Laughter is the best medicine ရယ်မောခြင်းဟာ အကောင်းဆုံးဆေးဖြစ်တယ်


ဒီရက်သတ္တပတ်ဟာ International Moment of Laughter Day နိုင်ငံတကာ ရယ်မောခြင်းနေ့ (ဧပြီလ ၁၄ ရက်) ဖြစ်ပါတယ်။ ဖေါက်စ် ဝဘ်ဆိုက်မှာ နော်ရန်း ဖရေဇာကရေးလိုက်တာ၊ ဟာသရဲ့ကျန်းမာရေးအကျိုးဖြစ်ပါတယ်။ ယူကျုစတဲ့ လူမှုရေးဆိုက်တွေမှာ ရယ်မောစရာတွေ အမျိုးမျိုးတင်နေကြတယ်။ အဲတာတွေကြည့်ဖတ်ပြီးတော့ ကျမဟာ မျက်ရည် ကျတဲ့အထိ ရီမောမိပါတယ်။ ဘာလို့ အဲလိုနေ့တိုင်မလုပ်သင့်သလည်း။ အဲလိုတာဆို ကျမတို့ပိုပြီး ကျန်းမာလာကြမယ် မဟုတ်ပါလား။

ရယ်မောခြင်းရဲ့ ကျန်းမာရေးအကျိုးဟာ ဆေးသိပ္ပံကနေသက်သေပြနိုင်ပါတယ်။ ဆရာဝန်တွေက ဦးနှောက်လှိုင်းတွေကို လေ့လာကြတယ်။ ပျော်စရာဗဟိုချက်မတွေလို့ ခေါ်တယ်။ ဟားဖတ်ဆေးကျောင်းက ၁၉၇ဝ ကျော် ကတည်းက လေ့လာနေတာပါ။

(အင်ဒိုဖင်) ဟော်မုန်းဆိုတာရှိတယ်။ ဦးနှောက်နဲ့ အာရုံကြောစနစ်ကနေထုတ်ပေးတယ်။ ဇီဝကမ္မအလုပ်တွေ လုပ်စေတယ်။ ကိုယ်ထဲက (အိုပီယိတ် ရီဆက်ပတာ) တွေကို သက်ရောက်ပြီး မနာတဲ့အစွမ်းကိုရစေတယ်။ ရယ်မောရင် အဲဒီ (အင်ဒိုဖင်) ဟော်မုန်းတွေ ထွက်လာစေတယ်။ အပြေးသမားတွေ နာလာရင် ဘယ်မှာရယ်မောနိုင်ကြသလည်း။ နာတာနဲ့ ရီတာပြောင်းပြန်။ နာကျင်တာနဲ့ အပြုသဘောဆောင်တာနဲ့ တခြားစီမဟုတ်ပါလား။ ဒါကြောင့် ရယ်မောရင် စိတ်ဖိအားလျော့ပြီး စိတ်ကျန်းမာရေး ကောင်းစတယ်။

ရီတဲ့အခါ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီ အောက်စီဂျင်သွားတာလည်း တိုးများစေတယ်။ နေကောင်းစေတယ်။
ကိုယ်လက်လှုပ်ရှားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်လည်း စားသောက်ပါ။ တနေကုန် ရီနေဘို့တော့ မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
https://www.facebook.com/drtintswe

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ