အညောင်းလည်းပြေ ကျန်းမာစေ


သင့်တစ်နေ့ တာ အတွက် လမ်းလျှောက်များသည့်အခါတွင် ခြေသလုံး ကြွက်သားများတင်းလာတက်သဖြင့် ပြန်လည်ဖြေလျှော့ရန်အတွက် လုပ်ဆောင်ရန်လိုအပ်သလို အစားသောက်များစားခြင်းဖြင့်လည်း ပြေလျှော့ လန်းဆန်းစေပါသည် ။

ဦးစွာ အချိန်ကြာမြင့်စွာ လမ်းလျှောက်ရမည်ဆိုပါက ခါးအနေအထားနှင့် ခြေများ နာကျင်ခြင်း ကင်းစေရန် အောက်ခံ ပျော့သော ဖိနပ်မျိုးကို စီးခါ သွားလာပါ ။

အချိန်ကြာကြာလမ်းလျှောက်ပြီးပါက ညီသာသောအိပ်ယာခင်းတွင် ခေါင်းအုံး (သို့ )ခေါင်းခုထားခြင်း မရှိဘဲ ပက်လက်အနေအနေထားဖြင့် မိမိ၏ ခြေထောက်အစုံကို နံရံကို ၄၅ ဒီဂရီအနေဖြင့်ထားဖြင့် တင်ထားလိုက်ပြီး လက်နှစ်ဖက်ကို ဘေးသို့ ကားခါ ပုံမှန်အသက်ရှူခြင်းထက် အနည်းငယ်ပိုပြီး ၁၀ မိနစ်လောက် လေရှူသွင်းထုတ် လုပ်ဆောင်ပေးပါ ။

သတိချပ်သင့်အနေအထားပါ ထိုင်ခုံပေါ်တွင် ထိုင်ပြီး ခြေထောက်နှစ်ချောင်းယှက်တင်ပြီး ထိုင်ခြင်းမျိုး မလုပ်ဆောင်သင့်ပါ ။ ခြေထောက်သွေးလှည့်ပတ်ခြင်း အတွက် နှေးကွေးစေပြီး ကြွက်သားများ ပိုမို တင်းလာတက်ပြီး ခြေထောက်သွေးကြောများထုံးတက်ခြင်း အဖြစ်ကို ဖြစ်ပေါ်စေနိုင်ပါသည် ။ ဒူးချိတ်ထိုင်ခြင်းအဖြစ်မျိုးကို မလုပ်ဆောင်သင့်ပါ ။ ရေသောက်မနည်းရန်လည်း လိုအပ်ပါသည် ။ ရေဓာတ်များကြောင့် ကြွက်သားများ ဖြေလျော့စေပါသည် ။လမ်းလျှောက်ပြီး အနားယူချိန် နာရီဝက်ခန့် ရှိပြီးမှသာ ရေတစ်ခွက်သောက်သုံးပြီး မိမိ ခြေထောက်များ သန့် စင်ဆေးကြာခြင်း လုပ်ဆောင်သင့်ပါသည် ။ ဒါမှသာ မိမိခြေထောက်ကြွက်သားမျာပြေလျော့စေသလို ကြွက်သားများ ထုံခြင်းလည်း ကင်းဝေးစေ ပါသည် ။ ညအိပ်သည့်အခါ တစ်ရေးနိုးချိန်ဖြစ်ပါက ရေတစ်ခွက်ခန့် သောက်သုံးပြီး ပြန်လည် အိပ်စက်ခြင်း လုပ်ဆောင်ပါက မိမိ၏ ခြေထောက်ကြွက်သားများ တင်နေခြင်းနှင့် ကြွက်တက်ခြင်း အဖြစ်ကို ကင်းဝေးစေပါသည် ။

ပင်ပန်းမှု့ များကို ပြေစေနိုင်သလို ကျန်းမာရေးအတွက်ပါ ပိုမိုကောင်းမွန်စေသည့် အသီးအရွက် ၊ ငါး ၊ သဘောင်္သီး ၊ ဌက်ပျောသီး ၊ မာလကာသီးများကို စားသုံးသင့်သလို ဗီတာမင် စီ ပေါကြွယ်ဝသော သစ်သီးဖျော်ရည် အမျိုးမျိုးသောက်သုံးခြင်း သို့ မဟုတ် အသီးများကို စားသုံးသင့်ပါသည်။

Mg Mandalay
https://www.facebook.com/mg.mandalay

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ