အသီးအရွက်စည်သွပ်အစာများစားသောသူများသည် အခြားဘာမှမစားသောသူထက်ပို၍ကျန်းမာစေနိုင်


ကျွန်တော်တို့သိထားတာက စည်သွပ်ဘူးအစားအစာတွေဟာကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့သိထားကြတာပါ၊ ဒါပေမယ့် ဒီသုတေသနအသစ်ကတော့ အသီးအရွက်စည်သွပ်ဘူးတွေစားသုံးတဲ့သူဟာ အသီးအရွက်တွေကိုရှောင်တဲ့ အခြားလူတွေထက်စာရင်တော့ပိုပြီး ကျန်းမာနိုင်တယ်လို့ဆိုခဲ့တာပါ၊

ဒါပေမယ့်လည်းပဲ သူတို့မှာလည်း ကယ်လိုရီ နဲ့သကြားတွေကိုစားသုံးခြင်းကိုရပ်တန့်ဖို့ သတိပေးထားပါတယ်၊ ဒီသုတေသနကိုတော့ ကယ်လီဖိုးနီယားက သုတေသီတွေက ၂၀၀၁ခုနှစ်ကနေ ၂၀၁၀ခုနှစ်အတွင်း အမေရိကန်နိုင်ငံ
က ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေဆီမှာ လေ့လာခဲ့တာဖြစ်ပါတယ်၊

သူတို့ဟာ လူတွေရဲ့ အစားအသောက်အရည်အသွေးနဲ့ သူတို့ရဲ့စားသုံးတဲ့စားသုံးတဲ့ ကောက်စပါး၊ နို့ထွက်ပစ္စည်း၊ ပရိုတိန်း၊ ပင်လယ်စာနဲ့ကန့်သတ်ဆားပမာဏ၊ သကြာနဲ့ ကယ်လိုရီပမာဏ စတဲ့စည်သွပ်ဘူးအစားအစာတွေ အပေါ်အခြေခံပြီး ဒီစာရင်းကိုပြုစုခဲ့တာပါ၊

"တစ်ယောက်က စည်သွပ် အသီးအရွက်တွေကိုစားတယ်၊ နောက်တစ်ယောက်က နည်းပါတဲ့ ပမာဏကိုပဲစားတယ်ဆိုရင် နည်းနည်းပဲစားတဲ့ လူထက် စည်သွပ်အသီးအရွက်တွေပုံမှန်စားနေတဲ့လူကပိုပြီး များပြားတဲ့ အာဟာရကို
ရရှိပါတယ်၊" လို့ ကယ်လီဖိုးနီးယား ဆန်ဟိုဆေး တက္ကသိုလ်က လက်ထောက်သုတေသီ marjorie Freedman ကပြောပါတယ်၊

ကလေးတွေနဲ့အရွယ်ရောက်ပြီးသူတွေရဲ့ စားသုံးတဲ့ အသီးအရွက်စည်သွပ်ဘူးတွေဟာ တူညီတဲ့ ဆားနဲ့ သကြားအဆင့်တွေ ရရှိတယ်လို့ပြောပါတယ်၊

လေ့လာသူတွေက စည်သွပ်ဘူးတွေက အသီးအရွက်တွေဟာ လတ်လတ်ဆတ်ဆတ် နဲ့ အေးခဲ အသီးအရွက်တွေနဲ့စာရင်ရောပိုပြီးကျန်းမာရေးကိုအထောက်အကူပြုနိုင်မပြုနိုင်ဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး၊



(Blue Lion)

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ