ငရုတ်သီးများ (Credit: Reuters) |
အဲဒီ ဓာတ်သတ္တိဟာ အစာအိမ် အတွင်းက သွေးကြော တွေကနေ တဆင့် ဦးနှောက်ကို ကိုယ်ခန္ဓာမှာ အစားအစာ ဘယ်လောက် ပြည့်နေပြီဆိုတဲ့ သတင်း အချက်အလက်ကို ပေးပို့တဲ့ အကြောင်း နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေက ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။
တနည်းအားဖြင့် ငရုတ်သီးရဲ့ ဓာတ်ဟာ ဗိုက်ဝနေပြီဆိုတဲ့ အကြောင်းကို ပြသတာ ဖြစ်ပါတယ်။
အစာအိမ်အတွင်းက သွေးကြောလေးတွေရဲ့ လက်ခံနိုင်တဲ့ ထည့်စရာ ဆဲလ်လေးတွေဟာ အဆီများတဲ့ အစားအစာတွေကြောင့် ပျက်ဆီးသွားရနိုင်တယ်ဆိုတာကိုလည်း သုသေသီတွေက တွေ့ရှိခဲ့ကြပါတယ်။
ငရုတ်သီးရဲ့ ဓာတ်ဟာ အခုလို ကိုယ်အလေးချိန် ထိန်းသိမ်းမှုဟာ အကျိုးရှိနိုင်ပေမယ့် ပူလောင်စေတဲ့ အရသာကြောင့် လူအများက စားသုံးနိုင်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
လူအများက အခုလို အကျိုးရှိတဲ့ ဓာတ်ကို ရှိန်းစပ်တဲ့ အရသာ မခံစားရပဲ ရနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဒေါက်တာ စတီဗင် ကန်တစ်ရှ်က ပြောကြားခဲ့ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese