Glass vs. Plastic ဖန်လား ပလပ်စတစ်လား


ကလေးနို့ဗူး၊ ရေဗူးကို အစဉ်အဆက် ဖန်ပုလင်းသာသုံးတယ်။ ပလပ်စတစ်တွေကနောက်ပေါ်။ ပေါ့လို့၊ ဈေးချိုလို့နဲ့ မကွဲစေနိုင်လို့ဖြစ်တယ်။ ခေတ်ဆန်တာလည်း ပါတာပေါ့။ ပလပ်စတစ်ပုလင်းတွေ ဗူးတွေကို လေ့လာဆန်းစစ်မှုတွေ လုပ်တော့ ကင်ဆာကိုသံသယရှိတယ်။ ဒါပေမယ့် FDA ကနေ ၂ဝဝ၈ ခုနှစ်မှာ BPA ပါနေလည်း စိတ်ချရပါတယ်လို့ ထုတ်ပြန်ပါတယ်။ ဒါပေမယ့် လူတိုင်းက လက်မခံနိုင်ကြသေးလို့ BPA free ကိုပဲ အကောင်းဆုံးယူဆနေကြတယ်။

ဖန်ပုလင်းကနေ ကင်ဆာမဖြစ်စေတာကသေချာတယ်။ ကလေးအတွက်သာ ဆုပ်ကိုင်ရတာလေးလံမယ်။ ဆေးကြော သန့်ရှင်းရတာ ပိုလွယ်တယ်။ ပလပ်စတစ်အသုံးအဆောင်ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်အပူပေးလို့မရပါ။

Nipples နို့သီးခေါင်း
Clear silicone စီလီကွန်အကြည်နဲ့လုပ်တာအကောင်းဆုံးဖြစ်တယ်။ လက်အိတ်တွေ ကွန်ဒွမ်တွေလုပ်တဲ့ Latex ရာဘာ နဲ့လည်းလုပ်တယ်။ လေးတက်စ်က စီလီကွန်ထက်ဈေးချိုတယ်။ ကွဲအက်လွယ်တယ်။ ပန်းကန်ဆေးစက်ထဲမှာ မသင့်ဘူး။ အဲတာကြောင့် စီလီကွန်နို့သီးခေါင်းက ပိုကောင်းတယ်။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ