လယ်ယာမြေမှ အမှုန်အမွှားများက ကလေးငယ်များကို ရင်ကြပ်ပန်းနာရောဂါ နဲ့ ဓါတ်မတည့်ခြင်းရောဂါများမှ ကာကွယ်ပေးနိုင်




မကြာသေးခင်က ကြွက်တွေမှာစမ်းသပ်ခဲ့ရာ ယောင်ရမ်းခြင်းများကို လျင်မြန်စွာတုံ့ပြန်နိုင်စွမ်းရှိတဲ့ လယ်ယာမြေမှ အမှုန်အမွှားများမှ ဘက်တီးရီးယားကို တွေ့ရှိခဲ့ပြီး ရင်ကြပ်ပန်းနာရောဂါကို ကာကွယ်နိုင်စွမ်းလည်းရှိပါသတဲ့။

 “ ရင်ကြပ်ပန်းနာရောဂါနဲ့ ဓါတ်မတည့်ခြင်းများကို ကာကွယ်ရာမှာ လယ်ယာမြေအမှုန်အမွှားများနဲ့ အမှန်တကယ် ဆက်စပ်မှုရှိကြောင်း ကျွန်တော်တို့ ဖော်ပြနိုင်ခဲ့ပါတယ်။ ဂျာမနီနဲ့ ဆွစ်ဇလန်နိုင်ငံတွေက လယ်ယာမြေအမှုန်အမွှားများနဲ့ ကြွက်များကိုစမ်းသပ်ခဲ့ပါတယ်။ ဒီစမ်းသပ်ချက်က လူတွေမှာဖြစ်လေ့ရှိတဲ့ ဓါတ်မတည့်ခြင်းတွေကို အပြည့်အ၀ကာကွယ်နိုင်တာကို တွေ့ရှိခဲ့ရပါတယ်” လို့ Ghent University မှ ပါမောက္ခ Bart Lambrecht က The Gurdian ကို ပြောကြားသွားခဲ့ပါတယ်။

ကျန်းမာသန်စွမ်းတဲ့လူတွေရဲ့ လေပြွန်ခွဲများကို လေ့လာရာတွင် လေ့လာသူတွေက endotoxins ပါဝင်မှုတွေဟာ ကြွက်တွေအပေါ်မှာလည်း တူညီတဲ့သက်ရောက်မှုတွေ ရှိတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လယ်ယာမြေမှာ နေထိုင်တဲ့ ကလေးငယ် ၅၀၀ မှာလည်း ပုံမှန်အားဖြင့် endotoxins ရရှိပြီး ရင်ကြပ်ပန်းနာရောဂါကို ဖြစ်ပွားစေနိုင်တဲ့ A20 ကို ပိုမိုလျော့ကျစေအောင် မျိုးရိုးဗီဇအရ ပြုပြင်ပြောင်းလဲနိုင်တာကိုလည်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ကလေးငယ်များနဲ့ လူကြီးတွေမှာ ဓါတ်မတည့်မှုနဲ့ ဖျားနာခြင်းများကို ပိုမိုဖြစ်ပွားစေနိုင်တဲ့ ရောဂါပိုးမွှားနဲ့ ဖှုန်မှုန့်တွေကို ကာကွယ်နိုင်ဖို့ တစ်ကိုယ်ရေးသန့်ရှင်းရေးကို ပိုမိုဂရုစိုက်သင့်ကြောင်းလည်း အကြံဥာဏ်ပေးထားပါတယ်။

ဒီလိုရှာဖွေတွေ့ရှိမှုအသစ်ဟာ ဓါတ်မတည့်မှုတွေကို ကာကွယ်ကုစားပေးနိုင်မယ်လို့ မျှော်လင့်ရပြီး လေ့လာသူတွေက ဒီအိုင်ဒီယာကို ကလေးငယ်တွေကို ရောဂါပိုးမွှားတွေကနေ ကာကွယ်နိုင်မယ့်အကျိုးကျေးဇူးတွေ ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ဟော်လန်နဲ့ ဂျာမနီနိုင်ငံတွေမှာ လယ်ယာမြေတွေထဲမှာ တွဲဖက်ဖွင့်လှစ်ထားတဲ့ နေ့ကလေးထိန်းကျောင်းတွေ ရှိပါတယ်။ ဒါဟာထူးဆန်းနေပေမယ့် ကျွန်တော်တို့ ပြောနေချိန်မှာပဲ အနောက်ဥရောပနိုင်ငံတွေမှာ ကျွန်တော်တို့ရဲ့ကလေးငယ်တွေကို လယ်ယာမြေမှာရှိတဲ့ နေ့ကလေးထိန်းကျောင်းတွေကို စေလွှတ်နေကြပါပြီ” လို့ Lambrecht The Verge ကို ရှင်းလင်းပြောပြထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ