သွေးအားနည်းခြင်းကြောင့် သက်ကြီးပိုင်းတွေမှာ စိတ်ဖောက်ပြန်မှုနှုန်းမြင့်



သက်ကြီးပိုင်းတွေမှာ သွေးအားနည်းရောဂါ ဖြစ်ရင် စိတ်ဖောက်ပြန်လာနိုင်နှုန်းမြင့်တယ်လို့ လေ့လာသိရှိရပါတယ်။ သွေးအားနည်းရောဂါဟာ သွေးနီဥဆဲလ် ပမာဏ လျော့နည်းတာပါပဲ။
သွေးအားနည်းရောဂါဟာ အသက်၆၅နှစ်နဲ့အထက် သက်ကြီးပိုင်းအရွယ်မှာ အဖြစ်များပြီး ဖြစ်ပွားနိုင်နှုန်း ၂၃ရာခိုင်နှုန်းအထိရှိပါတယ်။ အသက်၇၀မှ၇၉နှစ်ကြားသက်ကြီးပိုင်း ၂၅၅၂ယောက်ကို ၁၁နှစ်ကြာလေ့လာမှု ပြုခဲ့ပါတယ်။ လေ့လာမှုအစပိုင်းမှာ သွေးအားနည်းရောဂါဖြစ်သူ ၃၉၃ ယောက်ရှိခဲ့ပါတယ်။ လေ့လာမှုအဆုံးမှာတော့ စိတ်ဖောက်ပြန်တဲ့ရောဂါ ဖြစ်သူအရေအတွက် ၄၄၅ယောက်ရှိခဲ့ပြီး အဲ့ဒီ့ပမာဏဟာ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ၁၈ရာခိုင်နှုန်းပါပဲ။
လေ့လာမှုအစမှာ သွေးအားနည်းရောဂါဖြစ်ခဲ့သူတွေဟာ သွေးအားမနည်းသူတွေထက် စိတ်ဖောက်ပြန်ရောဂါ ဖြစ်လာနိုင်နှုန်း ၄၁ရာခိုင်နှုန်းပိုမြင့်ခဲ့တာ ကိုလေ့ လာတွေ့ရှိခဲ့ပါတယ်။ သွေးအားနည်းရောဂါနဲ့ စိတ်ဖောက်ပြန်ရောဂါ ဘာလို့ဆက်စပ်လဲဆိုတာကို ရှင်းပြဖို့ အချက်တွေအများကြီးရှိပါတယ်။ သွေးအားနည်းရောဂါက အထွေထွေကျန်းမာရေးကို ဆုတ်ယုတ်အောင်လုပ်တယ်လေ။ သွေးထဲမှာ အောက်ဆီဂျင် ပါဝင်နှုန်းကိုလည်း လျော့စေတယ်။ ဦးနှောက်ထဲမှာ အောက်ဆီဂျင်နည်းလာရင် မှတ်ဥာဏ်နဲ့ စဉ်းစားနိုင်စွမ်း ကိုလျှော့ချပြီး အာရုံကြောတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါတွေဟာသွေးအားနည်းရောဂါနဲ့ စိတ်ဖောက်ပြန်ရောဂါ ဆက်စပ်မှု အချို့ပါပဲ။
( Jack )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Xinhua

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ