အိပ်နေစဉ် ဦးနှောက်က အဆိပ်အတောက်များကို စစ်ထုတ်ပေးနိုင်

ကျွန်တော်တို့အိပ်နေတုန်းမှာ ဦးနှောက်ဆဲလ်တွေကြားက နေရာလွတ်တွေဟာ ၆၀ရာခိုင်နှုန်းထိကျယ်ပြန့်လာပါတယ်။ ပြီးတော့ ဦးနှောက်ထဲမှာ တစ်နေ့လုံးဖြစ်နေခဲ့တဲ့ အဆိပ်တွေကို စစ်ထုတ်ပေးတယ်လို့ သုတေသနသစ်တစ်ရပ်အရ သိရပါတယ်။
ဒီသုတေသနကို နယူးယောက်ပြည်နယ်၊ ရော်ချက်စတာတက္ကသိုလ်က သုတေသီတွေက electrodes တွေအသုံးပြုပြီး လေ့လာမှုပြုခဲ့တာပါ။ အိပ်နေတုန်း ဦးနှောက်ဆဲလ်ကြားနေရာလွတ် ကျယ်လာတဲ့အတွက် glymphatic systemအရ အရည်စီးဆင်းမှုဟာ ပိုပြီးလွယ်ကူလာပါတယ်။
အိပ်စက်ခြင်းဟာ ဦးနှောက်ရဲ့ဆဲလ်တည်ဆောက်ပုံကို ပြောင်းလဲပေးပါတယ်။ မူလအခြေအနေနဲ့ လုံးဝမတူတော့အောင်ကို ပြောင်းလဲပေးတာပါ။ ဒါကြောင့် ကျွန်တော်တို့ဟာ အိပ်ဖို့လိုပါတယ်။ အိပ်မှ ဦးနှောက်လည်းကြည်မှာပါ။ 
( Jack )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Public Health 

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

သတင်းစာနှင့် ဂျာနယ်များ