ကျန်းမာရေး၊ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ မွေးဖွားတဲ့ကလေးငယ်ရဲ့ ကိုယ်အလေးချိန်ပေါ် သက်ရောက်မှုရှိ




မိခင်တစ်ဦးရဲ့ လူမှုရေးအကြောင်းအရာတွေဖြစ်တဲ့ ပညာရေးနဲ့ အိမ်ထောင်ရေးအခြေအနေတွေဟာ သူမွေးဖွားမယ့် သမီးငယ်လေးရဲ့ကိုယ်အလေးချိန်ပေါ်မှာ ဇီဝဗေဒအချက်အလက်တွေအဖြစ် အများကြီးသက်ရောက်မှုကြောင်း အမေနဲ့သမီးတွေအကြောင်း ကြာမြင့်စွာလေ့လာမှု နှစ်ခုစမ်းသပ်ပြုလုပ်ပြီး သိရှိခဲ့ရပါတယ်။

သုတေသနပြုသူတွေဟာ အမျိုးသမီးတစ်ဦးရဲ့ မျိုးရိုးဗီဇဆင်းသက်လာမှုမှတစ်ဆင့် မွေးဖွားချိန်ကိုယ်အလေးချိန်လျော့ကျတာကို သတိပြုမိခဲ့ကြပါတယ်။ မွေးဖွားစဉ်က အလေးချိန်နည်းတဲ့ အမျိုးသမီးတစ်ဦးဟာ သမီးငယ်လေးတစ်ဦး မွေးဖွားတဲ့အခါမှာလည်း အလေးချိန်နည်းနည်းနဲ့ မွေးဖွားလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမယ့် လူမှုရေးအခြေအနေ အကြောင်းအချက်တွေကလည်း ဒီအပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကို အသစ်ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါသတဲ့။

University of California Irvine မှ လူမှုရေးရာ လက်ထောက်ပရော်ဖက်ဆာ Jennifer B. kane က အမေနဲ့သမီးအတွဲပေါင်း ၁၅၈၀ ရဲ့ မွေးကင်းစကလေးငယ် ကိုယ်အလေးချိန်၊ ပညာအရည်အချင်းနဲ့ အိမ်ထောင်ရေးအခြေအနေတွေပေါ်မှာ အထူးစူးစိုက်ပြီး လေ့လာခဲ့တာဖြစ်ပြီး ပုံမှန်အလေးချိန်ရှိတဲ့ ကလေးငယ်မွေးဖွားတဲ့ အမျိုးသမီးထက် ကိုယ်အလေးချိန်နည်းနည်းနဲ့မွေးဖွားခဲ့တဲ့ အမျိုးသမီးတွေဟာ ၁.၅ သို့ ၂ ဆနီးပါး ပေါင်ချိန်နည်းတဲ့ကလေးငယ်မွေးဖွားနိုင်ကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူက “ ကိုယ်ဝန်မဆောင်ခင် အမျိုးသမီးတစ်ဦးရဲ့ ပညာအရှည်အချင်းဟာလည်း နောက်မျိုးဆက်တွေပေါ်မှာ သက်ရောက်မှုရှိကြောင်း အထောက်အထားတွေ တွေ့ရှိရပြီး ဒါဟာ မွေးဖွားတဲ့အခါ ကလေးငယ်ရဲ့ကိုယ်အလေးချိန်ပေါ်မှာလည်း သက်ရောက်မှုရှိပုံရတယ်” လို့ ဆိုပါတယ်။

 “ပုံမှန်အားဖြင့် အမျိုးသမီးတစ်ဦး ကိုယ်ဝန်ဆောင်စဉ် ဖြစ်ပျက်မှုတွေကသာ ကလေးငယ်အပေါ် သက်ရောက်မှုရှိတယ်လို့ သိထားကြတာပါ။ ထပ်မံလေ့လာတွေ့ရှိမှုကတော့ မျိုးရိုးဗီဇသမိုင်းဟာလည်း ကလေးငယ်ရဲ့ ကျန်းမာရေးအခြေအနေပေါ်မှာ အများကြီးသက်ရောက်မှုရှိကြောင်း ပြသသွားတာဖြစ်ပါတယ်” လို့ သူကရှင်းလင်းပြောပြထားပါတယ်။

 “ ပေါင်ချိန်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ ရုပ်ပိုင်းဆိုင်ရာအရ အခက်အခဲတွေ ရှိတတ်တာကို ကျွန်မတို့သိပြီးသား ဖြစ်သလို U.S မှာဆိုရင် ဒီအခက်အခဲတွေကြောင့် လူမှုရေးရာခွဲခြားမှုတွေ ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါပေမယ့် ပေါင်ချိန်မပြည့်ဘဲမွေးဖွားမှုရဲ့ အကြောင်းအချက်တွေကို သိရှိရတာဟာ ကျန်းမာရေးချူချာတဲ့ မွေးကင်းစကလေးငယ်တွေအပေါ် သက်ရောက်မှုရှိနေတဲ့ မျိုးရိုးစဉ်ဆက် နှောက်ယှက်မှုဖြစ်နေတဲ့ လူမှုရေးရာ မညီမျှမှုတွေကို သက်သာလျှော့ပါးစေမှာ ဖြစ်ပါတယ်” လို့လည်း ထပ်မံပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ