ကော်ဖီဟာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်နေစဉ်မှာ ခံနိုင်ရည်စွမ်းတွေကို ပိုမိုတိုးမြင့်ပေးနိုင်




ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်ဟာ အားကစားသမားတွေ အတွက် ကဖိန်းဆေးဝါးတွေလိုပဲ အကျိုးပြနိုင်ကြောင်း သုတေသီတွေက လေ့လာ တွေ့ရှိ ထားပါသတဲ့။

ပြီးခဲ့တဲ့ စမ်းသပ်ချက်တွေအရ ကော်ဖီရဲ့ဖြစ်နိုင်ချေအကျိုးကျေးဇူးတွေကို ပြသခဲ့ပြီး University of Georgia မှ သုတေသီတွေကတော့ အားကစားသမား တွေအတွက် ပိုမိုအကျိုးသက်ရောက်မှု ရှိနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

သုတေသီတွေဟာ လေ့လာမှု ၉ ခု ပြုလုပ်စစ်ဆေးခဲ့ပြီး ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓါတ်ရဲ့အကျိုးသက်ရောက်မှုတွေကို လေ့လာစမ်းစစ်ခဲ့ပါတယ်။ ပါဝင် စမ်းသပ်ခံ သူတွေကို ကော်ဖီသောက်ပြီးချိန်မှာ စက်ဘီးနင်းခိုင်းခြင်း၊ အပြေးလေ့ကျင့်စေခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို ပြုလုပ်စေတဲ့အခါ ပိုမိုအင်အား အပြည့်နဲ့ လုပ်ဆောင်နိုင်တာကို တိုင်းတာသိရှိခဲ့ကြပါတယ်။

“အားကစားသမားတွေအတွက် ကော်ဖီသောက်သုံးတဲ့အခါမှ ဂရုစိုက်ရမှာက တစ်ချို့ကော်ဖီတွေမှာ ကဖိန်းဓါတ်ဘယ်လောက်ပါဝင်တယ်ဆိုတာ မသိရတဲ့အတွက် ကော်ဖီအမျိုးအစား၊ ဘယ်လိုပြင်ဆင်ထုတ်လုပ်ထားတယ်၊ ကဖိန်းဓါတ်ဘယ်လောက်ပါဝင်တယ်ဆိုတာတွေကို သိရှိဖို့တော့ လိုအပ်ပါတယ် အားကစားသမားတွေအနေနဲ့ အစားအသောက်အကြံပေးပညာရှင်တွေက တားမြစ်ထားတဲ့ ပစ္စည်းတွေပါဝင်တဲ့ အမျိုးအစားတွေကိုတော့ သတိထားရှောင်ကြဉ်ဖို့လိုပါတယ်။” လို့ သုတေသီတွေက ရှင်းလင်းပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : UPI

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ