ကလေးငယ်တွေကို အတင်းအကျပ် စာလုပ်စေခြင်းဟာ သူတို့လေးတွေကို အဝေးမှုန် ရောဂါ ဖြစ်စေနိုင်




သင့်ရဲ့ ကလေးကို ကျောင်းအကောင်းစား တစ်ခု ကိုပို့ပြီး အိမ်စာတွေလုပ်တာသေချာစေခြင်းဟာ သူတို့ရဲ့ အမြင်အာရုံကိုထိခိုက်စေ နိုင်ပါတယ်။

ဒါဟာ သုတေသန တစ်ခုက ရှာဖွေတွေ့ရှိခဲ့တဲ့ တိကျသေချာတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး အပြင်းအထန်သင်ကြားလေ့လာခြင်းနဲ့ အန္တရာယ်ရှိတဲ့ မျက်စိ ရောဂါတွေကို ဖြစ်စေနိုင်တဲ့ ကလေးဘ၀ အမြင်အာရုံရောဂါ myopia ကြားက ခိုင်မာတဲ့ ပတ်သက်ဆက်နွယ်နေမှု အကြောင်းအရာ တစ်ခုပဲ ဖြစ်ပါတယ်။

Myopia ရောဂါဟာ အဝေးမှုန်ရောဂါ တစ်မျိုးပဲဖြစ်ပါတယ်။ အနီးအနားက အရာတွေကိုတော့ ကောင်းစွာမြင်နိုင်စွမ်းရှိပါတယ်။ အဝေးမှုန်ရောဂါဟာ ကလေးဘ၀ မှာ အဖြစ်များပြီး အဝေးမှုန်ဆိုတာဟာ မျက်ဆံ က တစ်ဖြည်းဖြည်း ရှည်လာပြီးတဲ့နောက် မျက်ဆံ အတွင်းမှာရှိတဲ့ lens ဟာ ပိုမို ကွေးညွတ်လာပါတယ်။ ဒါကြောင့် မျက်စိထဲကို ၀င်ရောက်လာတဲ့ အလင်းဟာ မှန်ကန်စွာ အာရုံစိုက်မှု မပြုနိုင်တော့တာပဲ ဖြစ်ပါတယ်။

ဆရာဝန် အချို့တော့ myopia ဟာ မျိုးရိုးဗီဇ နဲ့ များစွာသက်ဆိုင်နေတယ်လို့ ပြောလေ့ရှိကြပေမယ့်လည်း ထိုရောဂါဟာ ကလေးတွေမှာသာ သက်ရောက်မှု ပိုများပြီး ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေနဲ့လည်း သက်ဆိုင်နေတယ်လို့ အခုပြုလုပ်ခဲ့တဲ့ သုတေသန အရ သိရပါတယ်။

ဒီသုတေသန ကတော့ အိုင်ယာလန်မြောက်ပိုင်းမှာနေထိုင်ပြီး အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ရှိကြတဲ့ ကလေးငယ်ပေါင်း ၆၆၀ ယောက်ကို လေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ထို သုတေသနကို Investigative Ophthalmology & Visual Science ဆိုတဲ့ ဂျာနယ်မှာလည်း ပုံနှိပ်ဖော်ပြခဲ့ပါတယ်။ အဲဒီလို လေ့လာခဲ့ရာမှာတော့ ကလေးဘ၀မှာ အဝေးမှုန် ဖြစ်နေတတ်တဲ့ ကလေးငယ်တွေဟာ အတင်းအကြပ် စာလုပ်စေခြင်းကြောင့် စာအုပ်ကို အနီးအနားမှာ အာရုံစိုက်ခဲ့ရာကနေ အနီးအနားမှာရှိတာတွေကိုပဲ ကောင်းစွာ မြင်နိုင်ပြီး အဝေးမှုန်ဘ၀ ကို ရောက်ခဲ့တာ ဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

အဝေးမှုန် ရောဂါ ရဲ့ အကျိုးဆက်ဟာ မျက်မှန် တပ်လိုက်ရတာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အနီးအနားမှာ ရှိတဲ့ အရာတွေကို သာ မြင်နိုင်ခြင်းဟာ သန်းပေါင်းများစွာသော ကလေးငယ်တွေကို အရွယ်ရောက်လာတဲ့အခါမှာ အန္တရာယ်များတဲ့ မျက်စိရောဂါတွေကိုပါ ဖြစ်စေနိုင်တယ်ဆိုတာကို သိကြဖို့ အိုင်ယာလန်နိုင်ငံ ဒူဘလင် မြို့မှာရှိတဲ့ ကလေးဆေးရုံက သုတေသီတွေက သတိပေးလိုက်ပါတယ်။

( Mario )

#သစ်ထူးလွင်(ကျန်းမာရေး)
#health.thithtoolwin.com

Ref : Dailymail

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ