အခက်အခဲတွေကြောင့် အမျိုးသား ၁၀ဦးမှာ ၄ဦးနှုန်း သေကြောင်းကြံဖို့ကြံစည်နေ



အမျိုးသား ၁၀ ဦးမှာ ၄ဦးနှုန်းနဲ့ သေကြောင်းကြံဖို့ စဉ်းစားနေကြောင်း လေ့လာမှုတစ်ရပ်က ရှာဖွေဖော်ထုတ် ခဲ့ပါတယ်။

မိန်းမနဲ့ကွဲတာ၊ ငွေရေးကြေးရေး ပြဿနာတက်တာ၊ အလုပ်ပြဿနာ ဒါမှမဟုတ် သူတို့ရဲ့ ဘဝမှာ တစ်နည်းနည်းနဲ့ ညှင်းဆဲတာမျိုးတွေကို ကြုံရတဲ့ အသက် ၁၈ နှစ်မှ ၄၅နှစ်အတွင်း အမျိုးသားတွေထဲက ထက်ဝက်ခန့်ဟာ ဘေးဒုက္ခကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်ဖို့အတွက် သေကြောင်းကြံဖို့ အကြောင်း စဉ်းစားခဲ့ကြတယ်လို့ ရှာဖွေတွေ့ရှိခဲ့တာပါ။

အဲ့လိုလူတွေက သူတို့ဘယ်လောက် အခက်တွေ့နေပါတယ်ဆိုတဲ့အကြောင်းကို ဘယ်သူ့ကိုမှ ပြောလေ့မရှိဘူးလို့ ဆိုပါတယ်။

ဒီလိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းတွေကတော့ ကိုယ်ချစ်တဲ့သူတွေကို စိတ်မပူစေချင်တာ၊ သူတို့ခံစားနေရတာနဲ့ ပတ်သက်ပြီး ရှက်နေတာ၊ အားနည်းတယ်လို့ အထင်မခံလိုတာ တွေကြောင့်ပါ။ သေကြောင်းကြံတာကပဲ တကယ့်ဖြေရှင်းမှုဖြစ်တယ်လို့ကို သူတို့က ထင်နေကြတာပါ။

တစ်ကိုယ်တည်း အထီးကျန်ဆန်ခြင်း၊ ကိုယ့်ကိုကိုယ် ပျက်စီးစေမယ့် ကိစ္စတွေကို စိတ်လိုက်မာန်ပါ လုပ်တတ်ခြင်း တွေက အမျိုးသား သေကြောင်းကြံမှုနှုန်း မြင့်တက်လာစေတာ ဖြစ်တယ်လို့ ရှာဖွေတွေ့ရှိချက်တွေက မီးမောင်းထိုးပြခဲ့ပါတယ်။

သေကြောင်းကြံဖို့ အတွေးဟာ မိန်းမနဲ့ကွဲလို့၊ ရည်းစားနဲ့ပြတ်လို့ ဆိုတာကနေ ၅ ပုံ ၁ ပုံ လာတယ်လို့လည်း သိရပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thihtoolwin.com

Ref: Daily Mail


မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ