မျက်နှာခွဲစိတ် အစားထိုးကုသမှုတွေက အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းတွေကို ဖြစ်စေနိုင်




လေ့လာတွေ့ရှိချက်အသစ်မှာ သုတေသီတွေဟာ မျက်နှာအစားထိုး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ထားသူတွေဟာ သူတို့ရဲ့ အရိုးဖွဲ့စည်းပုံပေါ် မူတည်ပြီး အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတယ်ဆိုတာ တွေ့ရှိခဲ့ကြပါသတဲ့။ ဆရာဝန်တွေက ခုလိုမြန်မြန်ဆန်ဆန် အိုမင်းရင့်ရော်ခြင်းကို အတည်ပြုနိုင်ခဲ့ပေမယ့် ဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကို တိတိကျကျ မသိရသေးပါဘူးတဲ့။

“မျက်နှာအစားထိုးခွဲစိတ်မှုတွေ လုပ်တဲ့သူတွေဟာ ငယ်ရွယ်တဲ့သူတွေဖြစ်ပြီး သူတို့ဒီလို ပြုပြင်ကုသပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ရလဒ်တွေကို လေ့လာနေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့က အစားထိုးကုသမှုတွေလုပ်ပြီးတဲ့ မျက်နှာတွေဟာ ဘာလို့ မြန်မြန်ဆန်ဆန်
အိုမင်းရင့်ရော်သွားကြတယ်ဆိုတာကို လေ့လာခဲ့တာပါ ဒါပေမယ့် တစ်ခြားမသိရသေးတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။

ဒီလိုအိုမင်းရင့်ရောတာတွေ ဘယ်အချိန်မှာ ရပ်တန့်သွားမလဲ? ဒါဟာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်တဲ့ အရာတွေလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်က လက်မခံတဲ့ လက္ခဏာတွေလား? ကျွန်တော်တို့ လေ့လာချက်မှာလည်း သိပ္ပံပညာမှာ တွေ့နေကျ မေးခွန်းပေါင်းများစွာ ထွက်လာတော့တာပေါ့ ” လို့ Brigham and Women's Hospital and Harvard Medical School မှ ဒေါက်တာ Bohdan Pomahac က ရှင်းလင်းပြောပြသွားပါတယ်။

သုတေသီတွေဟာ ၃၆ လကြာ လေ့လာမှုတွေ လုပ်ခဲ့တာဖြစ်ပြီး မျက်နှာမှာ အိုမင်းရင့်ရော်မှုနှုန်းဟာ သိသိသာသာ မြန်ဆန်နေတာကို တွေ့ရှိခဲ့ကြပါသတဲ့။ ဒါပေမယ့် အရိုးနဲ့ ကြွက်သားတွေမှာ လျော့နည်းသွားတာဖြစ်ပြီး မျက်နှာပြင်အဆီ နဲ့ အသားအရည်ရဲ့ အထူအပါးကတော့ ပုံမှန်အတိုင်းဖြစ်နေတာကို တွေ့ရတာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ