ဦးနှောက်အပေါ် အရက်၏အကျိုးသက်ရောက်မှု အမျိုးသားနှင့်အမျိုးသမီးတို့ တွင် မတူကွဲပြား


အမျိုးသားနှင့်အမျိုးသမီးတို့ အကြား အရက်သောက်သုံးမှုကြောင့် ဦးနှောက်တွင်ဖြစ်ပေါ်သည့် စိတ်တက် ကြွမှုနှင့်ကျေနပ်အားရမှုအပိုင်းမှာ မတူကွဲပြားသည်ကိုတွေ့ ရကြောင်း အမေရိကန်ပြည်ထောင်စု၊ မက်ဆာ ချူးဆက်တက္ကသိုလ်နှင့် ဘော်စတွန်တက္ကသိုလ်တို့ မှ ပူးပေါင်းလေ့လာဆန်းစစ်ထုတ်ပြန်ကြေညာသည်။

လေ့လာမှုအရ အရက်သောက်သောအမျိုးသမီးများ၏ဦးနှောက်၌ စိတ်ဓါတ်တက်ကြွမှု၊ ကျေနပ်အားရမှု၊ အပြုသဘောဆောင်သည့်စိတ်ခံစားချက်များဖြစ်ပေါ်မှု တို့ ကို ထိန်းချုပ်ပေးသည့်အပိုင်းက အရွယ်အစား အားဖြင့်ပိုကြီးသည်ကိုတွေ့ ရကြောင်း၊ သို့ သော် အရက်သောက်သောအမျိုးသားများတွင်မူ ၄င်းဦးနှောက် အပိုင်းမှာ အမျိုးသမီးများတွင်လောက် ကြီးမားခြင်းမရှိသည်ကို တွေ့ ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အရက်သောက်တဲ့အမျိုးသားတွေရဲ့  အရက်သောက်သုံးမှုအပေါ် အားရကျေနပ်မှုကိုဖြစ်စေတဲ့ ဦးနှောက် အပိုင်းက အရက်သောက်တဲ့အမျိုးသမီးတွေမှာလောက် မကြီးပါဘူး။ ဒါ့အပြင် တစ်ချိန်က အရက်ကို စွဲစွဲ လန်းလန်းသောက်ခဲ့ပြီး အရက်စွဲရောဂါဖြစ်သွားပြီးတော့ အရက်ကိုရေရှည်ဖြတ်ခဲ့ကြတဲ့ အမျိုးသားတွေမှာ လည်း အဲဒီဦးနှောက်အပိုင်းက အထွေအထူး ပြန်ကြီးလာတာမျိုးကို မတွေ့ ရပါဘူးဟု သုတေသီတစ်ဦးက ဆိုသည်။
အဆိုပါတွေ့ ရှိချက်ကိုအခြေခံကာ အရက်စွဲရောဂါကုသရာတွင် အမျိုးသားနှင့်အမျိုးသမီးတို့ ကိုကုသမှုပုံစံ သည်လည်း ကွဲပြားလာနိုင်ပြီး မူလကထက်ပို၍ ထိရောက်မှုကောင်းမွန်လာနိုင်ဖွယ်ရှိကြောင်း၊ ဦးနှောက် တွင်းရှိ အကျိုးရှိသည့်အတွေ့ အကြုံကိုခံစားလေ့ရှိသည့်အပိုင်း၊ မှတ်ဥာဏ်အပိုင်းနှင့် ရှုပ်ထွေးသောဆုံး ဖြတ်ချက်များကို ချမှတ်သည့်အပိုင်းတို့ တွင် အမျိုးသားနှင့်အမျိုးသမီးတို့ ၏ ဦးနှောက်ပြောင်းလဲမှုအပိုင်း မတူညီသည်ကိုအခြေပြုကာ အရက်စွဲရောဂါကုသမှုပုံစံများကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် ပြုလုပ် သွားနိုင်ဖွယ်ရှိကြောင်း သိရသည်။ ကမ္ဘာတစ်ဝန်းတွင် အရက်စွဲရောဂါကိုခံစားနေရသူပေါင်း သန်းပေါင်း များစွာရှိကြောင်း၊ အရက်စွဲရောဂါ သည် စိတ်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ အရက်ကိုသောက်လိုက်ရမှသာ တစ်စုံတစ်ခုကိုပြုလုပ်နိုင်မည်ဟူ သည့် အရက်အပေါ် စိတ်ပိုင်းဆိုင်ရာ ယုံကြည် တပ်မက်မှုဖြစ် သွားခြင်းဖြစ်ကြောင်း ၊ အကျိုးဆက်အားဖြင့် ဦးနှောက်ကျုံ့ ခြင်းဖြစ်ပေါ်ခြင်းဖြစ်ကြောင်း၊ သို့ သော် အမျိုးသမီးများတွင် ဖော်ပြပါအတိုင်း အချို့ သော ဦးနှောက်အစိပ်အပိုင်းများမှာ အမျိုးသားများတွင်ထက် ပို၍ကြီးနေသည်ကိုတွေ့ ရခြင်းဖြစ်ကြောင်း၊ ဆက် လက် စူးစမ်းလေ့လာမှုများပြုလုပ်ပြီး အရက်စွဲရောဂါကို ပိုမိုထိရောက်အောင် ကုသနိုင်ရန် သုတေသီများ က ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားကြ မည်ဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ