Guidelines for the Use of ART in HIV-1 ဆေးပေးနည်းလမ်းညွှန်


ဆရာ HIV နဲ့ပတ်သက်ပြီးမေးချင်လို့ပါ။ အမျိုးသားက အသက် ၃၃ နှစ်။ ၂၅-၅-၁၅ နေ့ cd4 အဖြေ ၁၇။ ၆ လမှာ ပြန်စစ်တော့ cd4 ၄၃။ ၂-၄-၁၆ မျက်စိထဲ cmv ပိုးဝင်မဝင် မျက်စိဆေးခန်းမှာစစ်တော့ cd4 တက်တာ နည်းလို့ဆိုပြီး ၆ လ တကြိမ်ကနေ ၃ လပဲခွာချိန်းလိုက်ပါတယ်။ cd4 တက်တာနည်းလို့ ဆေးကိုအချိန်အတိအကျ မသောက်ဘူးလားလို့လဲ ဆူနေပါတယ်။ ဆေးလဲအချိန်အတိအကျသောက်တယ်။ အလုပ်လဲမလုပ်ပဲနားနေပါတယ်။ အစားလဲတော်တော် စားဝင်ပါတယ်။ အိပ်ချိန်ကတာအိပ်မပျော်တာတို့ ရာသီဥတုပူတာတို့ကြောင့် တနေ့ ၈ နာရီလောက်ပဲ အိပ်ပျော်တယ်လို့ ပြောပါတယ်။ cd4 တက်အောင် ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲဆရာ။ ဆရာဝန်ကလူတွေများပြီးဘာမှမေးလို့မရလို့ပါ။ ခါတိုင်းပြရင် ဘယ်လိုနေတယ်စစ်တာတို့ ဘာတို့ ရှိပါသေးတယ်။ အခုတခေါက်တော့ဆေးပေးပြီး ဘာမှမစစ်ပါဘူး။ မေးချင်တာတွေလဲဘာမှ မမေးခဲ့ရပါဘူး။ ဖုန်းဆက်မေးတော့လဲ လူများလို့ မမှတ်မိဘူးလို့ ပြောပါတယ်။ ၂.၆.၁၆ မှာ cd4 ကျောက်ကပ်နဲ့ HB ဆိုပြီး ဆေးစစ်မဲ့စာရွက်ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့အခေါက်တွေက အသည်းမကောင်းလို့ AlT နဲ့ AsT အမြဲစစ်ရပါတယ်။ အခုတခေါက်က အသည်းစစ်မှာလဲမပါပါဘူး။ အသည်းဆေး ဆက်ဝယ်သောက်ရမှာလားဆိုတာလဲ မပြောပါဘူး။ livolinforte နဲ့ pantocid 40mg တနေ့တလုံးသောက်ရတာပါ။ အဖြေကောင်းလို့ ထပ်မစစ်ခိုင်းတာလား ဆိုတာလဲ ngo ဆေးခန်းမှာ ဆေးစစ်ချက်အဖြေတွေ ဆရာဝန်ပဲကြည့်ရလို့ လူနာကို သေချာရှင်းမပြလို့ဆရာ့ကို အသေးစိတ် ပြောမပြနိုင်တာပါဆရာ။ concellor ကတော့ အသည်းဆေးဆက်သောက်ပါလို့ပြောပါတယ်။ cd4 တက်တာနည်းတာကိုလဲ သိပ်မစိုးရိမ်ပါနဲ့လို့ ပြောပါတယ်။ ဆေးစသောက်ကတည်းကက cd4 နည်းနည်းကနေ သောက်ရလို့ပါလို့ပြောပါတယ်။ ဆရာ့ထင်မြင်ချက်နဲ့အဖြေကိုအားကိုးတကြီးသိချင်လို့ပါ။ ဖြေပေးပါနော်ဆရာ။

HIV ရှိနေသူက ART ဆေးသာသောက်နေရမယ်။ အားဆေးကို သိပ်အားမကိုးပါနဲ့။ အများသူငါလိုသာ ဗီတာမင် ဘီ ဆေး သင့်တယ်။ ဆေးပေးနည်းလမ်းညွှန်က လူကြီးတွေနဲ့ လူငယ်တွေအတွက်ဖြစ်ပါတယ်။ ၂ဝ၁၄ မေလ (၁) ရက်နေ့က သတ်မှတ်ထားတာပါ။ တိတိကျကျဆိုရင် HIV-1 အတွက်ဖြစ်တယ်။ HIV ပိုးရှိသူတွေကိုပေးနေတဲ့ဆေးကို Antiretroviral therapy (ART) ခေါ်တယ်။ ဗိုင်းရပ်စ်ပိုးတွေကို နှိမ်ထားဘို့ ဖြစ်တယ်။ သေစေနိုင်တာတော့မဟုတ်ပါ။ ဆေးကို စနစ်တကျ ပေးရင် ပိုးတွေကဆေးယဉ်မှာမဖြစ်စေပဲ အထွေထွေ ကျန်းမာရေးလည်း တိုးတက်လာပါမယ်။

လူမမာဘဝလည်း အရည်အသွေးပိုကောင်းမယ်။ ဒါ့ပြင် သူများကို ကူးစက်မှာလည်း နည်းစေမယ်။ အသက်ပိုရှည်မယ်။
နာတာရှည်ရောဂါတိုင်း (ဥပမာ ဆီးချို၊ သွေးတိုးရောဂါလည်တွေ) လိုပဲ ဆေးရပ်ထားမိလို့ ပြန်သောက်ရင် ဆေးအာနိသင် မထိခိုက်ပဲ ထိရောက်နေပါမယ်။ သတိထားရမှာကတော့ ဆေးယဉ်တာဖြစ်မလာဘို့ဖြစ်ပါတယ်။ အဲတာဆိုရင် အခုထိတော့ နောက်ဆေးရယ်လို့မရှိသေးပါ။ စနစ်တကျဆေးသောက်နေရင် ဗိုင်းရပ်စ်တွေကိုနှိမ်ထားနိုင်မယ်။ CD4 ပြန်တက်လာမယ်။ ကုသရာမှာ CD4 က ထိရောက်မှုပေတံလိုဖြစ်တယ်။ နည်းတာမကောင်းပါ။ CD4 counts <350 art="" cells="" mm3="">500 cells/mm3 ထိ တက်မလာတာ တွေ့ရတယ်။ လေ့လာမှုအရ ယူအက်စ်မှာ HIV ပိုးရှိနေသူထဲက ၃၆% ကိုသာ ART ဆေးပေးတယ်။ ၇၆% မှာသာ viral loads ကို နှိမ်ထားနိုင်တာတွေ့ရတယ်။ ART ဆေးကို ကာကွယ်ဆေးအနေနဲ့လည်း သုံးတယ်။

CD4 count က ကျန်းမာနေသူတွေမှာ 500 ကနေ 1,200 cells/mm3 အထိရှိတယ်။ CD4 count 200 cells/mm3 ထက်နည်းနေရင် stage 3 infection (AIDS) လို့သတ်မှတ်တယ်။ CD4 count ကနေ့စဉ်ပြောင်းနေတယ်။ စစ်ဆေးတဲ့အခါ သွေးဖေါက်ချိန်အရလည်းမတူတာရှိမယ်။ တုပ်ကွေးဖြစ်ဖြစ် STIs လိင်ကတဆင့်ကူးစက်ရောဂါဖြစ်ဖြစ် ရှိနေချိန်မှာ ပိုနည်းမယ်။ HIV ရှိနေသူတွေကို ပုံမှန်အားဖြင့် ၃-၆ လတခါစစ်တယ်။

ဖြစ်နေမှတော့ စိတ်ဓါတ်မကျဘို့အရေးကြီးတယ်။ HIV ဟာ ကင်ဆာလိုမဟုတ်ပါ။ ဆေးသတ်သတ်မှတ်ရှိတယ်။ ဆေးသုတေသနတွေအဆက်မပြတ်လုပ်နေလို့ ပိုကောင်းစရာကို မျှော်လင့်နိုင်တယ်။ စိတ်ကိုအပြုသဘောဆောင်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ