အရပ်ရှည်တဲ့လူတွေဟာ ကြီးထွားမှုဟော်မုန်းများတာကြောင့် ကင်ဆာဖြစ်နိုင်ခြေပိုများပြား
အရပ်ရှည်တဲ့လူတွေဟာ ကင်ဆာရနိုင်ခြေပိုများတယ်လို့ သုတေသနလေ့လာမှုတစ်ခုက ဖော်ပြခဲ့ပါတယ်။
အမျိုးသားနဲ့ အမျိုးသမီးတွေမှာ သာမန်ထက် အရပ် ၁၀ စင်တီမီတာ (၃.၉လက်မ) ပိုရှည်တိုင်း ကင်ဆာဖြစ်နိုင်ခြေဟာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။
ဆွီဒင်နိုင်ငံက သုတေသနပညာရှင်တွေဟာ အရပ်နဲ့ ကင်ဆာကြားကဆက်စပ်မှုကို မသိရှိရသေးပေမယ့် ကြီးထွားမှုဟော်မုန်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
အရပ်ရှည်တဲ့လူတွေဟာ ဆဲလ်တွေ ပိုမိုများပြားပြီး၊ အဆိုပါဆဲလ်တွေဟာ သန္ဓေပြောင်းလဲကာ အသားပို ၊ အကျိတ်တွေဖြစ်လာနိုင်ကာ ကင်ဆာဖြစ်နိုင်ခြေလည်းများလာနိုင်တာဖြစ်ပါတယ်။
Karolinka ဆေးသိပ္ပံ နဲ့ Stockholm တက္ကသိုလ်က သုတေသနပညာရှင်တွေဟာ ၁၉၅၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အတွင်း အရပ် ၃ ပေ ၃ လက်မကနေ ၇ ပေ ၄ လက်မ အမြင့်ရှိတဲ့ လူပေါင်း ၅.၅သန်း ကို လေ့လာခဲ့တာဖြစ်ပါတယ်။ ယခုလေ့လာမှုဟာ အရပ်အမြင့်နဲ့ ကင်ဆာ တို့ အကြား ဆက်စပ်မှုကို လေ့လာတဲ့အကြီးမားဆုံးလေ့လာမှုတစ်ခုလည်း ဖြစ်ပါတယ်။
သာမန်အရပ်ထက် ၁၀ စင်တီမီတာ မြင့်တိုင်း ကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသမီးတွေမှာ ၁၈ ရာခိုင်နှုန်းမြင့်တက်မှုရှိပြီး အမျိုးသားတွေမှာ ၁၁ ရာခိုင်နှုန်းမြင့်တက်နေတာကို ပညာရှင်တွေဟာ တွေ့ ရှိခဲ့ရပါတယ်။
အရပ်ရှည်တဲ့အမျိုးသမီးတွေဟာ သာမန်အရပ်ထက် ၁၀ စင်တီမီတာပိုရှည်တိုင်း ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းပိုများပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေဟာ အမျိုးသားကောအမျိုးသမီးမှာပါ ၁၀ စင်တီမီတာကို ၃၀ ရာခိုင်နှုန်းမြင့်တက်သွားတာကို တွေ့ ရှိခဲ့ရပါတယ်။
အရပ်ကြောင့်ကင်ဆာဖြစ်နိုင်ခြေကို လျော့ချနိုင်တာမျိုး မရှိပေမယ့် ကင်ဆာကိုကာကွယ်ဖို့ အတွက် အရပ်ရှည်သူတွေအနေနဲ့ ဆေးလိပ်ဖြတ်ခြင်း၊ အရက်လျော့သောက်ခြင်း၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းနဲ့  ကျန်းမာရေးနဲ့ ညီညွတ်တဲ့ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်း စတာတွေ လုပ်ပေးသင့်ကြောင်း ကျွမ်းကျင်သူတွေက အသိပေးပြောကြားခဲ့ပါတယ်။
( Ye Wint )
#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com
Ref: Mirror
သစ်ထူးလွင်မှ သတင်းများကို မလွှတ်တမ်းဖတ်နိုင်ရန်အတွက် အောက်က (F)follow ဆိုတာလေးကို click လုပ်လိုက်ပါ။ အမှန်ခြစ်(✔)လေးဖြစ်သွားရင် ရပါပြီ။ သတိ - follow အရှေ့မှာ အမှန်ခြစ်(✔)လေး ရှိနေပြီဆိုရင်တော့ follow လုပ်ပြီးသားမို့ပါ။ ထပ်လုပ်စရာမလိုပါဘူး၊
Labels:
ကျန်းမာရေး
မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
Tweets by @thithtoolwin