ငှက်ဖျားဆေးတွေဟာ ကင်ဆာရောဂါ ၉ မျိုးကို ပျောက်ကင်းစေနိုင်စွမ်းရှိ




ငှက်ဖျားရောဂါပိုးရဲ့ အစိတ်အပိုင်းတစ်ခုကို အသုံးပြုပြီး ဖော်စပ်ထားတဲ့ ကင်ဆာရောဂါ ကုသတဲ့ ဆေးဝါးတွေဟာ ကင်ဆာရောဂါ ၁၀ မျိုးမှာ ၉ မျိုးကို နှိမ်နင်းနိုင်တယ်လို့ သိရပါတယ်။

Danish နဲ့ Canadian သိပ္ပံပညာရှင်တွေပါဝင်တဲ့ သုတေသီအဖွဲ့ တစ်ဖွဲ့ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ပေါ်နေတဲ့ ငှက်ဖျားရောဂါကို ဘယ်လို တိုက်ခိုက်မလဲဆိုတာ အဖြေရှာရင်းနဲ့ ဒီဆေးဝါးကိုတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ လေ့လာမှု က တစ်ဆင့် ဖော်ပြခဲ့တာကတော့ ငှက်ဖျား ပရိုတိန်းဆေးဝါး တွေဟာ ကင်ဆာရောဂါကို ပျောက်ကင်းစေနိုင်တယ်ဆိုတာပါပဲ။ ကင်ဆာရောဂါအတွက် ကုသနိုင်မယ့် နည်းလမ်းတွေကို မျှော်လင့်တကြီး ရှာဖွေနေကြတဲ့ သိပ္ပံပညာရှင်တွေဟာ လာမယ့် ၄ နှစ်အတွင်းမှာ ကင်ဆာရောဂါ ပျောက်တဲ့ ဆေးဝါးတွေထုတ်လုပ်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

Copenhagen တက္ကသိုလ်က ငှက်ဖျားရောဂါဆိုင်ရာ ကျွမ်းကျင်သူ ပရော်ဖက်ဆာ Ali Salanti က ပြောပြခဲ့တာကတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းမှာ သူ့ဘာသာသူ ကပ်တွယ်နိုင်စွမ်းရှိတဲ့  ငှက်ဖျားရောဂါပိုးတစ်မျိုးဖြစ်တဲ့ ကာဗွန်ဟိုက်ဒြိတ်ဟာ ကင်ဆာဆဲလ်တွေမှာ တွေ့ရတဲ့ ကာဗွန်ဟိုက်ဒြိတ် နဲ့ တစ်ပုံစံတည်းတူနေတာကိုတွေ့ရပါတယ်။

ဒါကြောင့် သုတေသီတွေဟာ ဓါတ်ခွဲခန်းအတွင်းမှာ ထိုကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ အချင်းမှာ ကပ်တွယ်နေတဲ့ ကာဗွန်ဟိုက်ဒြိတ်ကို ဖယ်ရှားပေးနိုင်မယ့် ပရိုတိန်းကို တီထွင်ခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ အဲဒီဆေးတွေကို သက်ရှိဇီဝ မှာ ထုတ်လုပ်တဲ့ အဆိပ်တစ်မျိုးနဲ့ ပေါင်းစက်ကြည့်လိုက်တဲ့အခါမှာတော့ ထိုပေါင်းစပ်မှုဟာ ကင်ဆာရောဂါဆဲလ်တွေရဲ့ စုပ်ယူမှုကို ခံရပြီးနောက်မှာတော့ ကင်ဆာဆဲလ်တွေအားလုံး သေဆုံးသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ ထိုပေါင်းစပ်ဖန်တီးထားတဲ့ဆေးဝါးမှာ ပါဝင်တဲ့ သက်ရှိဇီဝ က ထုတ်လုပ်တဲ့ အဆိပ်တစ်မျိုးဟာ ခန္ဓာကိုယ်တွင်းမှာ ပျံ့နှံ့လျက်ရှိတဲ့ ကင်ဆာဆဲလ်တွေအားလုံးကို လိုက်လံ ချေမှုန်း ပေးနိုင်တယ်ဆိုတာကို သုတေသနက တစ်ဆင့်တွေ့ရှိခဲ့ကြပါတယ်။ သုတေသီတွေဟာ ဒီစမ်းသပ်မှု တစ်ခုလုံးကို ကြွက်တွေနဲ့ စမ်းသပ်ကြည့်ခဲ့တာဖြစ်ပြီး လူတွေနဲ့ စမ်းသပ်ဖို့ကိုတော့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ အချင်းနဲ့ ကင်ဆာ အကျိတ် နဲ့ ဘယ်လောက်ထိ တူညီနိုင်သလဲဆိုတာကို စတင်စမ်းသပ်နေကြပြီလို့ သိရပါတယ်။

ဒီ ရှာဖွေတွေ့ရှိမှုတွေကိုတော့ Cancer Cell ဆိုတဲ့ ဂျာနယ်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့ကြပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ