သင့်ကို အရွယ်မတိုင်မီ စောစီးစွာသေဆုံးစေနိုင်တဲ့ အမူအကျင့် ခြောက်မျိုး




လူတစ်ယောက်ကို အရွယ်မတိုင်မီ သေဆုံးနိုင်တဲ့အကြောင်းရင်းအခြေခံစာရင်းကို သိပ္ပံပညာရှင်တွေက စာရင် ပြုစုတင်ဆက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့လေ့လာမှုတွေအရ အရက်သောက်သုံးခြင်း၊ အာဟာရမမျှတစွာစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း နဲ့ ဆေးလိပ်သောက်ခြင်းတို့ ဟာ ပျှမ်းမျှသက်တမ်းကို တိုစေနိုင်ကြောင်း ဖော်ထုတ်ပြခဲ့ပြီး ဖြစ်ပါတယ်။

အခုအခါမှာ နောက်ထပ်နှစ်ချက်အနေနဲ့ အထိုင်များခြင်း နဲ့ အအိပ်များခြင်း သို့ မဟုတ် နည်းခြင်း တို့ ကလည်း လူတစ်ယောက်ရဲ့ပျှမ်းမျှသက်တမ်းကို တိုစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချလိုက်ပါတယ်။

အထက်ဖော်ပြပါ မကောင်းတဲ့အမူအကျင့်ခြောက်မျိုးလုံး လုပ်တတ်တဲ့သူတစ်ယောက်ဟာ ကျန်းမာရေးနဲ့ အညီ နေတဲ့သူတစ်ယောက်နဲ့ ယှဉ်ရင် ခြောက်နှစ်တာအတွင်း သေဆုံးနိုင်ခြေ ငါးဆကျော် ပိုများနိုင်တယ်လို့ PLOS Medicine ဆေးပညာဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။

တစ်နေ့ ကို ခုနစ်နာရီထက်ပိုထိုင်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းပါးလွန်းခြင်းနဲ့ ကိုးနာရီထက်ကြာအောင် အိပ်စက်တတ်ခြင်းတို့ က သေစေနိုင်လောက်တဲ့အထိ အစွမ်းထက်ပါတယ်။ အချိန်ကြာကြာ ထိုင်ခြင်း၊ နဲ့ အချိန်ကြာအိပ်စက်ခြင်းတို့ နှစ်မျိုးလုံး လုပ်လေ့ရှိသူတွေဟာ ဆေးလိပ်ကောအရက်ပါ အသောက်များတဲ့ လူတွေနည်းတူ အရွယ်မတိုင်မီသေဆုံးနိုင်ခြေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။ ဒီ့အပြင် တစ်နေကုန် တစ်နေခမ်း ရုံးမှာထိုင်လုပ်ရခြင်းရဲ့ ဆိုးကျိုးအကျိုးဆက်ဟာ ညနေပိုင်းလောက်လေး gym သွားကစား ရုံနဲ့  မခြေဖျက်နိုင်ဘူးလို့ လည်း အဆိုပါလေ့လာမှုမှာ ဖော်ပြခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီတက္ကသိုလ်က သုတေသနပညာရှင်တွေ ဦးဆောင်ခဲ့တဲ့လေ့လာမှုမှာ အသက် ၄၅ နှစ် နဲ့ အထက် လူပေါင်း နှစ်သိန်းသုံးသောင်းကျော်ပါဝင်ပြီး ခြောက်နှစ်ကြာလေ့လာခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အစောပိုင်းတုန်းကလည်း ကိန်းဘရစ်ခ်ျတက္ကသိုလ်က သုတေသနပညာရှင်တွေရဲ့လေ့လာမှုမှာ တစ်နေ့ ကို ရှစ်နာရီအထက် ပုံမှန်အိပ်လေ့ရှိသူတွေဟာ သာမန်သူတွေထက် နှလုံးဖောက်နိုင်ခြေ နှစ်ဆ ပိုများပြီး အမျိုးသမီးတွေမှာ အထူး အန္တရာယ်အရှိဆုံးဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ