ကြက်သွန်ဖြူစား၍ထွက်သော ကိုယ်သင်းနံ့က မိန်းကလေးတွေကို ပိုဆွဲဆောင်နိုင်



ချိန်းတွေဖို့ လမ်းညွှန်ချက်တွေထဲက အထူးဆန်းဆုံးအချက်များ ဖြစ်နေသလား။ ယောကျာ်းလေးတွေအနေနဲ့ ကြက်သွန်ဖြူကို အစိမ်းစားပြီး ထွက်လာတဲ့ ချွေးနံ့က မိန်းကလေးတွေကို ပိုပြီးစွဲဆောင်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ကြက်သွန်ဖြူစားတဲ့ အနံ့အမျိုးအစားကို ပိုနှစ်သက်ဖို့ မိန်းကလေးတွေက မွေးဖွားလာတာဖြစ်တယ်လို့ သုတေသီတွေက အကြံပြုပါတယ်။ ကြက်သွန်ဖြူဟာ အာဟာရဓာတ် ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ချိုင်းချွေးကိုထွက်စေတဲ့အတွက် လူကို ကျန်းမာစေတယ်လို့ သိရပါတယ်။

 ကြက်သွန်ဖြူဟာ ပဋိဇီဝဆေးဖြစ်ပြီး သူ့မှာ ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့၊ မှိုတွေကို တိုက်ဖျက်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ အအေးမိကို သက်သာစေပြီး သွေးပေါင်ချိန်မြင့်တက်မှုကို လျှော့ချပေးကာ၊ ကင်ဆာအချို့ကို ပျောက်စေပါတယ်။

အနံ့ဆိုးတွေကို ဖြစ်စေတဲ့ အနုဇီဝ သိပ်သည်းမှုကို လျှော့ချပေးပြီး ကြက်သွန်ဖြူဟာ ချိုင်းချွေးနံ့ကို ပိုမွှေးအောင်လုပ်ပေးတယ်လို့ Stirling တက္ကသိုလ်နဲ့ Charles တက္ကသိုလ်မှ သုတေသီတွေက ပြောပါတယ်။

'ကျွန်တော်တို့ လေ့လာမှုရဲ့ အဖြေက ကြက်သွန်ဖြူစားရင် ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြု သက်ရောက်မှုတွေရှိပြီး အနံ့ဆိုးတွေကို သက်သာစေကာ၊ အဲ့ဒီ့ကနေ သာယာမှုကို ဖြစ်ပေါ်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်မှု၊ အနုဇီဝဘက်တီးရီးယားတိုက်ဖျက်မှု စတဲ့ ကျန်းမာရေး လုပ်ဆောင်ချက်တွေကြောင့် ကျန်းမာရေးကို ကောင်းကျိုးပြုပါတယ်။ ကြက်သွန်ဖြူစားတဲ့ အမျိုးသားတွေရဲ့ ကိုယ်သင်းနံ့ကို မစားတဲ့ အမျိုးသားတွေထက် အမျိုးသမီးတွေက တပ်မက်တာ တွေ့ခဲ့ရတယ်။" လို့ သုတေသီတွေက Appetite ဂျာနယ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref:Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ