သင့်ရဲ့ နေ့ စဉ်အစားအစာထဲမှာ ဆားအလွန်အကျွံထည့်ခြင်းက အာရုံကြောစနစ် ချို့ ယွင်းမှုရောဂါ ပိုမိုဖြစ်နိုင်ချေရှိ




အစားအသောက်တွေမှာ ဆားများများထည့်လေ့ရှိတဲ့လူတွေဟာ multiple sclerosis လို့ ခေါ်တဲ့ အာရုံကြောစနစ်ချို့ ယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှား၊စကားပြောဆိုမှု မထိန်းချုပ်နိုင်တဲ့ရောဂါ ပိုမိုဖြစ်ပွားနိုင်တယ်လို့ သုတေသနအသစ်တစ်ရပ်က ဆိုပါတယ်။

MS လို့ အတိုကောက်ခေါ်တဲ့အဆိုပါရောဂါဟာ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်ပါတယ်။ The FASEB ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လေ့လာတွေ့ ရှိချက်တွေအရ မျိုးရိုးဗီဇနဲ့ မသက်ဆိုင်တဲ့ ပြင်ပအချက်တွေကြောင့် MS ရောဂါဖြစ်ပွားမှုပုံစံကို ဘယ်လိုသက်ရောက်လဲဆိုတာ အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။

ပင်မအာရုံကြောစနစ်ကိုထိခိုက်တဲ့ အဆိုပါရောဂါကို ဗြိတိန်မှာ လူပေါင်း တစ်သိန်း ၀န်းကျင်လောက်ခံစားနေရပါတယ်။

လေ့လာသူတွေဟာ အစမ်းသပ်ခံကြွက်သုံးအုပ်စုကို မျိုးရိုးဗီဇအလိုက် အုပ်စုခွဲခြားပြီး ဆားပါဝင်မှုများတဲ့ အစာကိုနေ့ စဉ်ကျွေးခဲ့ပါတယ်။ ထို့ နောက်မှာတော့ လူတွေမှာ ဖြစ်တတ်တဲ့ MS ရောဂါနဲ့ သဏ္ဍာန်တူတဲ့ ရောဂါတစ်မျိုးကို ကြွက်တွေဆီ ထည့်ပေးခဲ့တာပါ။

မျိုးရိုးဗီဇဖွဲ့ စည်းပုံပေါ်မူတည်ပြီး ဆားပမာဏများပြားတဲ့အစားအစာရဲ့ သက်ရောက်မှုကလည်း ကွာခြားနေတာကို တွေ့ ရှိခဲ့ရပါတယ်။ ပထမတစ်အုပ်စုက ကြွက်တွေမှာ ဆားပမာဏများပြားတဲ့အစာကြောင့် အထီးကော အမကော အာရုံကြော ဆိုင်ရာ ဆိုးရွားတဲ့ရောဂါလက္ခဏာတွေပြပြီး နောက်အုပ်စုက ကြွက်တွေမှာတော့ အမ တွေကပဲ ရောဂါလက္ခဏာပြတာကို တွေ့ ရှိခဲ့ရပါတယ်။ ဆားအာနိသင်ပြခဲ့တဲ့ကြွက်တွေ မှာ သွေးကြော-ဦးနှောက်ပိုင်းဆိုင်ရာအတားအဆီးချို့ ယွင်းသွားကြောင်း လက္ခဏာတွေ ပြခဲ့ပါတယ်။

“ တခြားအရာတွေလိုပဲ ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေ ကောင်းမွန်စွာအလုပ်လုပ်ဖို့ လုံလောက်တဲ့ ဆားပမာဏရဖို့ လွန်ပါတယ်။ ဒါပေမယ့် အလွန်အကျွံဆိုရင်တော့ ထိခိုက်မှုတွေဖြစ်လာမှာပါ” လို့ The FASEB ရဲ့ အယ်ဒီတာချုပ် ပရော်ဖက်ဆာ Gerald Weissmann က ပြောကြားခဲ့ပါတယ်။

( Ye Wint )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Mirror

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ