လူတွေရဲ့ စိတ်ခံစားချက်အတွက် သိပ္ပံနည်းကျ အချိန်စက်ဝိုင်း ( ၁ )




အချိန်ကိုက်လည်ပတ်မှုဆိုတာဟာ အားလုံးပြောနေကြတဲ့အတိုင်းပဲ နေရာတိုင်းမှာ ရှိပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာလည်း ရှိပါတယ်။ ကျွန်တော်တို့ရဲ့ တစ်နေ့တာ ၂၄ နာရီဟာ ကျွန်တော်တို့ ရဲ့ ဟော်မုန်းတွေ ၊ ခန္ဓာကိုယ် အပူချိန်တွေ ၊ သွေးဖိအား တွေ ၊ ကျွန်တော်တို့ရဲ့ စွမ်းအင်နဲ့ စိတ်ခံစားမှု ပမာဏတွေကို စည်းချက်ကျကျ လှည့်ပတ် ဖြစ်ပေါ်နေပါတယ်။

အခုတော့ သိပ္ပံနည်းကျကျ သုတေသန တစ်ခုကတစ်ဆင့် ကျွန်ုပ်တို့ရဲ့ နေ့စဉ်ခံစားချက်တွေအတွက် အချိန်ကိုက် လုပ်ဆောင်ရမယ့် အချက်တွေထွက်ပေါ်လာပါတယ်။ အဲဒါတွေက ဘာတွေများလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်။

မနက် ၅ နာရီ ၄၈ မိနစ် - ချစ်တင်းနှောဖို့အကောင်းဆုံး အချိန် 

အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ စိတ်အားထက်သန်မှုဟာ နေ့တစ်နေ့ မှာ အချိန်တွေမတူညီကြပါဘူး။ ၂ ယောက်စလုံး စိတ်အားထက်သန်ဖို့ဆိုတာကတော့ အခွင့်အရေးနည်းလွန်းပါတယ်။ အမျိုးသားတွေရဲ့ Testerone ဟော်မုန်းတွေဟာညဘက်မှာ သာမန်ထက် ၂၅ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းထိ ပိုများလာတတ်ပါတယ်။ ဒါကြောင့် မနက် ဝေလီဝေလင်းအချိန်ဆိုရင် ဟော်မုန်းတွေပြည့်ဝနေပြီး စိတ်အားထက်သန်တတ်ပါတယ်။ အမျိုးသမီးတွေ ကတော့ Melatonin လို့ခေါ်တဲ့ အိပ်စက်ခြင်း ဟော်မုန်းတစ်ခု ပမာဏ များပြားလာတာကိုတိုက်ထုတ်ဖို့ Testerone ဟော်မုန်းတွေကို ထုတ်လုပ်ရပါတယ်။ မနက် ၅နာရီ ၄၈ မိနစ် ဟာ ဟော်မုန်းပြည့်ဝတဲ့အချိန်ပဲဖြစ်ပါတယ်။ ထို ဟော်မုန်းသာလျှင် လူသားတို့ရဲ့ လိင်စိတ် ကို နိုးကြားစေတာဖြစ်တဲ့အတွက် ထို ဟော်မုန်းအများဆုံးအချိန်က ချစ်တင်းနှောဖို့ အကောင်းဆုံးအချိန်ဖြစ်လာပါတယ်။

မနက် ၆ နာရီ ၅၃ မိနစ် - နှလုံးရောဂါ ရနိုင်ချေအရှိဆုံး အချိန်

ဟားဗတ်ဒ် တက္ကသိုလ်က သိပ္ပံပညာရှင်တွေရှာဖွေတွေ့ရှိခဲ့ကြတာကတော့ အိပ်ချိန်ရဲ့ နောက်ဆုံး အပိုင်းဟာ နှလုံးရောဂါ ရနိုင်ချေ အရှိဆုံး အနေအထားပါ။အိပ်စက်ချိန်ရဲ့ နောက်ဆုံး အပိုင်ူးဟာ သင့်ရဲ့ နှလုံးကို အောက်စီဂျင် ပမာဏ များစွာ ရရှိသွားစေပြီး အိပ်ရာကထလာနိုင်စေပါတယ်။ ဒါပေမယ့်လည်း အိပ်ရာက ထစေနိုင်ဖို့အတွက် သွေးကြောတွေဟာ သာမန်ထက်ပိုပြီး အလုပ်လုပ်ကာ ခန္ဓာကိုယ်ကို ရှော့ခ် ရစေတဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေများရတာပဲ ဖြစ်ပါတယ်။

မနက် ၇ နာရီ ၃၅ မိနစ် - အိပ်ရာထဖို့ ပေါ်ပြူလာ အဖြစ်ဆုံးအချိန်

ဗြိတိန် နိုင်ငံ ရဲ့ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာအရတော့ မနက် ၇ နာရီ ၃၅ မိနစ်ဟာ ဗြိတိန် လူမျိုးတွေအတွက် အိပ်ရာထဖို့ အကောင်းဆုံး အချိန်ဖြစ်တယ်လို့ သိရပါတယ်။ ဒီအချိန် ဘာကြောင့် အိပ်ရာကထသင့်လည်းဆိုတော့ ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ နစ်မြောစွာ အိပ်စက်ခြင်းကနေ တစ်ဖြည်းဖြည်း ပေါ့ပါးစွာ အိပ်စက်တဲ့ အဆင့်ကို ပြောင်းသွားလို့ပါ။ါးကြောင့် ထို အချိန်ဟာ ဦးနှောက်ရော သွေးကြောတွေရော သာမန်အတိုင်းပဲ လည်ပတ်နေစေပြီး လန်းဆန်းစွာ အိပ်ရာက နိုးထလာနိုင်မှာ ဖြစ်ပါတယ်။

မနက် ၈ နာရီ - လူတစ်ယောက်ရဲ့ အပျော်ဆုံး အချိန်

များသောအားဖြင့် မနက်ခင်းတွေဟာ စိတ်ဖိစီးမှုတွေ မလန်းဆန်းမှုတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ ဒါပေမယ့်လည်း ၂ နှစ်ခန့် အချိန်ပေးလေ့လာခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ လူတွေဟာ မနက် ၈ နာရီ မှာ ပျော်စရာ အကောင်းဆုံး မက်ဆေ့ဂ်ျတွေပေးပို့တတ်ပါတယ် တဲ့။ ဒါဟာ ဇီဝဗေဒ နည်းလမ်းအရလည်း မှန်နိုင်လို အိပ်စက်ခြင်းလည်းဖြစ်ပေါ်လာတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပါတယ်။

မနက် ၉ နာရီ ၁၇ မိနစ် - ကော်ဖီ မသောက်သင့်ဆုံးအချိန် 

ကော်ဖီဆိုင်မှာ အချိန်ကုန်ခံပြီး တန်းစီမနေပါနဲ့။ မနက်ပိုင်းဆိုတာ ကော်ဖီသောက်ဖို့ မသင့်ဆုံးအချိန်ပါလို့ ကျွမ်းကျင်သူတွေက တွေ့ရှိခဲ့ကြပါတယ်။ မနက်ပိုင်းမှာဆို ကျွန်ုပ်တို့ ခန္ဓာကိုယ်ဟာ ကျွန်ုပ်တို့ကို နိုးကြားဖြတ်လတ်နေစေမယ့် Cortisol ဆိုတဲ့ ဟော်မုန်းတစ်ခုနဲ့ ပြည့်နေပါတယ်။ ဒါကြောင့် အဲဒီ အချိန်မှာ ကဖိန်း ကို မှီဝဲ လိုက်တဲ့အခါမှာ သင့်ခန္ဓာကိုယ်အတွင်းက Cortisol ပမာဏ လျော့ကျသွားတဲ့အတွက် သင်လည်း လန်းဆန်းမှုတွေ သာမန် ထက်လျော့ကျသွားမှာ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ