သစ်ပင်တွေနားမှာ နေထိုင်ခြင်းဟာ နုပျိုပြီး ၀င်ငွေကောင်းစေနိုင်




သစ်ပင်တွေနားမှာ နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေနိုင်တယ်ဆိုတာကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

ချီကာဂို တက္ကသိုလ်က စိတ်ပညာ ကျွမ်းကျင်သူ Omid Kardan ဦးဆောင်တဲ့ သုတေသီအဖွဲ့ဟာ တိုရန်တို ပြည်နယ်မှာရှိတဲ့ သစ်ပင်ပေါင်း ၅၃၀၀၀၀ ရဲ့ မျိုးရိုးတွေ၊ တည်နေရာတွေ နဲ့ သစ်ပင် အချင်း တွေကို စစ်တမ်းကောက်ယူလေ့လာခဲ့ကြပါတယ်။ ပြီးတဲ့နောက်မှာ တိုရန်တိုပြည်နယ်မှာရှိတဲ့ နေအိမ် ၃၀၀၀၀ ရဲ့ ကျန်းမာရေး မှတ်တမ်းတွေကို လည်း ကောက်ယူခဲ့ကြပါတယ်။

သူတို့ဟာ တစ်ယောက်ချင်းပြောပြတဲ့ ကျန်းမာရေးအခြေအနေတွေကိုသာ ကောက်ယူခဲ့တာမဟုတ်ပဲ နှလုံးရောဂါ ၊ ကင်ဆာ ဖြစ်နိုင်ချေ ၊ ဆီးချိုသွေးချို နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေတွေကို ပါ စစ်ဆေးပြီး မှတ်တမ်းတင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

"ဒါဟာ သစ်ပင်တွေအတွကတော့ အကြီးမားဆုံး သက်ရောက်မှုပါ။ ကျွန်တော်တို့ လမ်းပေါ်က သစ်ပင်တွေ ကျန်းမာရေးအတွက် ကောင်းကျိုးပေးနိုင်တာကတော့ ၀င်ငွေ ၊ အသက်အရွယ် နဲ့ ပညာရေးတွေကို ထိန်းချုပ်ပေးနိုင်တာပဲ ဖြစ်ပါတယ်။" လို့ ထိုသုတေသန ကို တွဲဖက်ပါဝင်ခဲ့တဲ့ စိတ်ပညာ ကျွမ်းကျင်သူ Marc Berman ကဆိုပါတယ်။

ကျယ်ပြန့်စွာ လေ့လာခဲ့တဲ့ သုတေသနမှာ တော့ သုတေသီတွေဟာ နေအိမ်ပတ်ဝန်းကျင်မှာ သစ်ပင်တွေရှိခြင်းရဲ့ အကျိုးသက်ရောက်မှုဟာ အသက်အရွယ် နဲ့ ချမ်းသာကြွယ်ဝမှုတို့လို ကျန်းမာရေးကောင်းမွန်မှု ကို ဖြစ်စေနိုင်ပုံချင်း နှိုင်းယှဉ်ကြည့်ခဲ့ပါတယ်။ လူတစ်ယောက်ကို တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၀၀၀၀ ရှိတဲ့ ရပ်ကွက်ထဲမှာ သစ်ပင် ၁၀ ပင် ရှိနေစေခြင်းဟာ ထိုလူတွေကို ဒေါ်လာ ၁၀၀၀၀ ထက်ပိုတဲ့ ၀င်ငွေတွေရှိသွားစေပြီဒ အသက် ၇ နှစ်စာလောက် နုပျိုသွားစေခဲ့ပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေဟာ သစ်ပင်တွေနဲ့ လူတွေရဲ့ ၀င်ငွေ ၊ အသက်အရွယ် တို့ရဲ့ အကျိုးသက်ရောက်မှု တွေ ကြားက ဆက်စပ်နေမှုကိုတော့ ဘာဆိုတာ သက်သေမပြနိုင်ခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ဖြစ်နိုင်ချေရှိတဲ့ အချက်ကိုတွေတော့ ရလဒ်တွေအဖြစ်ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒါကတော့ သစ်ပင်တွေဟာ မြို့ပြရဲ့ လေထု အရည်အသွေးကို ပိုမို ကောင်းမွန်လာစေပါတယ်။ ဒါကြောင့် လေထုထဲက အညစ်အကြေးတွေကို ရင်မဆိုင်ရတော့တဲ့ လူတွေဟာ ပိုမို စိတ်ကြည်လင်ကာ စီးပွားရေးမှာ ပိုမို အောင်မြင်လာကြပြီး ရောဂါကင်းရှင်းကာ အရွယ်တင်နုပျိုစေနိုင်တာပဲ ဖြစ်ပါတယ်။

အစိမ်းရောင်ရှိတဲ့ သစ်ပင်တွေဟာ လူတွေကို စိတ်ဖိစီးမှုတွေကို လျော့နည်းသွားအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။အဲဒီလို စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကနေ ရုပ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေ ဖြစ်ပေါ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ လမ်းတွေပေါ်မှာ ရှိတဲ့ သစ်ပင်တွေဟာ ကိုယ်ပိုင်ခြံဝန်းတွေ နောက်ဖေးခြံဝန်းတွေထဲမှာ စိုက်ပျိုးထားတဲ့ သစ်ပင်တွေထက်ပိုပြီး အကျိုးသက်ရောက်မှုရှိစေနိုင်တယ်ဆိုတာကိုလည်းသုတေသီတွေက တွေ့ရှိခဲ့ကြပါသေးတယ်။

ထိုလေ့လာတွေ့ရှိမှုကိုတော့ Open Access ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Washington Post

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ