သောက်ရေသန့်တွေမှာ ဘက်တီးရီးယား ၁၀ သန်း အထိ ပါဝင်နေတာကိုတွေ့ ရှိ


သုတေသီတွေက  သန့်စင်ထားတဲ့ သောက်ရေသန့်တွေဟာ လုံးဝ ဥသုံ သန့်ရှင်းနေတာ မဟုတ်ဘူးဆိုတာ ကို တွေ့ရှိခဲ့ကြပါတယ်။ ထပ်မံပြီး သုတေသီတွေ ရှာဖွေတွေ့  ရှိခဲ့တာကတော့ သောက်ရေသန့်တွေမှာ ဘက်တီးရီးယား ၁၀ သန်း အထိ ပါဝင်နေတယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း စိတ်မပူပါနဲ့ ။ ထို ဘက်တီးရီးယားတွေဟာ အန္တရာယ်မပေးနိုင်တဲ့အပြင် ရေသန့် ရဲ့  အရည်အသွေးကို လည်း အဆင့်မြှင့်ပေးနိုင်တယ်လို့ သိရပါတယ်။ ဆွီဒင်နိုင်ငံက Lunch တက္ကသိုလ် မှာရှိတဲ့ သုတေသီတွေက ထို အဏုဇီဝ ဘက်တီးရီးယား တွေဟာ ရေသန့်စင်စက်တွေနဲ့ ရေပိုက်တွေရဲ့ အတွင်းပိုင်းမှာ ရှင်သန်နေတာကိုတွေ့ခဲရပါတယ်။

အဲဒီနောက်မှာတော့ အဆိုပါ ဘက်တီးရီးယားတွေဟာ ပိုက်တွေအတွင်းမှာ ပါးလွှာပြီး စေးကပ်တဲ့  Biofilm တွေအဖြစ် ပြောင်းလဲ ဖြစ်ပေါ်လာပါတယ်။ ဒီလေ့လာမှုက ထုတ်ဖော်ပြသခဲ့တဲ့ နောက်ထပ် အကြောင်းအရာတစ်ခုကတော့ ရေပိုက်တွေအတွင်းမှာ နေထိုင်နေတဲ့ ကွဲပြားခြားနားသော ဘက်တီးရီးယား မျိုးစိတ်ပေါင်း များစွာ ရှိနေနိုင်ပြီး ထို ဘက်တီးရီးယား တွေဟာ သင် အရင်က ထင်ထားတာထက် ပိုမို အရေးပါတဲ့ ကဏ္ဍ ကနေ ပါဝင်နေတယ် ဆိုတာပါပဲ။

သုတေသန အရတော့ ကွဲပြားခြားနားတဲ့ ဘက်တီးရီးယား မျိုးစိတ်ပေါင်း ထောင်နဲ့ချီ အရေအတွက်ရှိနေပြီး ထို ဘက်တီးရီးယားတွေနဲ့ သောက်ရေသန့် အရည်အသွေး တို့ကြားမှာလည်း ပတ်သက်ဆက်နွယ်နေမှုတွေရှိနေပါတယ်။

"ငါတို့ သံသယ ရှိတာက ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေလည်း ရှိနေပြီး အဲဒီ ဘက်တီးရီးယားတွေဟာ ရေကို ပိုမို သန့်စင်လာအောင် ကူညီနိုင်ပြီး လုံခြုံမှုရှိအောင်လည်း ထိန်းသိမ်းပေးထားနိုင်ပါတယ်။ ငါတို့ ခန္ဓာကိုယ်အတွင်းမှာ ဖြစ်နေသလိုပေါ့။ ငါတို့ရဲ့  အူနဲ့ အစာအိမ်လမ်းကြောင်းဟာ ဘက်တီးရီးယားတွေနဲ့ ပြည့်နေပါတယ်။ ဒါပေမယ့်လည်း ငါတို့ ကျန်းမာနေပါတယ်။ အဲဒီဘက်တီးရီးယားတွေဟာ ငါတို့ရဲ့  အစာချေဖျက် မှု ကို ကူညီပေးနေပြီး ရောဂါပိုးတွေကိုလည်း တိုက်ထုတ်ပေးပါတယ်" လို့ ဒီသုတေသန ကို ဦးဆောင်ခဲ့သူ Catherine Paul က ဆိုပါတယ်။

ဥပမာအားဖြင့် Sphingomonas ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးဟာ အရည်အသွေးမြင့် သောက်ရေသန့်တွေမှာ တွေ့  ရလေ့ရှိပြီး ထိုဘက်တီးရီးယားတွေဟာ သောက်ရေသန့်ထဲမှာ ရှင်သန်နိုင်ဖို့အတွက် အဆိပ်အတောက်တွေနဲ့ ပလတ်စတစ် အမျိုးအစားတွေကို ချေမှုန်းပေးနိုင်ပါတယ်။ အခြား ဘက်တီးရီးယား တွေကတော့ ရေသန့်ထဲမှာ အနည်းငယ် မှားယွင်းမှုတွေ ဖြစ်ပေါ်စေနိုင်တာကိုတော့ သတိပြုရပါမယ်။ ဖြစ်လာနိုင်တာတွေကတော့ ရေပိုက် သံချေးတက်စေခြင်း နဲ့ ကလိုရင်း ပမာဏ လျော့ကျသွားစေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ