အသည်းရောင် ရောဂါကြောင့် သေဆုံးသူ ပိုမို များပြားလာ


ကမ္ဘာတစ်ဝန်းတွင် AIDS ရောဂါနှင့် တီဘီရောဂါတို့ထက် အသည်းရောင်ရောဂါဖြင့် သေဆုံးသူ အရေ အတွက်မှာ ပိုမိုများပြားလာကြောင်း သိရသည်။ ထို့ကြောင့် ယင်း ရောဂါကို အစွမ်းကုန် တိုက်ဖျက်ရန် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း (WHO) က တိုက်တွန်းထားသည်။

အရက်သေစာ သောက်စားမှုနှင့် မူးယစ် ဆေးဝါး သုံးစွဲမှုတို့ကြောင့် အသည်းရောင် ရောဂါ ဖြစ်ပွားတတ်ပြီး ၂ဝ၁၅ ခုနှစ်တွင် အဆိုပါ ရောဂါကြောင့် သေဆုံးသူ ၁ ဒသမ ၃၄ သန်း ရှိကာ သေဆုံးသူ အရေအတွက်မှာ HIV/AIDS ရောဂါနှင့် တီဘီရောဂါ တို့ကြောင့် သေဆုံးသည့် အရေအတွက်နှင့် ညီမျှကြောင်း ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာ တစ်စောင်တွင် ပြောသည်။ သို့သော် ယခုအခါ HIV/AIDS ရောဂါ နှင့် တီဘီရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ လျော့ကျလာပြီး အသည်းရောင်ရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ရာခိုင်နှုန်း မြင့်တက် လာကြောင်း သိရသည်။

သို့သော် ကမ္ဘာတစ်ဝန်းတွင် အသည်းရောင်ရောဂါ ကူးစက်ခံရသူ ၃၂၅ သန်း ရှိသည့်အနက် အများစုမှာ ၎င်းရောဂါပိုး ကူးစက်ခံရခြင်းကို သတိမပြုမိကြောင်းနှင့် အချို့မှာ ရောဂါ ကုသနိုင်သည့် ဆေးဝါးများကို မသောက်သုံးရကြောင်း သိရသည်။ မျက်မှောက်ကာလတွင် အသည်းရောင် ရောဂါ ဖြစ်ပွားမှုမှာ ပြည်သူလူထု ကျန်းမာရေး အတွက် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်ပြီး ၎င်းရောဂါကို အမြန်ဆုံး ကုသရန် လိုအပ်ကြောင်း WHO မှ ညွှန်ကြားရေးမှူးချုပ် မာဂရက်ချန်က ပြောသည်။ အသည်းရောင် ရောဂါ B နှင့် C ကြောင့် သေဆုံးမှုမှာ ၉၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြ၀တီ
https://www.facebook.com/pg/mwdmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ