ပျားရည်နှင့် ကျန်းမာရေး


မေး ။ ဒါဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့နို့တိုက်မိခင်တွေရော ပျားရည်သောက်လို့ ရပါသလား။
ဖြေ ။ ရတယ်လို့ပြောနိုင်ပါတယ်။ ကိုယ် ဝန်ဆောင်မိခင်သောက်ရင် မိခင်ရော သန္ဓေသားပါ ထိခိုက်မှုမရှိနိုင်ပါဘူး။ အလားတူ နို့တိုက်မိခင်သောက်ရင်လည်း နို့စို့ တဲ့ ကလေး ကို ဘယ်လိုမှအန္တရာယ် မရှိတဲ့ အတွက် သောက်နိုင်ပါတယ်။

မေး ။ ပျားရည်နဲ့အခြားအန္တရာယ်ရှိတာ တွေရှိရင်လည်းသိပါရစေ။

ဖြေ ။ ပျားရည်ကိုအန္တရာယ်ကင်းစွာ စားသုံးနိုင်ဖို့ နောက်ထပ်သတိပြုရမယ့်အချက် (၃)ချက်ရှိ ပါတယ်။

(၁) Grayanotoxin--ပျားတွေ ဝတ်ရည်စုပ်ယူရာမှာ လူတွေကိုအန္တရာယ်ပြုနိုင်တဲ့ ပန်းပင်ရဲ့ ဝတ်ရည်တွေလည်း ရောနှောပါဝင်နေလေ့ရှိပါတယ်။ အများဆုံးကြုံတွေ့ရတဲ့ အဆိပ်ကတော့Grayanotoxin ဖြစ်ပါတယ်။ အဲဒါကတော့ တောင်ဇလပ်ပွင့်လို အပင်မျိုးကနေရပါတယ်။ နောက်ပဒိုင်းပွင့်ကနေရတဲ့ dadua အဆိပ် လည်းရှိပါသေးတယ်။ အဲဒီအဆိပ်တွေပါလေ့ရှိတော့ ပျားမွေးမြူရေးသမားတွေအနေနဲ့ ပျားပုံးတွေချတဲ့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုးပန်းပွင့်တွေရှိမနေစေဖို့ လေ့လာရှင်းလင်းထားရပါတယ်။ ပိုကောင်း တာ က ပန်းပွင့် တွေများတဲ့ နေကြာခင်းလိုနေရာ မှာချထားရင် ပျားတွေအနေနဲ့ တခြားမှာလိုက်ရှာစရာမလိုတော့လို့ ပါလာ စရာ မရှိတော့ပါ။

(၂) Hydroxy methyl furfural(HMF) ဒါကတော့ ပျားရည်ဟာဖြည်းဖြည်း ချင်းအပူနဲ့ ထိ တွေ့ တာကြာ သွားရင်သူ့မှာ ပါတဲ့သကြားဓာတ်တွေဟာ အသွင်ပြောင်းပြီး အဆိပ်ဖြစ်သွားနိုင်ပါတယ်။ သူဟာ အာရုံကြောတွေကို ထိခိုက်စေတဲ့အတွက်အပြည်ပြည်ဆိုင်ရာ ရောင်းဝယ်မှုမှာ HMF ပါဝင်မှုကို 40 mg/kg ထက် မပိုရဘူးလို့ သတ် မှတ်ထားပါတယ်။ ဘယ်လိုမျိုးတွေ့ရသလဲဆိုတော့ ပျားရည်ကို treat မလုပ်ဘဲ ဒီအတိုင်း အိမ်မှာသိမ်းထားရင် ပြင်ပရာသီဥတုပူလာတဲ့အခါမှာ တဖြည်းဖြည်း ဓာတ်ပြောင်း သွားလေ့ ရှိပါ တယ်။ ကျွန်တော်တို့နိုင်ငံလို ပူတဲ့ တိုင်းပြည်တွေမှာ ပိုပြီးသတိထားဖို့လိုပါ လိမ့်မယ်။

(၃) တတိယအချက်အနေနဲ့ ပျားရည်ထဲမှာ ဗက်တီးရီးယားတွေ yeast တွေပေါက် လာပြီး အထဲမှာ ရှိတဲ့ သကြားကိုစားသုံး ပြီးတော့ ပျားရည်ပျက်စီးသွားခြင်းဖြစ်ပါတယ်။ အဲဒါကို ဘယ်လိုသိနိုင်သလဲဆို ရင် ပျားရည် ပုလင်းရဲ့အပေါ်ယံမှာ အမြှုပ်လေးတွေထွက်နေမယ်။ စုနေမယ် ဆိုရင် အထဲမှာပိုးတွေပေါက်နေပြီး အာနိသင်မရှိတော့ဘူး။ အန္တရာယ်ရှိနေပြီလို့သိဖို့လိုပါတယ်။ ဖျက်ဆီးပစ်ဖို့လိုပါတယ်။ ဒီလိုမဖြစ်ရလေအောင် ပျားရည်ကို အပူချိန် 60 C မှာ မိနစ် ၂ဝ လောက်ကြိုတင်ပြီး အပူပေး treat လုပ် ထား ရင်ဒီပြဿနာ မရှိနိုင်တော့ပါ။

မေး ။ ဒါဆိုရင် ဒီအန္တရာယ်တွေကနေ ကင်းစင်အောင် စိတ်ချရတဲ့ ပျားရည်ဖြစ် အောင် ဘယ်လိုမျိုးပြုပြင်ဖို့လိုပါသလဲဆရာ။

ဖြေအရင်တုန်းကတော့ ပျားရည်ကို တောထဲကနေယူပြီး အစိမ်းအတိုင်း စားသုံးကြလေ့ရှိပါတယ်။ ကောင်းတဲ့သူလည်းရှိသလိုဒုက္ခရောက်တဲ့သူလည်းရှိပါတယ်။ ကောင်း တာ တော့များတဲ့ အတွက် ဒီအတိုင်းပဲ ဒီနေ့အထိ ဆက်လက်ကျင့်သုံးနေဆဲလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ရာခိုင်နှုန်းပြည့်စိတ်ချရအောင် ပျားရည်တွေကို 60 C မှာ မိနစ် ၂ဝ အပူပေးပြီးအမနအေ လုပ်ဖို့လို ပါတယ်။ ဒီလိုလုပ်လိုက်ရင် ပျားရည်မှာပါဝင်လာနိုင်တဲ့ ဗက်တီးရီးယား၊့ နျေအ မှိုစတဲ့ ရောဂါပိုးတွေ သေဆုံးကုန်လို့ နောင်ကို ရောဂါပိုးကြောင့်ဖြစ်တဲ့ပြဿနာ တွေလည်း စိုးရိမ်စရာမလိုတော့ပါ။ ပြီးတော့

အဆိပ်အတောက်ရှိတဲ့ ဝတ်ရည်တွေကတစ် ဆင့် ပါလာနိုင်တဲ့အဆိပ်တွေကလည်း အဲဒီအပူ ချိန်မှာ ဓာတ်ပြယ်သွားတဲ့အတွက် အဆိပ်သင့်တဲ့ပြဿနာကလည်း ကင်းဝေးစေနိုင်ပါ တယ်။ နောက်ပြီး အိမ်မှာ သိမ်းထားတဲ့အခါမှာ အပူချိန်မြင့်လိုံ့ငြ်္ ထွက်လာမှာလည်းပူစရာမလိုတော့ပါ။ ဒါကြောင့် treatလုပ်ပြီးပျားရည်ကိုမှီဝဲနိုင်ရင် အကောင်းဆုံးဖြစ်ပါ တယ်

။မေး ။ ပျားရည်ဟာ ဆီးချိုသွေးချိုဝေဒနာ သည်တွေ သောက်လို့ ရ/မရသိပါရစေ။

ဖြေ ။ အနည်းငယ်သောက်လို့ရပါတယ်။ ပျားရည်ကို မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း

သောက်လို့ဆီးချိုပိုမတက်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပျားရည်မှာပါတဲ့ သကြားဓာတ်တွေဟာ complex sugar တွေဖြစ်တော့ သွေးထဲမှာ glucose ဓာတ်မတက်နိုင်ပါ။ ဒါ့အပြင် အဓိကအများဆုံးပါဝင်တဲ့ သကြားဓာတ်ဟာ Fructose ဖြစ်ပါတယ်။ သူဟာ glucose လောက် အူနံရံကနေစုပ်ယူမှုမမြန်ပါဘူး။ ဒါကြောင့် သွေးထဲမှာ တစ်ခါတည်း သကြားဓာတ်တွေတက်မလာနိုင်ပါ။ နောက်ပြီး Fructose တွေဟာ ဆဲလ် ထဲဝင်ဖို့ glucoseလို အင်ဆူလင်ဟော်မုန်းမလိုပါဘူး။ ဒါကြောင့် အလွယ် တကူ ဆဲလ်တွေ ထဲဝင် သွားနိုင်ပါတယ်။ ဒါကြောင့် သွေးထဲမှာ glucose ထပ်တက်စရာမရှိလို့ အနည်းငယ်စားနိုင်ပါတယ်။ ဆီးချို မှာဖြစ်တဲ့ အနာ တွေထည့်တာကတော့ ပြဿနာ ဘာမှမရှိပါ။ ပျားရည် ဟာအင်မတန်ကောင်းပါတယ်။

မေး ။ ကမ္ဘာပေါ်မှာ ပျားရည်ကို ဘယ် နိုင်ငံတွေမှာ အများဆုံးထုတ်လုပ်ပါသလဲ။ တစ်နှစ်ကို ဘယ်လောက် ထုတ်လုပ်တယ်ဆို တာလဲပြောပြပေးပါ။

ဖြေ ။ကမ္ဘာ့ကုလသမဂ္ဂရဲ့ FAO ကနေထုတ်ပြန်ချက်အရ တစ်ကမ္ဘာလုံးအနေနဲ့ တစ်နှစ်မှာ ပျား ရည် တန်ချိန်ပေါင်း 1.3 million ထုတ်လုပ်တယ်လို့ဆိုပါတယ်။ ဒေသ အလိုက်ကြည့်ရင်-

(၁) အာရှဒေသ - ၃၈.၃ %

(၂) ဥရောပဒေသ - ၂၃.၃ %

(၃) မြောက်အမေရိက - ၁၃.၂ %

(၄) အာဖရိက - ၁၁.၂ %

(၅) တောင်အမေရိက - ၁ဝ.ဝ %

(၆) ကျန်ဒေသ - ၄.ဝ %

ဖြစ်ပါတယ်။

မေး ။ ပျားရည်ကိုအခြားဆေးဖက်ဝင်တဲ့သဘာဝဆေးပင်တွေနဲ့ တွဲဖက်အသုံးပြုတာ လည်း တွေ့ရပါ တယ်ဆရာ။ အဲဒါနဲ့ပတ်သက် လို့ ဆရာ့အမြင်လေးလည်းသိပါရစေ။

ဖြေ ။ ပျားရည်ကို တခြားဆေးဖက်ဝင် အပင်တွေနဲ့ အဆီအနှစ်တွေနဲ့ရောပြီး အသုံး ပြုလေ့ရှိတာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝလောက်ကတည်းကဖြစ်ပါတယ်။ အင်မတန် ကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့-

(၁) Source of honey- ပျားရည်ဟာ အစားအစာတွေကို မပုပ် မသိုးအောင် တာရှည်ခံအောင် ပြုလုပ် နိုင် စွမ်းရှိပါတယ်။ Herbal extract တွေဟာ သူချည်းဆိုရင် ကြာရှည်ခံလေ့မရှိ ပါဘူး။ ပုပ်သိုး သွား လေ့ရှိ ပါ တယ်။ ဥပမာရှောက်သီးကိုအရည်ညှစ်ပြီး ခွက်ထဲမှာထည့်ထားကြည့်ပါ။ ၂၄ နာရီအတွင်းမှာ ခါးပြီး ပျက် စီး သွားပါတယ်။ အဲဒီရှောက်သီးကိုပဲ ပျားရည်ထဲမှာညှစ်ပြီးထားလိုက်ရင် ၃-၄ နှစ်အာနိ သင် မပျက် ထားနိုင်ပါတယ်။ ဥပမာ ရှောက်ပျားရည်လိုမျိုး ဒါကအဓိကအချက်ဖြစ်ပါတယ်။

(၂)အရသာရှိဖို့အတွက် ရောခြင်းဖြစ်ပါတယ်။ပျားရည်ဟာ ချိုတဲ့အရသာရှိပါတယ်။ အချို့သော ဆေးဖက်ဝင်အပင် တွေရဲ့ အဆီအနှစ်တွေဟာ ခါးချင်ခါး မယ်။ ချဉ်ချင် လည်းချဉ်မယ်။ အဲလိုဟာ မျိုးကို ဒီအတိုင်းသောက်တာထက်ပျား ရည်နဲ့ရောလိုက်တော့ မူလအာနိသင် မပျက်ဘဲ အရသာရှိသွားတဲ့အတွက် သောက်ရတာ ပိုပြီး အဆင်ပြေ သွားပါတယ်။ ဥပမာ-ဆင်တုံးမနွယ်ပျားရည်၊ လင်ဇီးပျားရည်လိုမျိုးပေါ့။

(၃) Processing Practice လို့ခေါ်တဲ့ ဆေးအာနိသင် ပိုမိုထက်မြက်အောင် ရောခြင်းဖြစ်ပါ

တယ်။ ဥပမာနွယ်ချိုအဆီအနှစ်နဲ့ပျား ရည်ကိုရောပြီး အစာအိမ်ရောဂါကုသ ရာမှာ သုံးတာမျိုးဖြစ်ပါတယ်။ နွယ်ချို ဟာ အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသလို ပျားရည်ဟာလည်းအဲဒီဂုဏ်သတ္တိရှိလို့ နှစ် ခုပေါင်းအာနိသင်ပိုမိုထက်မြက်သွားရခြင်းဖြစ်ပါတယ်။ ဥပမာ-နွယ်ချိုပျားရည်

မေး ။ ပျားရည်ရဲ့အရည်အသွေးကောင်း၊ မကောင်း ဘယ်အချက်တွေပေါ် မူအတည် ဆုံးဖြစ် ပါ သလဲဆရာ။

ဖြေ ။ အဓိကအားဖြင့်

(၁) Source of honey -ပျားရည်စုဆောင်းရရှိတဲ့နေရာ၊ တောင်ပေါ်ဒေသကရတဲ့ပျားရည်ဟာ မြေပြန့် ကရတဲ့ပျားရည် ထက်ပိုကောင်းပါတယ်။ အထူးသဖြင့် ပတ်ဝန်း ကျင် ညစ် ညမ်း မှုပိုနည်း လို့ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုတို့ဟာ ပျားရည်ရဲ့ အရည် အသွေးကို ကျဆင်း စေပါတယ်။

(၂) Collection practice -စုဆောင်းပုံနည်းစနစ်၊ စနစ်တကျကိုင်တွယ်ဆောင်ရွက် မှုရှိ၊မရှိ၊ သန့်ရှင်းမှု ရှိ၊မရှိ၊ ပျားအုံ သေတ္တာတွေကို ပုံမှန် သန့် ရှင်းရေး လုပ်၊ မလုပ်ပေါ်မူတည်ပါတယ်။

(၃) Processing Practice -စက်ရုံမှာ စနစ်တကျထုပ်ပိုးမှု ရှိ၊ မရှိ၊ GMP/ISO အဆင့်နဲ့ ညီ၊ မညီ။

(၄) Storage -သိုလှောင်တဲ့အခါ အခန်း အပူချိန်ကို 25 C အောက်မှာ ထားနိုင် မှုရှိ၊ မရှိ ပေါ်မူတည်ပါတယ်။

မေး ။ လူတွေဟာ ပျားရည်ကို ဘယ်တုန်း ကတည်းက စားသုံးခဲ့ကြတာပါသလဲဆရာ။

ဖြေ ။လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝဝခန့်က ရေးဆွဲခဲ့တဲ့ ကျောက်ဂူနံရံဆေးရေး ပန်းချီတွေ ထဲမှာပျားဖွပ်နေတဲ့ပုံတွေပါတာ ကြည့်ခြင်းအားဖြင့် အဲဒီကတည်းက အနည်းဆုံး စားသုံးခဲ့တယ် လို့ သိရပါတယ်။ Spain နိုင်ငံ Valencia ဒေသမှာရှိတဲ့ ကျောက်ဂူ တွေမှာတွေ့နိုင်ပါတယ်။

မေး ။ ပျားရည်ရဲ့ အရည်အသွေးထိန်း ချုပ်မှုကို ဘယ်လိုမျိုးပြုလုပ်တယ်ဆိုတာလည်း သိပါ ရစေ။

ဖြေ ။ ပျားရည်ရဲ့ အရည်အသွေးထိန်း ချုပ်မှုကိုပြုလုပ်ရာမှာ ကုန်ကြမ်းဘဝမှာရော ကုန်ချောဘဝမှာပါ စစ်ဆေးရပါတယ်။

( က )ကုန်ကြမ်းဘဝတွင်စစ်ဆေးခြင်း။ ဒီလို စစ်ဆေးရာမှာ- ပျားရည်စစ်/မစစ် - ရောဂါပိုးတွေ ပါ/မပါ- အဆိပ်ရှိတဲ့ ပန်းတွေ ကနေ ရတဲ့ ပျားရည်ပါ၊ မပါ အင် တီအောက် ဆီဒင့် ပါဝင်မှု - ရေ ပါဝင်မှု - သကြားဓာတ် ပါဝင်မှုHeavy metal ပါဝင်မှု

( ခ ) ကုန်ချောဘဝတွင် စစ်ဆေးမှု - အရင်ကစစ်တဲ့ test တွေအားလုံးပြန်စစ်ပါတယ်။ ပြီး မှ နှစ်ခု ကိုနှိုင်းယှဉ်ရပါတယ်။ ။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ