြည် လက်ခံရရှိနှုန်း ၊ ဗီတာမင် ဒီ ပါတဲ့ အစားအစာတွေ စားသုံးမှု ၊ မျိုးရိုးဗီဇ နဲ့ ဗီတာမင် ဒီ ကြွယ်ဝမှု ပမာဏ တွေကို လေ့လာခဲ့ပြီး ဗီတာမင် ဒီ ကြွယ်ဝခြင်းက ခုခံအားကျဆင်းနေမှု ကို တိုက်ဖျက်ကာ HIV ပိုးကို ဘယ်လို ပျောက်ကင်း စေနိုင်မလဲဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။

Cape Town ဟာ ကမ္ဘာပေါ်မှာ HIV ပိုး ကူးစက်မှု အများဆုံး နိုင်ငံ လည်း ဖြစ်ပါတယ်။ ထို ဒေသမှာ ရှိတဲ့ လူတွေဟာ မိုးတွင်းမှာ ဗီတာမင် ဒီ ချို့တဲ့နေတတ် ပြီး နွေရာသီ မှာသာ ဗီတာမင် ဒီ ကြွယ်ဝနေတတ်တာကို တွေ့ခဲ့ရပြီး အမျိုးသမီးတွေကတော့ ရာသီဥတု တိုင်းမှာ အမျိုးသားတွေထက် ဗီတာမင် ဒီ ပိုပြီး ကြွယ်ဝနေတတ်ပါတယ်။ 

ဗီတာမင် ဒီဟာ ခုခံအားနဲ့ HIV ပိုး အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သိနိုင်ဖို့အတွက်တော့ သုတေသီတွေဟာ ထို လူငယ်တွေရဲ့ မိုးရာသီ ၊ နွေရာသီ မှာ ရှိတဲ့ သွေးတွေကို နမူနာယူကာ HIV ပိုးနဲ့ ပေါင်းစပ်ကြည့်စေခဲ့ပါတယ်။

ထိုအခါမှာတော့ ဗီတာမင် ဒီ ချို့တဲ့နေတတ်တဲ့ မိုးတွင်းကာလမှာ ထုတ်ယူထားတဲ့ သွေးနမူနာတွေဟာ ဗီတာမင် ဒီ ကြွယ်ဝနေတတ်တဲ့ နွေရာသီ သွေး နမူနာထက် ပိုမို ပြီး ရောဂါ ပိုးကူးစက်နိုင်တာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဗီတာမင် ဒီ ကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲခြင်းဟာတော့ HIV ပိုး ပျံ့နှံ့သွားခြင်းကို လျော့နည်းစေနိုင်သလို ခုခံအား စနစ် ရဲ့ ဆဲလ်တွေကို ပြန်လည် ရှင်သန်လာစေ နိုင်တယ်လို့လည်း သုတေသီ တွေက မှတ်ချက်ပြုခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ