ဆေးယဉ်ပါး တိုက်ဖွိုက်ပိုး စိုးရိမ်ဖွယ် ဖြစ်လာ


အာဖရိကနှင့် အာရှတိုက် နိုင်ငံများတွင် ပဋိဇီဝ ဆေးယဉ်ပါး တိုက်ဖွိုက် ရောဂါပိုး ပျံ့နှံ့ နေပြီး အချိန်မီ မထိန်းချုပ် နိုင်လျှင် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက် နိုင်မည့် အန္တရာယ် ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်သူ များက သတိပေး ပြောကြားသည်။

နိုင်ငံ အတော်များများတွင် ပုံမှန် အသုံးပြုလျက် ရှိသော တိုက်ဖွိုက် ရောဂါပိုး တိုက်ဖျက်ဆေးများ နေရာတွင် အခြားသော ဆေးဝါးများကို အသုံးပြု နေရပြီး နိုင်ငံပေါင်း ၆၃ နိုင်ငံတွင် ထက်ဝက်ခန့်၌ ဆေးယဉ်ပါး တိုက်ဖွိုက်ပိုး များကို တွေ့ရှိရကြောင်း ၊ ကုသရန် ခက်ခဲသော ကူးစက်မြန် ရောဂါများကို လေ့လာ ဆန်းစစ် နေသော Welcome Trust သုတေသီ များအသင်းက ပြောပြသည်။

''ရောဂါပိုးတွေ ဆေးယဉ်ပါးလာ ရတဲ့ အဓိက အကြောင်းရင်း ကတော့ ဆေးဝါးအပေါ် မှီခိုမှု လွန်ကဲလို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တိုက်ဖွိုက် တိုက်ဖျက်ဆေး မျိုးက အိမ်သုံးဆေးဝါး အမျိုးအစားလဲ မဟုတ်တော့ လူတွေက အလွယ်တကူ ဝယ်သောက်တာ ၊ ထိုးတာလဲ မဖြစ်နိုင်ပါဘူး။ ဆရာဝန်တွေ ပေါ်မှာ ပိုပြီး တာဝန်ရှိတယ်လို့ ထင်ပါတယ်။ အခုဆိုရင် သာမန်ထက် ပိုပြီး အကုန်အကျ များတဲ့ ကုထုံးတွေကို သုံးနေရ ပါတယ်။ တိုက်ဖွိုက်ကြောင့် တစ်နှစ်ကို လူဦးရေ  နှစ်သိန်းထက် မနည်း သေဆုံးနေ ပါတယ်''ဟု Welcome Trust မှ သုတေသီ တစ်ဦးက ပြောပြသည်။

အာရှနှင့် အာဖရိကနေရာ အတော်များများ တွင် တွိုက်ဖွိုက်သည် ကူးစက်မြန် ရောဂါဖြစ်ပြီး ယခုအခါ ပဋိဇီဝ ဆေးမျိုးစုံကို ယဉ်ပါးနေသော H 58 ပိုး အမျိုးအစားကို တွေ့ရှိနေရခြင်း ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ရာချီက ရှိခဲ့သော တွိုက်ဖွိုက်ပိုး အမျိုးအစား မဟုတ်တော့ကြောင်း ၊ Welcome Trust က ဆန်းစစ်လေ့လာ ခဲ့သော နိုင်ငံ ၆၃ နိုင်ငံအနက် ၂၁ နိုင်ငံတွင် H 58 ပျံ့နှံ့နေပြီ ဖြစ်ကြောင်း သိရသည်။

''၁၉၇ဝ ပြည့်နှစ် ကတည်းက ဆေးမျိုးစုံ ယဉ်ပါး တွိုက်ဖွိုက်ပိုးကို စတင်တွေ့ရှိခဲ့ တာပါ။ ဒါပေမဲ့ ပျောက်လိုက် ပေါ်လိုက်ပါပဲ။ အခု တွေ့ ရတဲ့ H 58 ကတော့ ဗက်တီးရီးယား ရဲ့ ဗီဇကိုပါ ပြောင်းလဲပစ် လိုက်တာကို တွေ့ ရပါတယ်။

တစ်ခါ ဒီဗီဇဟာ ပဋိဇီဝဆေးကို ခံနိုင်ရည် ရှိအောင် သန္ဓေပြောင်း နိုင်တာကိုတွေ့ ရပြန်တဲ့ အတွက် ဆေးယဉ်ပါး တွိုက်ဖွိုက် ပြဿနာဟာ ရှောင်လွှဲနေလို့ မရနိုင်တော့တဲ့ ပြဿနာဖြစ် လာပြီ'' ဟု မဲယ်လ်ဘုန်း တက္ကသိုလ်မှ သုတေသီ ဒေါက်တာ ကယ်သရင်းဟိုး က ပြောပြသည်။

PyiChitThar
http://www.pyichitthar.com

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ