နေ့စဉ် ဗီတာမင် စီ မှီဝဲခြင်းဟာ လေ့ကျင့်ခန်းလုပ်သလိုပဲ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်




နေ့စဉ် ဗီတာမင် စီ ပါဝင်တဲ့ ဆေးဝါး တွေ မှီဝဲခြင်းဟာ အ၀လွန်နေသူတွေအတွက် လမ်းလျှောက်ခြင်းကဲ့သို့ပင် နှလုံး ကျန်းမာရေး အတွက် ထိရောက်မှု ရှိတယ်လို့ လေ့လာမှု တစ်ခုက အခိုင်အမာ ဆိုလိုက်ပါတယ်။

ခန္ဓာကိုယ်အလေးချိန် လိုတာထက်ပိုနေတဲ့ အရွယ်ရောက်ပြီးသူတွေဟာ သူတို့ရဲ့ နှလုံး ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်လို့ အကြံပေးမှု တွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း အ၀လွန်နေသူ ၅၀ ရာခိုင်နှုန်း ကျော် က ကျန်းမာရေး ညွှန်ကြားချက်ကို လက်မခံခဲ့ကြပါတယ်။

ဒါကြောင့် အခုတော့ သိပ္ပံပညာရှင်တွေက အ၀လွန်နေသူတွေကို ထပ်မံ အကြုံပြုလိုက်တာက နေ့စဉ် Berocca ဆေးပြားတစ်ပြားစာ နဲ့ညီမျှတဲ့ ဗီတာမင် စီ မှီဝဲခြင်းဟာ လေ့ကျင့်ခန်း ပုံမှန်လုပ်တာလိုပဲ နှလုံးသွေးကြောဆိုင်ရာ ကောင်းကျိုးတွေ ရှိလာလိမ့်မယ် ဆိုတာပါပဲ။ အ၀လွန်နေသူတွေရဲ့ သွေးကြောဟာ သွေးကြောကျဉ်းစေတဲ့ သေးငယ်တဲ့ ပရိုတိန်း Endothelin (ET)-1 ကို လှုပ်ရှားမှုတွေ ဖြစ်ပေါ်စေပါတယ်။ (ET)-1 ပမာဏ မြင့်မားတဲ့ သွေးကြော တွေဟာ သွေးကြောကျဉ်းဖို့ အခွင့်အရေးများလာစေတာ ပဲ ဖြစ်ပါတယ်။

ဒါကြောင့် အရင်တုန်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှု တွေအရ ET-1 လှုပ်ရှားမှုတွေကို လျှော့ချဖို့အတွက် လေ့ကျင့်ခန်း လုပ်ခြင်း က အကူအညီပေးနိုင်တယ်ဆိုတာသိခဲ့ရသလို အခုချိန်မှာတော့ ဗီတာမင် စီ ပုံမှန်မှီဝဲ ခြင်းဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်တာနဲ့ တူညီတဲ့ သက်ရောက်မှု တွေရှိစေတာကြောင့် ဗီတာမင်စီ မှီဝဲ ခြင်းဟာ ET-1 လှုပ်ရှားမှုတွေကိုလည်း လျှော့ချနိုင်မယ် လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။

သိပ္ပံ ပညာရှင်တွေဟာ အရွယ်ရောက်ပြီး အ၀လွန်နေသူ ၃၅ ယောက်ကို ၃ လ ကြာလေ့လာခဲ့ကြပါတယ်။ အယောက် ၂၀ ကိုတော့ နေ့စဉ် ဗီတာမင် စီ မှီဝဲစေခဲ့ပြီး ကျန် ၁၅ ယောက်ကိုတော့ နေ့စဉ် အေရိုးဗစ် လေ့ကျင့်ခန်း တွေ ပြုလုပ်စေခဲ့ပါတယ်။ ပြီးတဲ့နောက် သိပ္ပံပညာရှင်တွေဟာ ထို ၃၅ ယောက်လုံးရဲ့ လေ့လာမှု မစခင်က ET-1 လှုပ်ရှားမှု ပမာဏ နဲ့ လေ့လာမှု အပြီး ပမာဏ တွေကို တိုင်းတာကြည့်တဲ့အခါမှာ အားလုံး ရဲ့ ပမာဏ တွေဟာ တူညီနေတာကိုတွေ့ခဲ့ရပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဘက်က တန်ဆေးလွန်ဘေး ဆိုတဲ့ စကားအတိုင်းပဲ ဗီတာမင် စီ ကို လိုအပ်တာထက်ပိုပြီး မှီဝဲ ရင်တော့ ၀မ်းပျက်ဝမ်းလျှောဖြစ်ခြင်း ၊ ပျို့ခြင် အန်ခြင် ဖြစ်ခြင်း နဲ့ အစာအိမ် အချဉ်ပေါက် ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ကျန်းမာရေး ညွှန်ကြားချက်တွေအရတော့ နေ့စဉ် မှီဝဲ သင့်တဲ့ ဗီတာမင် စီ ပမာဏဟာ အမျိုးသားတွေအတွက်တော့ တစ်နေ့ကို ၉၀ မီလီဂရမ်ဖြစ်ပြီး ၊ အမျိုးသမီး တွေအတွက်တော့ တစ်နေ့ကို ၇၅ မီလီဂရမ်ပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ