အမြင်အာရုံစူးစိုက်ခြင်းက အကြားအာရုံကို ယာယီချို့တဲ့စေ



မိုဘိုင်းဖုန်းကို အာရုံစိုက်နေတဲ့ သူငယ်ချင်းတစ်ယောက်က သင်ခေါ်တာ မကြားလို့၊ ပခုံးပုတ်ပြီး ခေါ်ရတဲ့အခါမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။

အကြားနဲ့ အမြင်ပိုင်းဆိုင်ရာ ဦးနှောက်အာရုံတွေဟာ လုပ်ဆောင်မှုပမာဏ အကန့်အသတ်တစ်ခုကို ဝေငှသုံးစွဲကြကြောင်း လန်ဒန်တက္ကသိုလ်မှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ လူတစ်ယောက်ဟာ အာရုံစိုက်လွန်းတဲ့အခါမှာ ဦးနှောက်က အကြားအာရုံကို ရွေးချယ်မလား၊ အမြင်အာရုံကို ရွေးချယ်မလားဆိုတာကို အတင်းရွေးချယ်ရတော့မှာပါ။

အနောက်မှာ အသံတွေ ဖွင့်ထားပြီး၊ လူ ၁၄ယောက်ကို ခက်ခဲတဲ့ အမြင်အာရုံစူးစိုက်မှုတွေ လုပ်ခိုင်းကာ အဲ့ဒီ့လူတွေရဲ့ ဦးနှောက်လုပ်ဆောင်မှုကို လေ့လာမှုပြုခဲ့တဲ့အကြောင်းကို Neuroscience ဂျာနယ်မှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။

"ကြားဖို့ဆိုတာ ကျွန်တော်တို့ရဲ့ နားတွေကို စွင့်ထားဖို့မလိုဘူး၊ အသံတွေကို ဦးနှောက်က တုံ့ပြန်ဖို့ပဲလိုတယ်။" လို့ လန်ဒန်တက္ကသိုလ်မှ စိတ္တဗေဒနှင့် ဦးနှောက်သိပ္ပံ ပါမောက္ခ Nilli Lavie ကပြောကြားခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(ကျန်းမာရေး)

#health.thithtoolwin.com

Ref: ABC

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Sponsors

အနုပညာရှင်နှင့် လူသိများသူများ

အားကစား သတင်များ

နည်းပညာ သတင်းများ

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

သတင်းစာနှင့် ဂျာနယ်များ