လေဆိပ်အနီးအနားမှာနေထိုင်သူတွေဟာ နှလုံးရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါတို့ ဖြစ်ဖို့ အခွင့်အလမ်းများစေ



လေဆိပ်တစ်ခုရဲ့ ၆ မိုင်ပတ်ဝန်းကျင်မှာနေထိုင်သူတွေဟာ နှလုံးရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါ တို့ ဖြစ်လာဖို့ အခွင့်အရေးများစေတယ်လို့ လေ့လာမှု တစ်ခုက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

သုတေသီတွေကတော့ လေယာဉ်တွေစက်နှိုးတဲ့အချိန်နဲ့ ပြေးလမ်းပေါ်မောင်းနှင်နေတဲ့အချိန်တို့မှာ ပမာဏ များစွာ ထုတ်လုပ်လိုက်တဲ့ ကာဘွန်မိုနောက်ဆိုဒ်(CO) ဆိုတဲ့ လေထုညစ်ညမ်း ပစ္စည်းတွေကို ပဲ အပြစ်တင်လိုက်ပါတယ်။

သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာ တစ်ခုကတော့ ဆေးရုံတွေမှာ ရင်ကျပ်ပန်းနာ နဲ့ အခြား အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားနှုန်းတွေဟာ လေဆိပ်တစ်ခုနဲ့ ၆ မိုင်အတွင်းမှာ နေထိုင်သူတွေမှာ ၁၇ ရာခိုင်နှုန်း ပိုများတယ်ဆိုတာပါပဲ။ နှလုံးရောဂါ အတွက်ဆိုရင်တော့ ၉ ရာခိုင်နှုန်းပိုများနေပါတယ်။

ကိုလံဘီယာ တက္ကသိုလ် နဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ် တို့မှာရှိတဲ့ တက္ကသိုလ်ကျောင်းဆရာ တွေဟာ ကယ်လီဖိုးနီးယားမှာ ရှိတဲ့ အကြီးမားဆုံး လေဆိပ် ၁၂ ခုနဲ့ နီးကပ်နေတဲ့ ဧရိယာတွေ ရဲ့ နေ့စဉ်လေထုညစ်ညမ်းမှု နဲ့ ကျန်းမာရေးအခြေအနေတွေကို လေ့လာခဲ့ကြပါတယ်။

အဲဒီအခါမှာတော့ လေတိုက်ခတ်တဲ့ လမ်းကြောင်းအရ လေဆိပ်နဲ့ ၆ မိုင်ခန့်အကွာအဝေးအတွင်းမှာရှိတဲ့ ဧရိယာတွေဟာ လေထုညစ်ညမ်းမှု မြင့်မားတာကြောင့် နှလုံး ၊ ရင်ကြပ်ပန်းနာ နဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ကြုံတွေ့နေရတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

အမှန်တစ်ကယ်တော့ လေဆိပ်နဲ့ နီးကပ်တဲ့နေရာတွေဟာ အခြားကယ်လီဖိုးနီးယား မြို့တွင်းနေရာတွေထက် ပျမ်းမျှအားဖြင့် ပိုမို မြို့ပြဆန်ပြီး ၊ ပိုမိုလူဦးရေထူထပ်ကာ အိမ်ဈေးနှုန်းတွေဟာလည်း ပိုမိုမြင့်မားလေ့ရှိပါတယ်။

ကာဗွန်မိုနောက်ဆိုဒ် ဆိုတာဟာ လေယာဉ်အင်ဂျင်ဟာ လေယာဉ်ကို အလွတ်တန်း စက်နှိုးထားသလို အရှိန်နည်းနည်းလေးနဲ့ မောင်းနှင်နေတဲ့အခါမှာ ထုတ်လုပ်ထွက်ပေါ်လာနိုင်တာပဲဖြစ်ပါတယ်။ ထိုလေ့လာမှုက ထပ်မံ ပြသခဲ့တာကတော့ LA လေဆိပ်(LAX) ဟာ ကယ်လီဖိုးနီးယားမှာတော့ ကာဗွန်မွန်နောက်ဆိုဒ် အများဆုံး ထုတ်လုပ်တဲ့နေရာပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ