ကိုယ်အကြိုက်ဆုံး သီချင်းတွေနားထောင်ခြင်းက မျက်စိသူငယ်အိမ်ကို ပိုကျယ်စေ



ကျွန်တော်တို့အပေါ်ကို စိတ်ခံစားမှုအကြီးကြီး ဖြစ်စေတဲ့ တေးဂီတကို ကျွန်တော်တို့ နားထောင်တဲ့အခါ ကျွန်တော်တို့ရဲ့ မျက်စိသူငယ်အိမ်က ကျယ်လာကြောင်း သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

သီချင်းတစ်ပုဒ်က ကိုယ့်ကို ဘယ်လောက် ခံစားရစေတယ်ဆိုတဲ့ အပေါ်မှာ မူတည်ပြီး သူငယ်အိမ်အကျယ် ပမာဏက ခွာခြားသွားပါတယ်။ ၄င်းက အချက်အလက်တွေ ပိုများများ ရယူတဲ့နေရာမှာတောင် ကူညီနိုင်ပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်တဲ့သီချင်းတွေနားထောင်ခြင်းက ကျွန်တော်တို့ကို သင်ယူမှု အားကောင်းလာစေပါတယ်။

တေးဂီတက နားထောင်သူရဲ့ သူငယ်အိမ်ကို ဘယ်လို သက်ရောက်မှုရှိတယ်ဆိုတဲ့အကြောင်းကို သြစတြီးယား တက္ကသိုလ်နှစ်ခုကနေ လေ့လာမှုပြုခဲ့တာဖြစ်ပါတယ်။ လေ့လာမှုမှာပါဝင်ခဲ့သူတွေရဲ့ ဂီတအပေါ် တုံ့ပြန်ချက်ကိုတိုင်းတာဖို့အတွက် လေဆာသူငယ်အိမ်ခြေရာခံစက် ကို သုတေသနအဖွဲ့က အသုံးပြုခဲ့တာပါ။

သီချင်းရဲ့ စိတ်ခံစားမှုအကြောင်းအရာတွေနဲ့ နားထောင်သူရဲ့ သီချင်းအပေါ် ကိုယ်ရေးတွယ်ညိမှုဟာ သူငယ်အိမ်ကျယ်မှုကို ကြီးစိုးတဲ့လွှမ်းမိုးမှု အချက်အလက်တွေဖြစ်တယ်လို့ ရလဒ်တွေကပြခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thihtoolwin.com

Ref: Daily Mail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ