ဇီကာကာကွယ်ဆေးကို လူသားဖြင့် ပထမဆုံးအကြိမ် စမ်းသပ်မည်


အမေရိကန်ပြည်ထောင်စု၊ ဟူစတန်ပြည်နယ်၌ ဇီကာကာကွယ်ဆေးကို လူသားဖြင့် ပထမဆုံးအကြိမ် စမ်းသပ်သွားမည်ဖြစ်ပြီး မိုင်ယာမီ၊ ပူအာတိုရီကို အစရှိသည့်ဒေသများတွင်လည်း ယခုနှစ်ဇွန်လကို မကျော်လွန်စေဘဲ စေတနာရှင် အယောက် ၂၀၀၀ ဦးထက်မနည်းတို့ ဖြင့် ကာကွယ်ဆေးကို စမ်းသပ် သွားမည်ဖြစ်ကြောင်း သိရသည်။အဆိုပါကာကွယ်ဆေးကို ကူးစက်တတ်သောရောဂါနှင့် ဓါတ်မ တည့်ဆေးဝါးဆိုင်ရာ အမျိုးသားသိပ္ပံကျောင်း မှ သိပ္ပံပညာရှင်များက စမ်းသပ် ထုတ်လုပ် ထားခြင်းဖြစ်ကြောင်း ၊ ပထမဆုံးအကြိမ်အဖြစ် လူသားများဖြင့် စမ်းသပ်သွားမည်ဖြစ်ပြီး ကနဦးအဖွဲ့ ၌ မိမိဆန္ဒအလျောက်အစမ်းသပ်ခံမည့်သူ (၆) ဦး ပါရှိမည်ဖြစ် ကြောင်း၊ စမ်းသပ်မှု၏ရလာဒ်ကို ယခုနှစ် နှစ်ကုန်ပိုင်းတွင် သိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

စမ်းသပ်မှုရဲ့ ရလာဒ်ကို အခုနှစ်ကုန်ပိုင်းမှာ သိရပါမယ်။ အဲဒီရလာဒ်က ကောင်းနေရင် အရေးပေါ် အခြေ အနေတွေအတွက် ချက်ခြင်းထုတ်လုပ်နိုင်ဖို့  စီစဉ်ထားပါမယ်။ တောင်အမေရိကားမှာဖြစ်စေ၊ အခြားတစ် နေရာရာမှာဖြစ်စေ ဇီကာကူးစက်မှု ထပ်ဖြစ်လာရင် ကာကွယ်ဆေးချက်ခြင်းထိုးပေးနိုင်မယ့်အထိ စီစဉ် ထားရှိပါမယ်။ ဒါပေမယ့် စမ်းသပ်မှုအဖြေ ကောင်းဖို့ တော့လိုပါတယ်ဟု အဆိုပါစမ်းသပ်မှုကိုပြုလုပ်ရာတွင် ကိုယ်တိုင်ပါဝင်မည့် သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ Anthony Fauci က ပြောပြသည်။ ဇီကာဗိုင်းရပ်ကူးစက်မှု နောက်တစ်ကြိမ်ဖြစ်လာတာနဲ့ တပြိုင်နက် အမြန်ဆုံးနဲ့ အထိရောက်ဆုံး ကာကွယ် နိုင်ဖို့ အရေးကြီးပါတယ် ။ 

ဇီကာကူးစက်ခံရတဲ့အမျိုးသမီးတွေကနေမွေးဖွားတဲ့ကလေးတွေမှာ ဦးခေါင်းငယ် ပြီး ဦးနှောက်ကျုံ့ တာ၊ ဗဟိုအာရုံကြောစနစ်ကြီးချို့ ယွင်းတာ အစရှိတဲ့ သေရာပါမယ့် အပြစ်အနာအဆာ တွေ ပါလာလေ့ရှိပါတယ်။ မွေးဖွားပြီးတဲ့နောက်ပိုင်း ကုသဖို့ မဖြစ်နိုင်တော့တဲ့အတွက် ကြိုတင်ကာကွယ်မှု ကိုပဲ ဦးစားပေး လုပ်ကိုင်ရမှာဖြစ်ပါတယ် ဟု ၄င်းက ဆက်လက်ပြောပြသည်။ ဇီကာကူးစက်မှု အရှိန်အဟုန်ကျ သွားပြီဖြစ်သော်လည်း ဇီကာကူးစက်ခံရနိုင်ခြေ ရှိနေသေးကြောင်း၊ ခြင် ကိုက်ခံရခြင်းမှ ကူးစက်နိုင် သည့်အပြင် လိင် ဆက်ဆံရာမှတစ်ဆင့်လည်း ကူးစက်နိုင်သည့်အတွက် ဇီကာ အန္တရာယ်ကို လျှော့တွက်၍ မဖြစ်သေးကြောင်း ၄င်းက ဖြည့်စွက်ရှင်းပြ သတိပေးထားသည်။

 ၂၀၁၅-၁၆ ဇီကာကူးစက်ရောဂါသည် ဘရာဇီးနိုင်ငံမှစတင်ခဲ့ပြီး နိုင်ငံအများအပြားသို့ ကူးစက်သွားကာ ဦးနှောက်ကျုံ့ သည့်ကလေးပေါင်း ၄၀၀၀ ဦးထက်မနည်း မွေးဖွားခဲ့ကြောင်း၊ လူသေဆုံးမှုမှာ အီဘိုလာ ကဲ့သို့ မများလှသော်လည်း သေရာပါမည့်ချို့ ယွင်းမှုများဖြင့်မွေးဖွားလာကြသည့်ကလေးငယ်များကိစ္စ
ကြောင့် အထူးအလေးထားကိုင်တွယ်နေရသည့် ကူးစက်ရောဂါဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/pg/yadanabonnewspaper

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ