ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ ခရမ်းချဉ်သီးဖျော်ရည်

ခရမ်းချဉ်သီးဖျော်ရည်သောက်ခြင်းဖြင့် ရင်သားကင်ဆာကို တားဆီးနိုင်တယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် ရင်သားကင်ဆာကို တွန်းလှန်နိုင်တဲ့ ဟော်မုန်း ပမာဏ တက်လာလို့ပါပဲ။
အသက် ၅၅နှစ်နဲ့အထက် အမျိုးသမီးအယောက် ၇၀ရဲ့ ဟော်မုန်းပမာဏကို သုတေသီတွေက တိုင်းတာခဲ့ပါတယ်။ ခရမ်းချဉ်သီး စားသုံးမှုပမာဏများတဲ့ အမျိုးသမီးတွေမှာ ရင်သားကင်ဆာကို တားဆီးပေးနိုင်တဲ့ adiponectin ဟော်မုန်းပမာဏ ၉ရာခိုင်နှုန်းမြင့်တက်နေတာကို သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။
“ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီး အခြေခံထုတ်လုပ်ထားတဲ့ စားသုံးကုန်တွေကို များများစားတာရဲ့ အကျိုးကျေးဇူးကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ အချိန်တို အတွင်းတောင် သိသာတယ်။” လို့ အမေရိကန် သုတေသီတွေက ပြောပါတယ်။
ခရမ်းချဉ်သီးဖျော်ရည် တစ်နေ့တစ်ခွက်သောက်ရင် လုံလောက်တဲ့ lycopene ပမာဏရရှိမှာဖြစ်ပြီး အဲ့ဒီ့ lycopene ဟာ ကျန်းမာရေးအကျိုးရလဒ်ကောင်း ဖြစ်ထွန်းစေပါတယ်။  Lycopene ဟာ ခရမ်းချဉ်သီးကို ရဲရဲနီစေပြီး ရင်သားကင်ဆာကိုလည်း တားဆီးပေးနိုင်တယ်လို့ ယုံကြည်ခံရပြီးဖြစ်ပါတယ်။
ခရမ်းချဉ်သီးဖျော်ရည် မကြိုက်တဲ့သူတွေအနေနဲ့ ခရမ်းချဉ်သီး စွပ်ပြုတ်၊ အီတလီခေါက်ဆွဲနဲ့ ခရမ်းချဉ်သီးအချဉ်ရည်၊ မှိုခရမ်းချဉ် အချဉ်ရည် တို့ကို စားသုံးနိုင်ပါတယ်။
( Jack ) 
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com
Ref: Public Health

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ