ဇီဝနာရီနှင့်မကိုက်ညီသည့်စံတော်ချိန်ဒေသများ၌ ကင်ဆာဖြစ်နိုင်ခြေ ပိုမိုများပြား။


ခန္ဓာကိုယ်တွင်း ဇီဝနာရီနှင့်မကိုက်ညီသည့် စံတော်ချိန်ဒေသများ၌ အချို့ ကင်ဆာအမျိုးအစားများ ဖြစ်နိုင် ခြေ ပိုမိုများပြားသည်ကို တွေ့ ရှိရကြောင်း UK ၏ အမျိုးသားကင်ဆာတက္ကသိုလ်မှ သုတေသီဒေါက်တာ Neil Caporaso က ပြောပြသည်။

အချို့ သောကင်ဆာများသည် ကိုယ်တွင်းဇီဝနာရီများနှင့်ဆက်နွယ်မှုရှိနေကြောင်း၊ ၄င်းဇီဝနာရီကို ကမောက်ကမဖြစ်စေသည့် စံတော်ချိန်အသုံးပြုရာဒေသများသို့ ရောက်ရှိသွားလျင်လည်းကောင်း၊ နေထိုင် ရလျင် လည်းကောင်း၊ ကင်ဆာဖြစ်နိုင်ခြေကို ပိုမိုများပြားစေခြင်း၊ သို့ တည်းမဟုတ် ရှိပြီးကင်ဆာအခြေ အနေကို ပိုမိုဆိုးရွားလာစေခြင်း အစရှိသည်တို့ ကို ဖြစ်ပွားစေနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

ဇီဝနာရီဆိုတာ တစ်ကယ်တော့ တင်စားပြောဆိုတာပါ။ ဦးနှောက်က ခန္ဓာကိုယ်ရဲ့  ၂၄ နာရီတာကာလ အတွက် အိပ်ချိန်၊စားချိန်၊နားချိန်၊တပိုတပါးသွားချိန် အစရှိတာတွေကို တွက်ချက်ပြီး အဆင့်ဆင့်ဖြစ်ပေါ် စေပါတယ်။ စံတော်ချိန်မကိုက်တဲ့ဒေသမှာ ဒီဇီဝနာရီလည်း ကမောက်ကမဖြစ်ပြီး နေ့ စဉ်အချိန်မှန် ပြုဖွယ် ကိစ္စတွေလည်း အဆင်မပြေဖြစ်ရပါတယ်။ အဲဒီလိုနေရာမျိုးတွေမှာ သွေးကင်ဆာ၊ ကပ္ပါယ်အိတ်ကင်ဆာ၊ ရင်သားကင်ဆာ အစရှိတာတွေ ပိုအဖြစ်များပြီး ဖြစ်ပွားရင်လည်း ဆိုးဆိုးရွားရွားခံစားရလေ့ရှိပါတယ်ဟု Caporaso က ပြောပြသည်။

လူတစ်ယောက်က သူကျင့်သားရနေတဲ့နေရာကနေ အနောက်ဘက်ကို လောင်ဂျီကျု ၅ ဒီဂရီ ရွှေ့ လိုက် တိုင်း သူ့ အတွက် နေထွက်ချိန်က ၂၀ မိနစ် နောက်ကျသွားလေ့ရှိပါတယ်။ နောက်ထပ် ၅ ဒီဂရီရွှေ့ လိုက် ရင် နေထွက်ချိန် မိနစ် ၄၀ နောက်ကျပါမယ်။ ဒီလောက်နောက်ကျရင် Jet Lag လို့ ခေါ်တဲ့ စံတော်ချိန် မတူညီခြင်းကြောင့် ဇီဝကမ္မဖြစ်စဉ်များ ကမောက်ကမဖြစ်ခြင်းဝေဒနာကို စတင်ခံစားရပါလိမ့်မယ်။ တစ်ချိန် ထဲမှာ ကင်ဆာဖြစ်ပွားနိုင်ခြေတွေလည်း မြင့်မားလာတာဖြစ်ပါတယ်ဟု ၄င်းက ဖြည့်စွက်ရှင်းပြသည်။

ထို့ ကြောင့် ကင်ဆာဝေဒနာရှင်များအနေဖြင့် မိမိ၏ ဇီဝနာရီများနှင့်ကိုက်ညီမှုရှိသည့်ဒေသကို ရှာတတ်ရန် လိုအပ်ကြောင်း၊ လူအများတွင်လည်း ကင်ဆာမဖြစ်ပွားအောင် ကာကွယ်ရာတွင် မိမိ၏ဇီဝနာရီနှင့် ကိုက်ညီသည့် စံတော်ချိန်အသုံးပြုသည့်ဒေသကို ရှာဖွေနေထိုင်သွားတတ်ရန်လိုအပ်ကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ