အပူဒဏ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်


မြန်မာနိုင်ငံသည် အပူပိုင်းနိုင်ငံဖြစ်၍ နွေရာသီကာလတွင် အပူဒဏ်အန္တရာယ်ကျရောက်လေ့ရှိပါသည် ။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း ၊ ကိုယ်ပူချိန်တက်ခြင်း ၊ ကြွက်တက်ခြင်း ၊သတိလစ်ခြင်း အပြင် အသက်န္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်ပါသည် ။

ခရမ်းလွန်ရောင်ခြည်သည် တစ်နှစ်ပတ်လုံးကျရောက်လျှက်ရှိပြီး ပူပြင်းသော ဒေသတွင်မက အေးသော ဒေသတွင်လည်း ကျရောက်နိုင်ပါသည် ။ ခရမ်းလွန်ရောင်ခြည်သည် လက်တလောထိတွေ့ မှု့ ကြောင့် နေလောင်ခြင်း ၊ အသားအရောင်ညိုလာခြင်းတို့ ဖြစ်ပြီး ထိတွေ့ မှု့ ကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း ၊ အရေပြားများအိုမင်းရင့်ရော်ခြင်း ၊ ခုခံအားကျဆင်းခြင်း ၊ အရေပြားကင်ဆာ ဖြစ်ခြင်း စသည့်ရောဂါများဖြစ်ပွားနိုင်ပါသည် ။

သို့ ပါ၍ မိမိထံတွင် ကျရောက်နိုင်သော အန္တရာယ်ကိုချင့်ချိန်၍ ပုပြင်းသော နေရောင်ခြည်ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခန့် အချိန်အတွင်း အလုပ်လုပ်ကိုင်သူများ ၊ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ ၊ ကလေးငယ်များအား အေက်ပါအတိုင်း သတိပြု ကာကွယ်ကြရန် နိုးဆော်အပ်ပါသည် ။

(၁) ပူပြင်းသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏ အသားကို နေရောင်ခြည်နှင့်တိုက်ရိုက်မထိတွေ့ အောင် ကာကွယ်ပါ ။

(၂) နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန် လိုအပ်ပါက မျက်နှာ ၊ လည်ပင်း ၊ ပခုံးတို့ ပါ လုံခြုံသော ဦးထုပ် ၊ ထီး စသည့်တို့ ဆောင်းသွားပါ ။

(၃) အဝတ်လွတ်ကင်းနေသော လက် ၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ (သို့ ) SPF 15+ ပါဝင်သော နေရာင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်မီ ၁၅ မိနစ်ခန့်  ကြိုလိမ်းရန်နှင့် နေရာင်ခံလိမ်းဆေးတစ်ခါလိမ်းပြီး ၂ နာရီကြားပြီးတိုင်း နောက်တစ်ခါထပ်လိမ်းပါ ။

(၄) ပွပွချောင်ချောင် အဖြူရောင် ချည်ထည်များသည် အပူကို စုပ်ယူမှုရှိ၍ အပူဒဏ်ကိုကာကွယ်နိုင်ပါသည် ။အထက်ဖော်ပြအချက်များ အပြင် ယခုကဲ့သို့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်တက်နေသော အချိန်တွင်

(၅) ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည်အလွယ်တကူ မဖောက်နိုင်သော အရောင်ရင့်သော အဝတ်အထည်များ ၊ ထူသောအဝတ်အထည်များကို ဝတ်ပါ ။

(၆) ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့် အလှအပသက်သက်ထုတ်လုပ်ထားသော နေကာမျက်မှန်များထက် ၉၉ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို ရွေးချယ်အသုံးပြု့ ပါ ။

(၇) ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ထိခိုက်မှုအန္တရာယ်ကို ပိုမို ခံစားရသောကြောင့် လူကြီးမိဘများအနေနှင့်

- အသက်တစ်နှစ်အောက် ငယ်သော ကလေးများကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုပါနှင့် ။
- ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ ။
- အပြင်ထွက်ရန် လိုအပ်ပါက သနပ်ခါးထူထူ (သို့ ) နေရောင်ခံလိမ်းဆေးကို မျက်နှာ ၊ လည်ပင်း ၊ ပခုံး ၊ နောက်ကြော ၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို့  လိမ်းပေးပါ ။ ခရမ်းလွန်ရောင်ခြည်မဖောက်နိုင်သော အဝတ် ဝတ်ပေးပါ ။နေကာမျက်မှန်တပ်ပါ ၊ ဦးထုပ် ၊ ထီး ဆောင်းပေးပါ ။

ကျန်းမာရေးဝန်ကြီးဌာန မှ သတိပေးနှိုးဆော်ချက်ကို ထပ်မံသိရှိစေရန် မျှဝေပေးပါသည် ။

အသက်ရာကျော် ရှည်ပါစေ ….

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ