မုန့် ရောင်းစက်၌ အချိန်ဆွဲပေးခြင်းဖြင့် ကျန်းမာရေးနှင့်ညီညွှတ်သည့်မုန့် များကို ရွေးချယ်စေနိုင်။


အမေရိကန်အခြေစိုက် Rush တက္ကသိုလ်မှ သုတေသီများက အထူးကိရိယာတစ်မျိုးထည့်သွင်းတပ်ဆင် ထားသည့် မုန့် ရောင်းစက်ဖြင့်စမ်းသပ်ခဲ့ရာ မုန့် ရောင်းစက်၌ အချိန်ဆွဲပေးခြင်းဖြင့် ၀ယ်ယူသူများကို ကျန်းမာရေးနှင့်ညီညွှတ်သည့်အစားအစာများကို ရွေးချယ်ရန်တွန်းအားပေးနိုင်သည်ကို တွေ့ ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ စမ်းသပ်မှုသုံးမုန့် ရောင်းစက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့်မုန့် ပဲသွားရေစာနှင့်အစားအစာ များကို ချက်ခြင်းထုတ်ပေးပြီး ကျန်းမာရေးကို တစ်နည်းနည်းနှင့်ထိခိုက်စေနိုင်သည့်မုန့် များကိုမူ အနည်း ဆုံး ၂၅ စက္ကန့်  စောင့်ပြီးမှ ထုတ်ပေးသည့် စက်ကိရိယာကို တပ်ဆင်ထားခြင်းဖြစ်ကြောင်း၊ လူအများသည် ၂၅ စက္ကန့် ကို မစောင့်လိုကြကြောင်း၊ ထို့ ကြောင့် ချက်ခြင်းရသည့် ကျန်းမာရေးနှင့်ညီညွှတ်သည့်မုန့် များ ကိုသာ ရွေးချယ်ဝယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မကြားသေးခင်က ဆေးလိပ်အခွန်တွေကို တိုးမြှင့်ကောက်ခံလိုက်တဲ့အခါ လူအတော်များများက ဆေးလိပ် ဖြတ်မယ်လို့  ဆုံးဖြတ်ခဲ့ကြပါတယ်။ အလားတူပဲ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့မုန့် တွေကိုလည်း အခွန်တိုး ကောက်ပြီးစမ်းသပ်ဖို့  ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ငွေသားကိုအခွန်အဖြစ်ကောက်ခံခြင်းမပြုဘဲ အချိန်ကို အခွန်အဖြစ်ကောက်ခံတဲ့သဘောဖြစ်ပါတယ်။ Time Tax ပေါ့။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ဒီမုန့် ကိုမှ စား ချင်တယ်ဆိုရင် အခွန်အဖြစ် အချိန် ၂၅ စက္ကန့် ပေးရမယ် ဆိုတဲ့သဘောနဲ့  စောင့်ခိုင်းတာ လူသားသဘာဝ အတိုင်း အခွန်ကိုမပေးချင်ကြတော့ အခွန်ဆောင်ဖို့ မလိုတဲ့ ကျန်းမာရေးနဲ့ လည်းညီညွှတ်တဲ့ မုန့် တွေ ဘက်ကို လှည့်သွားတာဖြစ်ပါတယ် ဟု သုတေသီတစ်ဦးက ပြောပြသည်။

ကျွန်တော်တို့ ရဲ့ စမ်းသပ်မှုသုံးမုန့် ရောင်းစက်တွေကို လူအသွားအလာများတဲ့ လမ်းထောင့်တွေက ပလက်ဖောင်းတွေမှာ ထားထားပါတယ်။ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့အစားအစာတွေကို ရွေးချယ်ဝယ်ယူ ဖို့  အနည်းဆုံး ၂၅ စက္ကန့်  စောင့်ရမယ်လို့ လည်း စာနဲ့ ရေးစားဖော်ပြထားပါတယ်။ ၀မ်းသာစရာကောင်း လောက်အောင်ပဲ လူတွေက အဲဒီ ၂၅ စက္ကန့် ကို လုံးဝမစောင့်ချင်ဘဲ အမြန်ရမယ့်မုန့် တွေ တနည်းအား ဖြင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့မုန့် တွေကိုပဲ ၀ယ်ယူသွားတာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ရှင်းပြ သည်။

Lashio News Diary
https://www.facebook.com/LNDLashio

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ