လူ့ဦးနှောက်မှာ လိင်ပိုင်းဆိုင်ရာ ကွဲပြားခြားနားချက်မရှိ




Tel Aviv University က သုတေသီတွေဟာ ယောက်ျား နဲ့ မိန်းမ ဦးနှောက်တွေမှာ စနစ်တကျကွဲပြားခြားမားမှု နည်းလမ်းတွေမရှိဘူးလို့ ဆိုပါတယ်။

လူသားဦးနှောက်တိုင်းမှာ မတူခြားနားတဲ့ “ ကျား၊ မ” ဥာဉ်တွေရှိတယ်လို့ ဆိုပါတယ်။

လူ့ဦးနှောက်တွေမှာ သိသာထင်ရှားတဲ့ ကွဲပြားခြားနားချက်မရှိပါဘူး လို့ ဆိုပါတယ်။ သုတေသီတွေက ယောကျာ်းနဲ့ မိန်းမဦးနှောက်တွေမှာ ကွဲပြားခြားနားချက်လုံးဝမရှိဘူးလို့ ဆိုတာမဟုတ်ဘဲ အများကြီး သိသိသာသာ ကွဲပြားချက်မရှိဘူးလို့ ဆိုပါတယ်။

“ဦးနှောက်တိုင်းမှာ မတူကွဲပြားတဲ့ အစိတ်အပိုင်းလေးတွေပါဝင်ပြီး တစ်ချို့က အမျိုးသားတွေထက် အမျိုးသမီးတွေဆီမှာ  ပိုများပြီး တစ်ချို့ကတော့ အမျိုးသမီးတွေထက် အမျိုးသားတွေဆီမှာ ပိုများတာကိုတွေ့ရပေမယ့် တစ်ချို့အစိတ်အပိုင်းလေးတွေကိုတော့ အမျိုးသားကောအမျိုးသမီးကောဆီမှာ တွေ့ရတယ်” လို့ လေ့လာချက်အသစ်မှာ ရေးသားထားပါတယ်။

“လူတွေက ကျား၊မ ခြားနားချက်ပေါ်မူတည်ပြီး အတွေးအမြင်နဲ့ အလုပ်ရွေးချယ်မှုတွေလုပ်ကြတယ်လို့ ယူဆနေကြတုန်းပါပဲ။ ဒီတွေ့ရှိချက်အသစ်ကတော့ ဇီဝဗေဒဆိုင်ရာ ခြားနားချက်တွေပေါ်မူတည်တဲ့ ဒီအတွေးအခေါ်ဟောင်းကို ပြန်လည်တွန်းလှန်လိုက်တာဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ ဆန့်ကျင်နေတာပဲဖြစ်ပါတယ်” လို့ Baltimore ရှိ University of Maryland မှ သုတေသီ Margaret McCarthy က ရှင်းလင်းပြောကြားထားပါတယ်။

( Michelle )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Upi

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ