ကြက်သားခေါက်ဆွဲပြုတ် တွေဟာ နေမကောင်းဖြစ်ခြင်းကို သက်သာစေနိုင်



ကြက်သားခေါက်ဆွဲပြုတ် ကို နေမကောင်းရင် စားသုံးရတဲ့ ကုထုံးအစားအစာ တစ်ခုအဖြစ် ယဉ်ကျေးမှုနယ်ပယ်များစွာ မှာ သတ်မှတ်ထားကြပါတယ်။ ဂျူးလူမျိုး အမေရိကန် တွေနဲ့ တရုတ်လူ့အဖွဲ့အစည်းတွေ မှာတော့ ကြက်သားခေါက်ဆွဲပြုတ်ကို ရိုးရာဆေးဝါးတစ်မျိုးအဖြစ် စားသုံးလေ့ရှိကြပါတယ်။

သုတေသီတွေအနေနဲ့ ကြက်သားခေါက်ဆွဲပြုတ်စားသုံးခြင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေတဲ့ ကောင်းမွန်သော သက်ရောက်မှုတွေကို ဘယ်အရာက ဖြစ်ပေါ်စေတာလဲဆိုတာကို အတိအကျ မသိနိုင်ခဲ့ပေမယ့် လေ့လာမှု ပေါင်းများစွာကတော့ ကြက်သားခေါက်ဆွဲပြုတ်ဟာ ပြည့်ကျပ် နေတဲ့ နှာခေါင်းနဲ့ လည်ချောင်း လမ်းကြောင်းတွေကို ရှင်းလင်းပေးနိုင်တာကို ရှာဖွေတွေ့ ရှိခဲ့ကြပါတယ်။

Hull တက္ကသိုလ်က ဒေါက်တာ Juliane Schlag ဟာ ခေါက်ဆွဲပြုတ်တွေဟာ ဖျားနာမှုကို တစ်ကယ်သက်သာစေပြီး စိတ်ဝိဥာဉ်ကို နွေးထွေးမှု ဖြစ်စေတယ်ဆိုတာကို သက်သေပြနိုင်ခဲ့ပါတယ်။

ကြက်သားခေါက်ဆွဲတွေဟာ အပူပေးပြီး ချက်ပြုတ်လိုက်တဲ့အခါမှာ ယေဘူယျ အားဖြင့် ကယ်လ်ဆီယမ် ပါဝင်မှု ပိုမိုများပြားလာစေနိုင်ပါတယ်။ ဒါကြောင့် ကြက်သားခေါင်းဆွဲပြုတ်တွေ ကို လူမမာစာ အဖြစ် တိုက်ကျွေးခြင်းအားဖြင့် ကယ်လ်ဆီယမ် ပမာဏတိုးလာပြီး နှာခေါင်းနဲ့ လည်ချောင်း လမ်းကြောင်းမှာရှိတဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးနိုင်ပါတယ်။

သုတေသီတွေဟာ အခုချိန်ထိတော့ ကြက်သားခေါက်ဆွဲပြုတ်တွေဟာ ဘာကြောင့်နေမကောင်းမှုတွေအတွက် ကုထုံး အစားအစာ တစ်ခုဖြစ်နေတယ်ဆိုတာ လေ့လာနေဆဲပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ