ကလေးငယ်များအကြားမှာ ပိုးမွှားများကူးစက်ပြန့်ပွားမှုနှုန်း သိသိသာသာ မြင့်တက်လာ




ဆေးရုံတွေမှာ တွေ့ရှိရတဲ့ Carbapenem-resistant Enterobacteriaceae, သို့ CRE ခေါ် အဏုဇီဝပိုးသတ်ဆေးအများစုကို ခံနိုင်ရည်ရှိနေတဲ့ ဘက်တီးရီးယားတွေ ကလေးငယ်များမှာ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်တက်လျက်ရှိတာကို လေ့လာတွေ့ရှိချက်အသစ်အရ သိရှိရပါတယ်။

CRE ကူးစက်ပြန့်နှံ့မှုဟာ ဆေးရုံတွေမှာရှိတဲ့ လူနာတွေအပေါ် ကူးစက်နေပြီး ဆေးရုံအသုံးအဆောင်များ၊ အထူးသဖြင့် လေ၀င်လေထွက်ကောင်းမွန်စေသည့် ကရိယာများ၊ ဆီးပိုက်များ သို့ အကြောဆေးသွင်းပိုက်များကို ပုံမှန်ဂရုစိုက်သန့်ရှင်းစေဖို့ လိုအပ်ပါတယ်။

Centers for Disease Control and Prevention ရဲ့အဆိုအရ လူနာတွေရဲ့ ထက်ဝက်ခန့်ဟာ CRE ကူးစက်ခံရမှုကြောင့် သေဆုံးနေရကြောင်း သိရှိရပါတယ်။

ကလေးငယ်တွေမှာ ဒီလိုကူးစက်ခံရမှုနှုန်းများ မြင့်မားလာချိန်မှာ ဖျားနာမှုများ အများအပြားတွေ့ရလေ့ရှိတဲ့ နေ့ကလေးထိန်းကျောင်းများကို လေ့လာမှုများမရှိသေးပါဘူး။ ပြီးတော့  ဒီသဘောက ဘက်တီးရီးယားပိုးမွှားတွေရဲ့ ခံနိုင်ရည်ဟာ နေရဒေသပေါ်မူတည်ပြီး ကွဲပြားမှုရှိနိုင်တဲ့ သဘောဖြစ်ပါတယ်။

Rush University Medical Center မှ တွဲဖက်ပါမောက္ခ ဒေါက်တာ Latania Logan က” ဒီကွဲပြားချက်က လူနာတွေကို ဘယ်လိုပြုစုကုသရမယ်၊ ကူးစက်မှုတွေကို ဘယ်လိုကာကွယ်ရမယ်ဆိုတာတွေအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ကျွန်တော်တို့က ဒီကွာခြားချက်တွေကို ရှာဖွေနေကြတာပါတယ်။ ဒါမှ ကာကွယ်ရေးအတွက် အကောင်းဆုံးနည်းလမ်းတွေကို ရှာတွေ့နိုင်မှာပါ” လို့ ဆိုပါတယ်။

“တစ်နိုင်ငံလုံးအတိုင်းအတာအရတော့ ကလေးငယ်တွေအပေါ် CRE ကူးစက်မှု နဲ့ပတ်သက်ပြီး လေ့လာထားတာမရှိသေးလို့ ကလေးငယ်တွေအပေါ် CRE ကူးစက်ပြန့်ပွားတဲ့ တကယ့်ပြဿနာတွေ ရှိမရှိ သေချာမသိရသေးပါဘူး” လို့ Logan ကဆိုပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ