အအိပ်နည်း၍ အစားများသူများ ကျန်းမာရေးသတိပြု




အအိပ်နည်းသူတွေဟာ ပိုစားလာကြတယ်လို့ လေ့လာမှုသစ်တစ်ရပ်မှ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ဒီအဆုံးသတ်အဖြေကိုရဖို့အတွက် အမေရိကန်သုတေသီတွေက စမတ်ဖုန်းကို အသုံးပြုခဲ့ပြီး လူပေါင်း ၁၅၀ကို သူတို့စားခဲ့သမျှ၊ သောက်ခဲ့သမျှ ပုံတွေအားလုံးကို ရယူခဲ့ပါတယ်။ လေ့လာစမ်းစစ်မှုဟာ ၃ပတ်တာ ကြာမြင့်ခဲ့ပြီး အအိပ်နည်းတဲ့သူဟာ အစားပိုများတယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ တစ်ဖက်ကလည်း အအိပ်များတဲ့သူတွေဟာ အစားနည်းတာကိုတွေ့ရပါတယ်။

အစမ်းသပ်ခံ လူတော်တော်များများဟာ တစ်နေ့ကို ၁၅နာရီကြာ စားသောက်တတ်ကြတာကိုလည်း တွေ့ရပါတယ်။ သူတို့ဟာ တစ်နေ့တာ ကယ်လိုရီရဲ့ ၂၅ရာခိုင်နှုန်းကို မွန်းတည့်မတိုင်ခင်နဲ့ ၃၅ရာခိုင်နှုန်းကျော်ကို ညနေ ၆နာရီနောက်ပိုင်းမှာ စားသုံးကြပါတယ်။

“လူအများစုဟာ ပုံမှန်အစား တစ်နေ့သုံးကြိမ်အပြင် အစာပြေ နှစ်ခါကို ၁၀နာရီကနေ ၁၂နာရီအကြာ အချိန်အတွင်းစားကြတယ်လို့ ထင်ရပေမဲ့ လူအများစုက အချိန်ဒီ့ထက်ပိုပြီး စားနေကြတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။” လို့ တွဲဘက်သုတေသန စာတမ်းပြုစုသူ Stachidananda Panda ကပြောခဲ့ပါတယ်။
စားတဲ့အကြိမ်များလာလေ၊ ပိုစားမိဖို့ဖြစ်လာလေပါပဲ။ ညနေဘက် နောက်ကျမှ စားရတာကို လူတွေက နှစ်သက်ကြပုံရပါတယ်။ ဒီလိုစားတာက “ကျွန်တော်တို့ ဇီဝဗေဒနာရီကို ရှုပ်ထွေးစေပြီး အ၀လွန်တာ၊ ဆီးချိုဖြစ်တာ၊ အသည်းအဆီဖုံးတာ၊ ကိုလက်စထရော များလာတာနဲ့ နှလုံးသွေးကြောရောဂါ တို့ဖြစ်လာနိုင်ပါတယ်။” လို့ Panda က ဆက်လက်ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ လူတွေရဲ့ စားကျင့်၊ သောက်ကျင့်တွေ ကောင်းမွန်တိုးတက်လာဖို့အတွက် မျှော်လင့်ချက်တော့ ရှိပါတယ်။ ကိုယ်ဘယ်လောက်စားတယ်၊ သောက်တယ်ဆိုတာကို သတိပြုလိုက်တာနဲ့ ကိုယ်စားသောက်တဲ့ ပမာဏကို လျှော့ချပစ်နိုင်တယ်ဆိုတဲ့ လေ့လာမှုတချို့လည်း ရှိပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref:apextribune



မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ