ဦးနှောက် အာရုံကြော အားနည်းသူများ မျက်စိ အားကောင်းစေသည့် ဗီတာမင် ပါဝင်သော အစားအစာများ စားသုံးသင့်


  ဦးနှောက်ပိုင်းဆိုင်ရာ အာရုံကြော အားနည်းသူများသည် အများအားဖြင့် အမြင်အာရုံ မှုန်ဝါးကာ မျက်စိ အားနည်း တတ်ကြသဖြင့် ဗီတာမင် ပါဝင်သော အစားအစာများကို စားသုံးခြင်းဖြင့် အထိုက်အလျောက် သက်သာ ပျောက်ကင်း စေနိုင်ပြီး ရောဂါ ကာကွယ်ရာ ရောက်ကြောင်း

အာရုံကြော အထူးကု ဆရာဝန် တစ်ဦးက ပြောသည်။ ''ဇက်ကြော ခဏခဏ တက်သူများ၊ မျက်စိ ညောင်းပြီး ခေါင်းကိုက်သူများဟာ ဗီတာမင် အေ၊ ဗီတာမင်အီး တို့လို ဓာတ်တွေ ချို့ယွင်း အားနည်းနေတဲ့ အတွက် ဒီလို ရောဂါလက္ခဏာတွေ မကြာခဏ ဖြစ်ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်အီးတို့ ပြည့်ဝစွာ ပါဝင်ထားတဲ့ အစိမ်းရောင်နဲ့ အဝါရောင်များ ပါဝင်တဲ့ သစ်သီးနဲ့ ဟင်းရွက်တွေကို စားသုံးခြင်းက မျက်စိ အားနည်းသူများ အတွက် အထူး ကောင်းမွန်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မျက်စိကို ပိုမို အားကောင်းစေသော အစိမ်းရောင်နှင့် အဝါရောင်များ ပါဝင်သည့် သစ်သီးများသည် ပန်းဂေါ်ဖီ အမျိုးမျိုး၊ မုန်လာဥနီ၊ ဟင်းနုနယ်ရွက်၊ ငရုတ်ပွသီး၊ စပျစ်သီး၊ ထောပတ်သီး၊ စတော်ဘယ်ရီသီး၊ ကန်စွန်းဥ၊ အဆီနည်းသော ငါးအမျိုးမျိုးနှင့် ပဲအမျိုးမျိုးတို့ ဖြစ်ကြကာ ယင်း အစားအစာ ၁ဝ မျိုးကို မကြာခဏ စားသုံး ပေးပါက မျက်စိ အာရုံကြော အားကောင်းလာပြီး မျက်စိမှုန်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ဇက်ကြောတက်ခြင်း စသည့် ရောဂါများ ကင်းဝေးမည် ဖြစ်ကြောင်း သိရသည်။

မိုးအောင်
မြ၀တီ
https://www.facebook.com/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ