လူတွေရဲ့ စိတ်ခံစားချက်အတွက် သိပ္ပံနည်းကျ အချိန်စက်ဝိုင်း ( ၂ )




အချိန်ကိုက်လည်ပတ်မှုဆိုတာဟာ အားလုံးပြောနေကြတဲ့အတိုင်းပဲ နေရာတိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာ ၂၄ နာရီဟာ ကျွန်တော်တို့ ရဲ့ ဟော်မုန်းတွေ ၊ ခန္ဓာကိုယ် အပူချိန်တွေ ၊ သွေးဖိအား တွေ ၊ ကျွန်တော်တို့ရဲ့ စွမ်းအင်နဲ့ စိတ်ခံစားမှု ပမာဏတွေကို စည်းချက်ကျကျ လှည့်ပတ် ဖြစ်ပေါ်နေပါတယ်။

အခုတော့ သိပ္ပံနည်းကျကျ သုတေသန တစ်ခုကတစ်ဆင့် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ခံစားချက်တွေအတွက် အချိန်ကိုက် လုပ်ဆောင်ရမယ့် အချက်တွေထွက်ပေါ်လာပါတယ်။ ပထမပိုင်းကို ဖော်ပြပြီးဖြစ်လို့ အခု ဒုတိယ ပိုင်းကို ဆက်လက်ဖော်ပြလိုက်ပါတယ်။ အဲဒါတွေက ဘာတွေများလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

နေ့လည် ၁၂ နာရီ ၃၇ မိနစ် - သင်တစ်ရေးတစ်မော အိပ်သင့်ချိန် 

လူသားတို့ရဲ့ ထုံးစံ အတိုင်းပဲ နေ့လည်စာ စားပြီးချိန်ဆိုရင် ဗိုက်တင်းပြီး အိပ်ချင်ကြပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ ထမင်းစားပြီးချိန်တွေမှာ ကျွန်ုပ်တို့ ဦးနှောက်ဟာ melatonin လို့ခေါ်တဲ့ အိပ်စက်ခြင်း ဟော်မုန်းကို ထုတ်လုပ်ပါတယ်။ ထို ဟော်မုန်းကြောင့် အိပ်ချင်နေချိန်မှာ မအိပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်း အပူချိန်လျှော့ချလိုက်နိုင်မှာ မဟုတ်ပါဘူး။

နေ့ခင်း ၃ နာရီ ၁၃ မိနစ် - အိမ်ရှင်းဖို့ အသင့်တော်ဆုံး အချိန်

ကျွန်ုပ်တို့ရဲ့ ဦးနှောက်တွေကနေ Endorphins လို့ ခေါ်တဲ့ ဓါတုဗေဒ တစ်မျိုးကို ထုတ်လုပ်ပါတယ်။ ထို Endorphins က နာကျင်မှုတွေကို သက်သာစေတဲ့အပြင် လန်းဆန်း ဖြတ်လတ် နေအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။ Endorphins ဟာ နေ့ခင်း အချိန်တွေမှာ ကြွယ်ဝစွာ ထုတ်လုပ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် endorphins ပြည့်ဝနေတဲ့ နေ့ခင်းအချိန်တွေဟာ ကျွန်ုပ်တို့အတွက် အိမ်အလုပ်လုပ် ဖို့အသင့်တော်ဆုံးဖြစ်မှာပါ။

ညနေ ၅ နာရီ ၄၄ မိနစ် - လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံး အချိန်

၈၀ ရာခိုင်နှုန်းသော အိုလံပစ် စံချိန်တွေဟာ ညနေပိုင်းတွေမှာ ချိုးဖျက်နိုင်ခဲ့ကြတာဖြစ်ပါတယ်။ လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ဟာ လည်း နေ့ခင်း ၃ နာရီကနေ ညနေ ၆ နာရီ အကြားဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုထားပါတယ်။ကျွန်ုပ်တို့ရဲ့ အဆုတ်သည်လည်း ညနေ ၅ နာရီနောက်ပိုင်းမှာ ၁၇.၆ ရာခိုင်နှုန်းထိ စွမ်းဆောင်ရည်ပိုမြင့်လာတယ်လို့လည်း နယူးယော့ခ်က သုတေသီတွေက ဆိုထားပါတယ်။ ဒါကြောင့် ညနေ ချိနတွေဟာ လေ့ကျင့်ခန်းလုပ်ဖို့ အသင့်တော်ဆုံးဖြစ်မှာပါ။

ည ၆ နာရီ ၂၅ မိနစ် - ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံး အချိန်

ကလေးယူဖို့ကြိုးစားနေတဲ့ ဇနီးမောင်နှံတွေအတွက်တော့ အလုပ်ကနေ အိမ်ပြန်ရောက်ရောက်ချင်းမှာ ကြိုးစားသင့်ပါတယ်။ Modena တက္ကသိုလ်က သုတေသီတွေဟာ ယောကျာင်္းတစ်ယောက် ရဲ့ သုတ်ပိုး အားကောင်းချိန်တွေကို လေ့လာခဲ့ပါတယ်။ ၇၅ ရာခိုင်နှုန်းထက်များတဲ့ အမျိုးသားတွေဟာ ပိုမိုအားကောင်းပြီး ပိုမို မြန်ဆန်တဲ့ သုတ်ပိုးတွေကို ညနေခင်းမှာ ထုတ်လုပ်ကြပါတယ်။ ၃၅ ရာခိုင်နှုန်းခန့်ကသာ အခြားအချိန်တွေမှာ ထုတ်လုပ်နိုင်စွမ်းရှိကြတာဖြစ်ပါတယ်။

ည ၁၀ နာရီ ၅၁ မိနစ် - သင့်ရဲ့ ဖန်တီးမှုတွေအကောင်းဆုံးအချိန်

အနုပညာ သမားတွေ ညဘက်အလုပ်လုပ်ကြတယ်ဆိုတာ မှန်ပါတယ်။ ညဘက်တွေကသာ ဖန်တီးမှု ကို အကောင်းဆုံး ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ပင်ပန်းမှု အများဆုံး အချိန်ဟာ ဖန်တီးမှု အကောင်းဆုံး အချိန်ဖြစ်တယ်လို့ ဆိုကြပါတယ်။ ရုတ်တရတ် စဉ်းစားနိုင်စွမ်းဟာ မနက်ပိုင်းမှာ အားကောင်းလေ့ရှိပေမယ့်လည်း ကြာရှည် မှတ်မိနိုင်စွမ်းဟာ ည ၁၀ နာရီ နောက်ပိုင်းမှာမှ ဖြစ်ပေါ်တာပါ။ ဒါကြောင့် ညဘက်သာ လျှင် ဖန်တီးမှု အကောင်းဆုံး လုပ်နိုင်မယ့် အချိန်ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ