တင်ပဆုံအစားထိုးကုသမှု စောစီးစွာပြုလုပ်ခြင်းဖြင့် အသက်ရာပေါင်းများစွာကို ကယ်တင်နိုင်


တင်ပဆုံရိုး ထိခိုက်ဒဏ်ရာရသည့်လူနာများကို ၂၄ နာရီအတွင်း အစားထိုးကုသမှုပြုလုပ်ပေးနိုင်ပါက အသက်ပေါင်းရာပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန် ဆေးတက္ကသိုလ်မှ သုတေသီများက ထုတ်ပြန်ကြေညာသည်။
လေ့လာဆန်းစစ်မှုများအရ တင်ပဆုံရုံးကျိုးသည့်ဝေဒနာဖြင့် ဆေးရုံသို့ ရောက်ရှိလာကြပြီး အစားထိုးကုသ မှုကို ၂၄ နာရီမှ ၃၆ နာရီအတွင်း ခံယူခဲ့ရသည့်လူနာများအနက် ရက် ၃၀ အတွင်း သေဆုံးသူဦးရေမှာ ၈ ရာခိုင်နှုန်းထက်မနည်း ရှိကြောင်း၊ အမြန်ခွဲစိပ်ကုသမှုနှောင့်နှေးကြန့် ကြာမှုကြောင့် မသေသင့်ဘဲ သေဆုံး ရသူဦးရေမှာ တိုးလာပြီး ၄ နှစ်အတွင်း ၆၇၀ ဦး တိုးလာသည်ကိုတွေ့ ရကြောင်း သုတေသီများက ဆိုသည်။ခွဲစိပ်ကုသရမယ့်ဒဏ်ရာမျိုးဆိုရင် အချိန်မဆွဲဘဲ ချက်ခြင်းခွဲစိပ်ပေးခြင်းဖြင့် လူနာတွေ မသေသင့်ဘဲ မသေ ရအောင် အများကြီးကာကွယ်ပေးနိုင်တာကို ဒါ ပထမဆုံးအကြိမ် တွေ့ ရှိပြီး ထုတ်ပြန်ကြေညာနိုင်ခြင်း ဖြစ် ပါတယ်။ အဲဒီထဲမှာ အသိသာဆုံးက တင်ပဆုံရိုး အစားထိုးခွဲစိပ်ကုသမှု ဖြစ်ပါတယ်ဟု ဦးဆောင်သုတေသီ Timothy Chesser က ပြောပြသည်။ တင်ပဆုံရိုးကျိုးတဲ့လူနာတွေထဲမှာ မတော်တဆထိခိုက်မိလို့  လူငယ်တွေပါလာတတ်တာကလွဲရင် အများ စု က သက်ကြီးပိုင်းတွေဖြစ်ပါတယ်။ သက်ကြီးပိုင်းတွေဆိုတာ မူလက ရောဂါအခံတွေလည်း အမျိုးမျိုး ပါ လာတတ်ကြတာပါ။ သူတို့ ကို တင်ပဆုံကျိုးတဲ့ဝေဒနာကြီးနဲ့  ကြာကြာထားလေ၊ အသက်ရှင်နိုင်ခြေ နည်း လေ ဖြစ်ပြီး ခွဲစိပ်ကုသမှု အမြန်ဆုံးပြုလုပ်ပေးခြင်းဖြင့် သူတို့ ရဲ့  အသက်ရှင်သန်နိုင်ခြေကို ၂၀ ရာခိုင်နှုန်း ထက်မနည်း မြင့်မားစေပါတယ်ဟု ၄င်းက ဆက်လက်ပြောပြသည်။ အင်္ဂလန်နိုင်ငံနှင့်ဝေလပြည်နယ်တို့ တွင် ၂၀၁၁ ဇန်န၀ါရီမှ ၂၀၁၄ ဒီဇင်ဘာအတွင်း တင်ပဆုံကျိုးသည့် လူနာ ၂၄၁၄၄၆ ဦး ရှိခဲ့ရာ ဆေးရုံသို့ ရောက်ရှိပြီး ရက် ၃၀ အတွင်း သေဆုံးသူဦးရေမှာ ၈ ရာခိုင်နှုန်း ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြောင်းရင်းကို ရှာဖွေသောအခါ ၂၄ နာရီအတွင်း တင်ပဆုံအစားထိုး ကုသမှုခံယူခဲ့သူများသည် အသက်ရှင်သန်မှုနှုန်းမြင့်မားပြီး ၂၄ နာရီနောက်ပိုင်းမှသာ ခွဲစိပ်မှုခံယူခဲ့သူများ တွင် အသက်ရှင်သန်မှုနှုန်း လျော့နည်းနေသည်ကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ